Dec 11, 2006

သင့်ဘ၀ကို အကောင်ဆုံးပြုပြင်ဖို့အကောင်းဆုံးအချိန်သည်ခုအချိန်ပင်ဖြစ်သည်။

သင့်ဘ၀ကို အကောင်ဆုံးပြုပြင်ဖို့အကောင်းဆုံးအချိန်သည်ခုအချိန်ပင်ဖြစ်သည်။
သင့်ဘ၀ကို အကောင်ဆုံးပြုပြင်ဖို့အကောင်းဆုံးအချိန်သည်ခုအချိန်ပင်ဖြစ်သည်။နေ့စဉ်အလုပ်၁။ ကိုယ့်အကြောင်းကိုမခြွင်မချန် လေ့လာပြီး ပျော့ကွက်၊အားကောင်းချပ်တွေ အားလုံးကိုကောင်းကောင်းသိအောင်းလုပ်ပါ။၂။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအား တိုးတတ်အောင် အားထုတ်ပါ။၃။ ကိုယ့် အမှားတွေ၊မအောင်မြင်မှုတွေ၊ အဆုံးအရှုံးတွေက သင်ခန်းစာယူပါ။၎။ မိတ်ဆွေကောင်းများ ရရှိအောင် ပြုမူဆက်ဆံ ပေါင်းသင်းပါ။၅။ ကြီးကျယ်မြင့်မားတဲ့ အကြံဥာဏ်များ၊ အတွေးအခေါ်များ ရှိပါစေ။နောက်မတွန့်ပါနဲ့၆။ ကိုယ့်ပင်ကိုယ်စွမ်းရည်ကို ယုံကြည်ပါ။၇။ ဖြစ်မြောက်မှာ၊အောင်မြင်မှကို တွေးတောပါ။ အပျက်ဘက်က မစဉ်းစားပါနဲ့။၈။ နေ့တိုင်းအစကောင်းဖို့သတိပြုပါ။

အလှပျောက်ဆုံခြင်းနှင့် မေတ္တာ အကြင်နာတို့ပြယ်လွင့်ခြင်း

အလှပျောက်ဆုံခြင်းနှင့် မေတ္တာ အကြင်နာတို့ပြယ်လွင့်ခြင်း


လောကမှာ လူတွေဟာ အပေါ်ယံအလှကိုသာ တဏှာရာဂနဲ့ မူးမူးယစ်ယစ် တရှိုက်မက်မက် စွဲလမ်းချစ်ခင်နေတတ်တဲ့ သဘေားရှိသည်။အလှတွေ ပျောက်ကွယ်သွားချိန်မှာ မေတ္တာအကြင်နာတို့စွန့်ခွာသွားတတ်သည်။
ပြင်သစ် မြင်းတပ်ဖွဲ့က ရုပ်ချော စစ်ဗိုလ် အေပီဗွန် နဲ့ ကုမ္ပဏီက စာရေးမလေး အီရာမာ တို့ ချစ်ကြိုက်ကြသည်။သူတို့အတွဲကို လူတိုင်းငေးကြည့်ကြရတယ်။
တစ်နေ့မှာ ပြင်သစ်နဲ့ ပရပ်ရှား စစ်ကြေညာတော့ စစ်ဗိုလ်လေး စစ်ထွက်သွားရ။ရွပ်ရွပ်ချွန်ချွန်တိုက်။ စစ်ပြီးလို့ ပြန်လာတဲ့အခါ အီရာမာ ကို စုံစမ်းမရ။နောက်မှစာရ။ ဆေးရုံတတ်နေကြောင်းသိ၊လိုက်သွား။ ဆမ်ဖလစ်စခန်းမှာဖြစ်နေလို့တွန့်သွား၊ အီရာမာက ပရပ်ရှားတွေ အနိုင်ကျင့်ခံရရာမှ ရောဂါရပြီး သူတို့ကိုလည်းရောဂါရစေခဲ့ကြောင်းပြောပြ။
အီရာမာမှာ ယခင်အလှတွေ လုံးဝပျောက်ကွယ်သွားပြီး ရောဂါရနေလို့ စစ်ဗိုလ်လေး အလွန်စိတ်ပျက်သွားတယ်။ဆေးရုံကိုတောင် သူမလာချင်တော့ဘူး။နောက် အကြောင်းကြားမှ ရောက်လာတယ်။
သူတို့နှစ်ဦးရဲ့ ခံစားချက်တွေ အသီးသီးပေါက်ကွဲကြာလာတယ်။ ဘယ်သူပို ချစ်သလဲ။ဘယ်သူပိုသစ္စာရှိသလဲ။
အလှတွေ ဝေဖြိုးနေချိန်မှာ အရေးကြုံရင် အသက်တောင်စွန့်ပြီးချစ်မယ်လို့ သစ္စာပြုခဲ့တာတွေ အလှ ဆင်းရဲခြင်းနဲ့အတူ ချုပ်ငြိမ်း ကွယ်ပျောက်သွားတယ်။ သိပ်ကို ချစ်မြတ်နိုးတဲ့ အဖြစ်ကနေ သိပ်ကို ရွံရှာသွားတဲ့ အဖြစ်ကိုရောက်သွားတယ်။
သူရဲကောင်းမလေးကို အလှမရှိတော့ မြတ်နိုင်းရကောင်းမှန်မသိတော့ဘူး။ချစ်ချင်းမေတ္တာကို ဘယ်အရာနဲ့တိုင်းတာကြမလဲ ရုပ်ရည်ရူပကာ၊ရာထူးဌာနန္တရတွေ၊ကျော်စောမှုတွေ နဲ့ အချစ်ကို ရွေးချယ်နေသမျှခုလို အဖြစ်အပျက်မျိုးတွေ ကြုံတွေ့နေရဦးမှာဖြစ်ပါသည်။ဒီဖြစ်ရပ်လေးက တကယ်ဖြစ်ရပ်လေးတစ်ခုပါဘဲ။ဒီတော့ ဒီဖြစ်ရပ်လေးကို သာဓကပြုပြီး မိမိရဲ့ရဲ့ အလှတရားတွေရှိနေချိန်မှာ မိတ်ဆွေကောင်းကို မသိနိုင်၊ မေတ္တာ အကြင်နာနဲ့ မြတ်နိုးနေခြင်းလားမသိနိုင်ပါဘူး။ ဒီတော့မိမိရွေချယ်မဲ့မိတ်ဆွေ ၊ချစ်သူကို အရွေချယ်မမှားဖို့လိုအပ်ပါသည်။ ဒီဖြစ်ရပ်လေးကို နှလုံးသွင်းပြီး ပြောင်းလဲတတ်တဲ့လူတို့ရဲ့ သဘောထားကိုနားလည်နိုင်ပါစေ။

ရွှေပြည်သစ်သို့

ရွှေပြည်သစ်သို့

ကျွန်တော်တို့တွေ နိုင်ငံခြားမှာ ပညာသင်ကြားခဲ့သည်မှာ ၃ နှစ်ပြည့်ခဲ့ပြီ။ ဒီတော့ ဘာဘဲဖြစ်ဖြစ်သူများနိုင်ငံမှာ ပညာသင်ကြားနေတော့ ဒီနိုင်ငံကလူတွေရဲ့ စိတ်ဝင်စားခြင်းကိုခံရသည်။အထူးသဖြင့်တော့ ကျွန်တော့်တို့ကို ပညာသင်ကြားပေးနေတဲ့ ဆရာများ၏စိတ်ဝင်းစားခြင်းနှင့် အလေးပေးဆက်ဆံခြင်းကိုခံရသည်။ဆရာများသည် မကြာခဏဆိုသလို ကျွန်တော်တို့ရဲ့ လိုအပ်ချက်များကို ခေါ်မေးလေ့ရှိသည်။ဆရာခေါ်မေးတဲ့ အချိန်တိုင်းမှာ ချက်ချင်းအဖြေမပေးနိုင်လို့ အခက်အခဲတော့ဖြစ်သည်။ တခါတလေ စိတ်အခန့် မသင့်မှုတောင်ဖြစ်တတ်သေးသည်။
မင်းတို့နိုင်ငံအတွက် ဒီပညာရပ်တွေလိုအပ်လို့လားလို့ ဆရာမေးရင် ကျွန်တော်အတော်လေး ဒေါသထွက်မိသည်။ ဆရာမရိပ်မိအောင်သာ မသိမသာဟန်ဆောင်နေရသည်။ စိတ်ထဲမှာတော့ သိပ်ဘ၀င်မကျလှ။ ဆရာမေးလိုက်တဲ့ မေးခွန်တွေမှာ အဓိပ္ပါယ်တွေအများကြီးပါသည်။ ဆရာ့စိတ်ထဲမှာတော့ ဘာကိုမှရည်ရွယ်၍ ပြောဆိုဟန်မပေါ်ချေ။ ဒါပေမယ့် ကျွန်တော်အတွက်ကတော့ တွေးစရာတွေဖြစ်လာသည်။
