ဖွင့်ဟချက်
ဖွင့်ဟချက်
ကျွန်တော် ဖြေရှင်းချက်မထုတ်နိုင်လို့မဟုတ်ပါဘူး။ ပြသနာတစ်ခုဖြစ်လာရင် ခေါင်းအေးအေးထားပြီး စဉ်းစားတတ်တဲ့ အကျင့်တစ်ခုတော့ရှိလို့ပါ။အမှန်က ဘလော့ဆိုတာ ကိုယ်ရေးကိုတာတွေ ချရေးကြရတာမျိုးပါ။ ဒါပေမယ့် ကိုယ်ရည်ကိုယ်သွေး တာတွေ မပါရင်တော့ အကောင်းဆုံးပေါ့။ကျွန်တော့်ကို ကျွန်တော်လည်းပြည့်ဝတဲ့သူ တစ်ယောက်မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အကောင်းဖြစ်အောင်တော့ ကြိုးစားတယ်။ဒီတော့လည်း အတိုင်းအတာတစ်ခုတော့ ခရီးရောက်တာပေါ့။
ကျွန်တော်ဒီဘလော့ကို စရေးထဲက စိတ်စေတနာပြည့်ဝစွာနဲ့ ရေးသားခဲ့တာပါ။ အဲ့ဒါကြောင့်လည်း လွတ်လပ်စွာဝေဖန်ပိုင်ခွင့် ပေးထားပါတယ်။ ပထမဦးဆုံးပေါ့နော် ကျွန်တော်ပြောချင်တာက ကျွန်တော် စာရေးဆရာတစ်ယောက် မဟုတ်ဘူးဆိုတာရယ်။ နောက် နာမည်ကြီးအောင် ခြေဦးတည့်ရာလျှောက်ရေးနေတာ မဟုတ်ဘူးဆိုတာတော့ သိစေချင်လို့ပါ။ ဒါတွေဟာ နောက်ပိုင်းမှာ ပြဿနာတွေ ဖြစ်လာတော့မှာကို ကြိုးပြီတားဆီးထားတဲ့ သက်သက်ပါ။ ဘလော့တွေမှာ စာရေးသားမှုတွေနဲ့ ပတ်သက်ပြီး ပြသနာ ခဏခဏဖြစ်ကြတယ်။ ကျွန်တော့် ဘလော့မှာတော့ မဖြစ်ဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျွန်တော်က သူများနဲ့မတူဘူး။ သူများက ကျွန်တော့်ကို ဝေဖန်လေးလေး ကျွန်တော်ကျေနပ်လေလေဘဲ။ ဒါမှ ကျွန်တော့်အမှားကို ပြင်ပြီးတော့ အချိန်မှီပြင်ဆင်လို့ရမှာလေ။ ငါဘလော့ဆိုပြီ ငါသဘော မကောဘူးဆိုတာတော့သိစေချင်တယ်။ အဓိကတော့ ပရေးဗေဆီရှိဖို့ပါဘဲ။ ဘလော့တွေမှာလွတ်လပ်စွာရေးသားပိုင်ခွင့်ရှိသာမှန်ပါတယ်။ ဒါကိုလည်း အထိုက်အလျေက်တော့ ကျွန်တော်လက်ခံပါတယ်။
ဒါပေမယ့် လူတစ်ဦးတစ်ယောက်ကို ဦးတည်ပြီးတိုက်ခိုက်လာရင်တော့ မကောင်းဘူးပေါ့။ ယနေ့ခေတ်မှာ အားလုံးလိုလို ခေတ်ပညာတတ်တွေမို့ ထွက်ကျလာတဲ့ စကားတွေက ဘာကိုဆိုလိုတာလည်းဆိုတာ သိသာနိုင်ပါတယ်။ ကျွန်တော့်ရဲ့ရေးသားချက်တွေဟာ ဘက်ပေါင်းစုံကပြည်စုံနေပါတယ်လို့ ကျွန်တော်တစ်ခါမှ မပြောခဲ့ဘူး။ လိုအပ်ချက်တွေ ဖြစ်နေမယ်ဆိုတာသိတယ်လေ။ ဒီတော့ ဆောင်းပါးတိုင်းလိုလို အောက်မှာ မှတ်ချက်ပေးထားပါတယ်။ ဒါကိုကြည့်ရင် ကျွန်တော့်ရဲ့ ယူဆချက်၊ရည်ရွယ်ချက်ဘာလဲဆိုသာ သိသာနိုင်တာတယ်။ အသက်နိုင်ဆုံး ဆောင်းပါးရေးရင် ကျမ်းကိုးရေးတယ်ဗျာ။ အချက်အလက်ကို တိတိကျကျရေးတယ် ။ ကိုယ်တိုင်အပင်ပန်းခံရှာဖွေရေးတယ်ဗျာ။ ဒီတော့ဘာဘဲဖြစ်ဖြစ်ပေါ့ စာဖတ်တဲ့လူ ဗဟုသုတနည်းနည်းတိုးသွားရင် ကျွန်တော် အပင်ပန်းခံရကြိုးနပ်ပြီပေါ့။ နောက်ကျွန်တော့် ဘ၀မှာကြုံတွေ့နေရတာကိုချရေးတယ်။ အဖြစ်အပျက်တွေကို အမှန်အမှားခွဲခြားတတ်အောင်ပါ။ ပြောတာ ပြောနေရတယ်။ အားလုံးက ကျွန်တော်ထက် ပိုတောင်အတွေ့အကြုံရှိဦးမယ်နဲ့တူတယ်။ ဒါပေမယ့် ကျွန်တော့်ရေးသားချက်မှာ လူတစ်ဦးကို နစ်နားစေလိုတဲ့ စိတ်နဲ့ ရေးသာခြင်းမပါဘူးဆိုတာ ၀န်ခံရဲတယ်ဗျာ။ ကျွန်တော့်ရေးသားချက်မှာ ဘယ်သူပါဆိုတဲ့ နာမည်နာမနဲ့ ရေးသားထားသာမပါဘူး။
ကျွန်တော်သိခဲ့တဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြတဲ့သဘောပါ။ ကျွန်တော်တို့ မြန်မာတွေက ခေတ်နောက်ကျကျန်ခဲ့တယ်ဗျာ။ ဒီတော့ ခေတ်နောက်ကျနေတာကို အမှီလိုက်ဖို့ တိုက်တွန်းတယ်။ ကျွန်တော်ကိုယ်တိုင်းလည်း ခေတ်ကိုအမှီလိုက်နေတယ်။ ကျွန်တော်တစ်ယောက်ထဲ လိုက်နေလို့လည်းမပြီးသေးဘူးလေ။ ဒီတော့ ဖြစ်စေချင်တာလေးတွေ ချရေးမိတာပါ။ ကျွန်တော် နိုင်ငံတော်ကြီး အတွက်အနစ်နာခံနေရပါတယ်လို့ မဆိုလိုပါဘူး။ ကျွန်တော့်ထက်တိုင်းပြည်ကို ချစ်ပြီး ဘ၀တွေ ရင်နှီးမြှုပ်နှံထားတဲ့သူတွေ အများကြီပါ။ လေးလည်း လေးစားပါတယ်။ သူတို့လို ဖြစ်လည်းဖြစ်ချင်ခဲ့တယ်။ ဒီတော့ ဖြစ်အောင်လည်းလုပ်နေပါတယ်။ ကျွန်တော်ဆိုလိုတာကဗျာ ခင်များ ဒီလမ်းကိုသွားကို သွားရမယ်လို့ မဆိုလိုပါဘူး။ ဒီတော့ခင်များလည်း လူတစ်ယောက်ဘဲ လွတ်လပ်စွာ တွေးတောပိုင်ခွင့်ရှိတယ်။ သဘေားထားကွဲလွဲ ပိုင်ခွင့်လည်းရှိပါတယ်။ ဒီခရီးကို ခင်းများမကြိုက်လို့ မသွာရင်လည်းဖြစ်ပါတယ်။ ခင်းများ မသွားချင်ရင်တော့ မသွားနဲ့ပေါ့။ ခင်းများ မသွားရင် လမ်းတော့ ပိတ်မထားခဲ့နဲ့ဗျာ။ ကျွန်တော်တို့တွေ အရှိန်အဟုတ်ပြည့်ပြည့် ခရီးဆက်သွားရဦးမှာ။ ကျွန်တော်လည်း ခံယူချက်တူတဲ့ လူတွေနဲ့ဘဲ ခရီဆက်သွားချင်တယ်။ မြန်မာပြည်ကြီး မင်းတစ်ယောထဲပြုပြင်လို့ တိုးတတ်မလားပါဘူးဆိုတဲ့ ခင်များနဲ့လည် ကျွန်တော်ခရီအတူမသွားချင်ပါဘူး။ ဒါပေမယ့် ခင်များလိုက်ချင်တယ်ဆိုရင်တော့ တွဲခေါ်မယ်။ စိတ်ချပါ ကန်တော့မချထားခဲ့ဘူး ။ ဒီတော့ ကျွန်တော့်ဆိုဒ်ကို ကြည့်ပြီး တိုက်ဆိုက်တာတွေရှိရင် လာဆွေးနွေးလိုက်ပါ။ မကြိုက်တာတွေ့ရင်လည်း ဝေဖန်ခဲ့လိုက်ပါ။ သဘောထားချင်းမတိုက်ဆိုင်လို့ အကျိုးမမြတ်မရဘူးဆိုရင်လည်း လာမကြည့်နဲ့ပေါ့။ ကျွန်တော့် ဆိုဒ်မှာ လွတ်လပ်စွာ ဝေဖန်လို့ရပါတယ်။ လွတ်လပ်စွာနဲ့ သဘောထားလည်း ကွဲလွဲလို့ရတယ်။ ကျေးဇူးတင်ပါတယ်။

အက္ခရာ(နေပြည်တော်)