ဒီပညာရပ်တွေက သင်ကြားဖို့အတွက် ကန့်သတ်ချက်တွေရှိလို့လား။ ဘယ်နိုင်ငံကတော့ သင်ယူပိုင်ခွင့်ရှိသည်။ ဘယ်နိုင်ငံကတော့ သင်ခွင့်မရှိဘူး။ ဥရောပတိုက်သားတွေဘဲ သင်ယူလေ့လာခွင့်ရှိသည်။ အာရှတိုက်သားတွေ သင်ခွင့်မရှိဘူးဆိုတဲ့ ခွဲခြားချက်ရှိလို့လား။ ချမ်းသာတဲ့ နိုင်ငံဘဲသင်ယူခွင့်ရှိသည်။ ဆင်းရဲတဲ့နိုင်ငံကတော့ သင်ယူပိုင့်မရှိဘူး။ ဒီလိုကန့်သတ်ချက်တွေရှိလို့လား။ အဆိုးဆုံးကတော့ မင်းနိုင်ငံက ဒီလိုအဆင့်မြင့်ပညာတွေ သင်ယူတော့ရော ဘာများအသုံးချတတ်မှာမို့လဲဆိုတဲ့ အကြည့်မျိုးပင်ဖြစ်သည်။
ကျွန်တော်အရိုးသားဆုံး ၀န်ခံပါမည်။ ကျွန်ုပ်တို့နိုင်ငံ ဆင်းရဲပါသည်။ ခေတ်တွေအများကြီး နောက်ကျကျန်နေရစ်ခဲ့ပါသည်။ နည်းပညာဖွံ့ဖြိုးတိုးတတ်မှုတွေ အများကြီးလိုအပ်ခဲ့ပါသည်။ ဒါဟာ ရာစုနှစ်တစ်ခုရဲ့ အတိုင်းအတာ တစ်ခုလောက်ဘဲဖြစ်သည်။ ဒီလိုနောက်ကျခဲ့လို့လဲ သမိုင်းရဲ့လိုအပ်ချက်တွေကို သင်ခန်းစာယူခဲ့ကြသည်။ ပြုပြင်ခဲ့ကြသည်။ ခေတ်ကိုမှီအောင် လိုက်ခဲ့ကြသည်။ အခုဆို တော်တော်လေး ထူထူထောင်ထောင်ဖြစ်နေပါသည်။
ထို့ကြောင့်ပင် ကျွန်တော် ရဲရဲကြီးအာမခံရဲပါသည်။ ကျွန်တော့် နိုင်ငံက လူတွေမညံ့ကြဘူး။ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် မြန်မာတို့၏ ယဉ်ကျေးမှုတွေကိုကြည့်ပါလား။ မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါသည်။ နည်းပညာခေတ်ကိုအမှီလိုက်ခဲ့လို့ အခုခေတ် နောက်ကြမကျန်ခဲ့ကြတာပေါ့။ တိုးတတ်နေတဲ့ ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုတွေကို အညံ့မခံ အရှုံးမပေးခဲ့လို့ပေါ့။ ကျွန်တော်ကို ဒီမှာလာပြီတော့ ဒုက္ခခံ စာပေပညာတွေ နေ့မနား၊ ညမအား သင်ကြားနေတာကိုကြည့်ပါလား။ နေထိုင်မှုအခက်အခဲတွေ၊ ယဉ်ကျေးမှုအခက်အခဲတွေ၊ သင်ကြားမှုအခက်အခဲတွေ၊ လူမှုရေးအခက်မခဲတွေ မြောက်များစွာနဲ့ အနိုင်မခံအရှုံးမပေး ပညာဆက်လက် သင်ကြားနေတာကိုဘဲကြည့်ပါလား။ မိဘ ဆွေမျိုးမောင်နှမ နောက်ဆုံး အမိနိုင်ငံရဲ့ အေးမြတဲ့ အရိပ်အောက်ကနေ တိုင်းတပါးရင်ခွင်ထဲ မနေချင်ဘဲနေရသည်။ သို့သော် ကျွန်ုပ်တို့၏ စွန့်လွတ်၊အနစ်နာခံမှုသည် အချိန်အတိုင်းအတာ တစ်ခု၌ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတတ်မှုကို အထောက်အကူပြုနိုင်တော့မည်။ ဒါဆိုရင်တော့ ခုဏကဆရာမေးလိုက်တဲ့ မေးခွန်အတွက် အဖြေကရှင်းနေပြီပေါ့။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကလည်း ကမ္ဘာပေါ်မှာရှိသည့် တခြားလူမျိုးတွေလို အသိဥာဏ်ရှိကြလို့ပေါ့။
မြန်မာလူမျိုးများ၏ စိတ်ဓာတ်သည် ခပ်ညံ့ညံ့မဟုတ်ချေ။ ကိုယ်ပိုင် စဉ်းစားဥာဏ်ရှိကြပါသည်။ အရည်အချင်းတွေရှိကြပါသည်။ ဒီလိုဆိုရင် ဘာလို့ကျွန်တော်တို့တွေ ဒီပညာရပ်ကို မသင်ကြားနိုင်ရမှာလဲ။ သင်ကြားနိုင်တာပေါ့။ ဒီပညာရပ်တွေက ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတတ်မှု အတွက်အများကြီးလိုအပ်တာပေါ့။ ဒီပညာရပ်တွေရှိလာရင် ကျွန်တော်တို့ နိုင်ငံဒီထပ်တိုးတတ်ပြီပေါ့။ ကမ္ဘာနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ပြီပေါ့။ ကမ္ဘာမှာ မြန်မာဆိုတာဒီလိုဟေ့လို့ ရင်ဖွင့်ပြီးလမ်းလျှောက်နိုင်ပြီပေါ့။
ကျွန်တော့်မှာ ခဏကဆရာမေးလိုက်သော မေးခွန်အတွက်ဖြေစရာ အဖြေရှိနေသည်။ ဒီအချိန် ဆရာမေးရင် ကျွန်တော့်ရင်ကိုကော့ ခေါင်းကိုမော့ပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံသားတွေလုပ်နိုင်သည် ဟုဖြေကြားနိုင်မည်။မြန်မာတွေမညံ့ကြပါဘူး။ ဒါပေမယ့်နည်းနည်းတော့ပျင်းကြသည်။ပျင်းရာကနေ ဖျင်းမသွားရန် အလွန်အရေးကြီးသည်။ မြန်မာပြည်ကြီး ထီးကျိုးစည်ပေါက် ဖြစ်ခဲ့သည့် သမိုင်စာမျက်နှာကို ကြည့်ကသိရှိနိုင်သည်။ မြန်မာနိုင်ငံသူကျွန်ဘ၀ရောက်ခဲ့သည့် အကြောင်းပြချက်များစွာကို ကျွန်တော်ကြားခဲ့ဖူးပါသည်။ တချို့က မြန်မာတွေစည်းကမ်းဖောက်လို့ ထီးနန်းပျောက်သည်။ တချို့က ကင်ဝန်မင်းကြီး သစ္စာဖောက်လို့ဖြစ်သည်။ တချို့က မြန်မာနိုင်ငံရဲ့ ဘုရင် သီပေါမင်း ခပ်ညံ့ညံ့အုပ်ချုပ်ရေးကြောင့်ဖြစ်သည်။ တချို့က စုဖုရားလတ်ပြည်တွင်းရေးကို ၀င်ပါလို့ဖြစ်သည်။ မြန်မာပြည်ကြီး ပျက်ကဒ်ဆိုက်လို့ဖြစ်သည်။ စသည်ဖြင့်အမျိုးမျိုး ပြောကြသည်။ သူတို့ပြောဆိုခဲ့သည့် ယူဆချက်များကိုတော့ ကျွန်တော် မငြင်းဆိုပါ။ သို့သော် ကျွန်တော့်ထင်မြင်ယူဆချက်ကိုတော့ တင်ပြခြင်းသည်။
ထိုအချိန်က မြန်မာနိုင်ငံတွင် အနောက်နိုင်ငံတွင် အသုံးပြုနေသော ခေတ်မှီလက်နက်များ ပိုင်ဆိုင်မှုနည်းခဲ့သည်။ ဆိုလိုသည်မှာ ခေတ်မှီလက်နက် ပိုင်ဆိုင်မှုအားနည်းခဲ့သည်။ အင်္ဂလိပ် ကုလားဖြူစစ်တပ်များ တရစပ်ပစ်ခတ်နိုင်သော စက်သေနတ်များ ပစ်ခတ်နေချိန်တွင် မြန်မာတွေ ဓားသွေး၍ တိုင်ပွဲဝင်ခဲ့ကြရသည်။ နည်းပညာရပ်ပိုင်းဆိုင်ရာ အားနည်းခဲ့ကြသည်။ နည်းဗျူဟာမြောက်စုဖွဲ့မှုတွေ အားနည်းခဲ့ကြသည်။ အထက်အောက် အဆင့်ဆင့် သတင်းပို့မှုစနစ် အားနည်းခဲ့သည်။ အင်္ဂလိပ်စစ်တပ်တို့၏ စစ်မဟာဗျူဟာ၊စစ်နည်းပရိယာယ် တို့ဖြင့် လှည့်ကွက်ဆင် လုပ်ဇာတ်ဖမ်းတီးမှုကိုခံခဲ့ရသည်။ ယုံကြည်မှုတွေပိုခဲ့ကြသည်။ ထိုအချိန်က နည်းပညာနောက်ကျခဲ့ခြင်းသည် မြန်မာပြည်၏ အချုပ်အခြာအား တိုင်းတပါး ကုလာဖြူတို့ ထိပါးစော်ကားဖို့ အခွင့်ကောင်းတစ်ခုလို ဖြစ်ခဲ့ရသည်။တနည်းဆိုရသော် မြန်မာတွေထီးနန်ပျောက် သူ့ကျွန်ဘ၀အနှစ် ၁၀၀ နီးပါရောက်ခဲ့တာဟာ ၀ီရိယအားနည်းချက်ကြောင့်ပင်ဖြစ်သည်။ မြန်မာတွေ ခေတ်နည်းပညာရပ်များကို သင်ကြားမှု ၀ီရိယနည်းခဲ့သည်။ ထိုခေတ်က နိုင်ငံခြားပညာတော်သင်များ ရှားပါးခဲ့သည်။ ခေတ်ရဲ့ တိုးတတ်ပြောင်းလဲမှုကို လှစ်လျှူရှု့ထားခဲ့မိသည်။ ထို့ကြောင့်ပင် မြန်မာတို့သည် ၀လုံးခေါင်းထဲ လသာ သည်ဟုထင်ခဲ့ကြသည်။ထို့ကြောင့် သူ့ကျွန်ဘ၀တို့ရောက်ခဲ့ရသည်။ တိုးတတ်ပြောင်းလဲနေသော စက်မှုခေတ်၏ ဒဏ်ခတ်မှုကိုခံလိုက်ရသည်။ သို့သော် ဒီခေတ်ရဲ့ ဒဏ်ခတ်မှုကို သိရှိပြီတဲ့နောက် အတတ်ပညာနဲ့ အသိပညာများကို ကမ္ဘာအနှံ့သွားရောက်ရှာဖွေခဲ့ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ခဲ့သည့် စစ်ပညာကို ဂျပန်နိုင်ငံတွင်သွားရောက်သင်ယူခဲ့ခြင်းကို ကြည့်ကသိနိုင်ပါသည်။ ဤကဲ့သို့ အသိပညာတွေ<ကယ်ဝမှုကြောင့်ပင် မြန်မာတို့၏ အနှစ်၁၀၀ နီးပါးပျောက်ဆုံးခဲ့ရသည့် လွတ်လပ်ရေးကို ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့တွင် အရယူနိုင်ခဲ့သည်။ ကမ္ဘာမှာမြန်မာဟေ့လို့ မော်ကွန်တင်နိုင်ခဲ့သည်။ ထိုကဲ့သို့ အစဉ်အလာကောင်းတွေနဲ့ လူဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ဟာ အမိနိုင်ငံတော်အတွက် မိမိတတ်အားသရွေ့ နိုင်ငံကောင်းရာကောင်းကျိုးကို တည်ဆောက်ရမည်။ မြန်မာလူမျိုးပီပီ စွမ်းရည်ပြည့်ဝမှုရှိအောင် တည်ဆောက်ရမည်။ သို့မှသာလျှင် နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံဟု ရပ်တည်နိုင်မည်ဖြစ်သည်။ ခေတ်ပညာတတ်လူငယ်များ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်များအနေဖြင့် အသိပညာ အတတ်ပညာများကို ကြိုးစားသင်ယူသင့်ပါသည်။ မိမိဘ၀ကို အလေလိုက် အချိန်ကုန်ခံနေမည့်အစား အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်အောင်ကြိုးစားရမည်။ သို့မှသာ နောင်အနာဂတ် ကျွန်ုပ်တို့တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတတ်ပြီး အရှိန်အ၀ါကြီးမားသော နိုင်ငံဖြစ်လာမည်ဖြစ်သည်။ သို့မှသာ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် အားကိုးအားထားပြုရသော နိုင်ငံသားကောင်း ရတနာများဖြစ်လာမည်ဖြစ်သည်။

(မှတ်ချက်။ ။ခေတ်သည် အချိန်နှင့်အမျှပြောင်းလဲနေ၏။ ထိုခေတ်ကို မမှီလို့ မလိုက်ရင် ကျန်ခဲ့ယုံသာရှိမည်။ သနားလို့ သင့်အားခေါ်ဆောင်သွားမည်မဟုတ်ချေ။ ခေတ်ကို မှီအောင်လိုက်မှသာ မှီမည်ဖြစ်သည်။ထို့ကြောင့် ရသမျှအချိန်လေးတွင် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ ရှာမှီး၍ ကိုယ့်မိသားစု၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ တိုးတတ်ရာတိုးတတ်ကြောင်း လုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။)

အက္ခရာ(နေပြည်တော်)

အယောင်ဆောင် အချစ်နှင့် အချစ်စစ်ဘယ်လိုခွဲခြားမလဲ

အယောင်ဆောင် အချစ်နှင့် အချစ်စစ်ဘယ်လိုခွဲခြားမလဲ


ကျွန်တော်တို့ နေထိုင်ရာကမ္ဘာတွင် ဟန်ဆောင်မှု များပြားလွန်းလှသည်။ မင်းသားခေါင်းဆောင်းထားသော ဘီးလူးများ များပြားလှသည်။အမှားသည်ပင် အမှန်ပုံစံဖြင့် သက်ဝင်လှုပ်ရှားနေကြသည်။ ၄င်းတို့အားသေချာ ခွဲခြားမှုမပြုနိုင်လျှင် မိမိဘ၀တလျှောက်လုံး နောင်တများစွာပိုင်ဆိုင်နေမည်။သာမန်လှုပ်ရှားသွားလာမှုတွင် ဟန်ဆောင်မှုသည် အရေးမပါလှသော်လည်း ဘ၀နှင့်ရင်နှီးလုပ်ကိုင်ရသောအခါ လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို များစွာဒုက္ခရောက်စေနိုင်ပါသည်။ လူသည် စိတ်ကွယ်ရာတွင် မိမိတို့၏ အတွင်းစိတ်တွင်ရှိသော အလုပ်ကိုလုပ်တတ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ကြောင့်လူတစ်ယောက် အရှေ့တွင်မည်မျှဟန်ဆာင် ကောင်းစေကာမူ စိတ်ကွယ်ရာတွင် မိမိ၏ အတွင်းစိတ်အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြသည်က များပြားပေသည်။ ဒီလိုဟန်ဆောင်မှုတွေကတော့ နေရာတိုင်းမှာ ရှိနေသာပါ။ ဒါပေမယ့် လူငယ်တွေအများစု ကြုံတွေ့နေရတဲ့ နှလုံးသားရေးရာ ကိစ္စတစိတ်သဒေသကို ဖော်ပြချင်သည်။
ယောကျာ်းလေးဘဲ ဖြစ်ဖြစ်မိန်းကလေးဘဲဖြစ်ဖြစ် ချစ်သူရှိလာလျှင် ချစ်သူကြိုက်အောင် ဟန်ဆောင်တတ်ကြသည်။ ကားမောင်းသမားက ကားပိုင်ရှင်ဟန်ဆောင်သည်။ အိမ်ဖော်က သူဌေးတူမဟန် ဆောင်သည်။ ပျက်ဆီးနေသော မိန်းကလေးက အပျိုစင်လေးကဲ့သို့ ဟန်ဆောင်သည်။ ပကတိအနေအထားတိုင်းဆိုလျှင် ချစ်သူမချစ်မည်စိုး၍ဖြစ်သည်။ အသိဥာဏ်မရှိတဲ့ လူမိုက်က စာပေးဗဟုသုတပြည့်စုံတဲ့ ပညာရှိယောင် ဆောင်သည်။ ရက်စက်ကြမ်းကြုတ်တတ်တဲ့လူက လူလိမ္မာပုံဟန်ဆောင်သည်။ ပကတိအခြေအနေကို မပြဘဲ၊ ဟန်ဆောင်သည့် အငှားအသွင်ကိုပြ၍ အချစ်ကိုရယူတတ်ကြသည်။ နောင် အခြေအနေတွေလွန်ကုန်မှ သူစရိုက်ကိုယ့်စရိုက်ကို တွေ့ပြီးစိတ်ဒုက္ခရောက်တဲ့ သူများလည်းများသည်။ ချစ်သူမိမိအား ချစ်ကြိုက်လာမည်ဆိုပါက မည်သို့ဟန်ဆောင်ရ ဟန်ဆောင်ရ ဟန်ဆောင်ကြသည်။ ရုပ်ဝတ္ထု ဟန်ဆောင်ခြင်းမှာ အပြစ်မကြီးလှသော်လည်း စိတ်ထားကိုဟန်ဆောင်ခြင်းမှာ အင်မတန် အရုပ်ဆိုးလှပေသည်။ အဆိုးဆုံးမှာ တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်၍ အပျော် ရည်းစားထားခြင်းပင်ဖြစ်သည်။ အချစ်လောကတွင် ဟန်ဆောင်မှုမကင်းသည်မှာ သဘာဝကျပါသည်။ သို့သော် တစ်ဖက်သား နစ်နာလောက်အောင် လိမ်လည် ဟန်ဆောင်ခြင်းမျိုးကိုတော့ ဆင်ခြင်သင့်ပါသည်။ တိတိကျကျပြောဆိုရမည်ဆိုလျှင် ၀ဋ်ဆိုတာလည်တတ်သည် ။
ထို့ကြောင့် မိမိတကယ်မချစ်ဘဲ ဟန်ဆောင်ချစ်ခြင်းသည် သံသရာတွင် ပြန်ခံစားရမည်သာ ဖြစ်သည်။ ဤသို့မဖြစ်အောင်လည်း ကာယကံရှင်များအနေဖြင့် သေချာစိစစ်ပြီး ရွေးချယ်သင့်ပါသည်။ အထူးသဖြင့် မိန်းကလေးများ၏ အရှက်သည် အသက်ဖြစ်သည်။ ထို့ကြောင့်မိမိ၏ ချစ်သူသည် မိမိအား တကယ့်ချစ်မေတ္တာဖြင့် ချစ်နိုင်မှသာလျှင် ဘ၀အတွက်စိတ်ချရမည်ဖြစ်သည်။ သို့မဟုတ်ပါက မေတ္တာအတုဖြင့် ကြုံတွေ့ရပြီး ဘယ်အချိန်ငါ့ကို ပြစ်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်ကိုသာ ပိုင်ဆိုင်ထားရမည်ဖြစ်သည်။ ဒီတော့ ကျွန်တော့်ကိုယ်တွေ့ မဟုတ်သော်လည်း ကျွန်တော့်ပတ်ဝန်းကျင်တွင် တွေ့နေရသော အဖြစ်အပျက်များကို ဥပမာယူနိုင်ရန် ဖော်ပြလိုက်ပါသည်။
လွန်ခဲ့သော် (၂) နှစ်ခန့်မှစ၍ ယနေ့ထိကျွန်တော်ကြုံခဲ့ဖူးသော အဖြစ်အပျက်များကို ဖောက်သည် ချပြရမလို ဖြစ်နေသည်။ ကျွန်တော် ဘွဲ့လွန်သင်တန်း စတတ်တုံးက ကွန်ပျူတာလေးတစ်လုံးကို ၀ယ်ယူသုံးစွဲခဲ့ရပါသည်။ ကွန်ပျူတာဆိုတော့လည်း အင်တာနက်လေး ချိတ်ထားမှ မဟုတ်လား။ နို့မဟုတ်ရင် ကွန်ပျူတာက ကက်ဆက်နားထောင်ဖို့နဲ့ ဗွီစီဒီကြည့်ဖို့သက်သက်လိုပါဘဲ ဖြစ်နေတာလေ။ ကွန်ပျူတာရှိတော့ ဘာဘဲဖြစ်ဖြစ် အဆင်ပြေတယ်မဟုတ်လား။စာလုပ်ချင်ရင် လုပ်ပေါ့။ အပျင်းပြေဂိမ်း ကစားချင်ရင်လည်း ကစားပေါ့။ နောက်ဆုံး တစ်နေရာကနေ တစ်နေရာ ဆက်သွယ်ရာမှာ ဖုန်းအစား ချက် (ခ့အေ) ကိုအသုံးပြုးပြီးအဆက် အသွယ်လုပ်လို့လဲရသေတယ်လေ။ ဒီတော့ ပေါင်းအသင်းလည်း စုံသာပေါ့။သူငယ်ချင်းတွေက ချက် (ခ့အေ)ထဲက တွေလိုပါဘဲ တော်တော်များတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ယောကျာင်္းလေးတွေရှိကြသလို မိန်ကလေးတွေလဲ ရှိကြပါသည်။ ဒီလိုပါဘဲ မြန်မာနိုင်ငံက သူငယ်ချင်းတွေရှိကြသလို အမေရိကာ၊ အင်္ဂလန်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ အော်စတြေးလျ စတဲ့နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေနဲ့လည်း ပြောဖြစ်တယ်လေ။ နောင်ဆုံး ဆော်ဒီအာရေဗျမှာတောင် သူငယ်ချင်းရှိသေးတယ်။ မည်သို့ပင်ဖြစ်စေကာမူ အပြင်မှာ မမြင်ဘူးပေမဲ့ အင်တာနက်ပေါ်တွင် တော်တော်ကို ရင်နှီးခဲ့ကြသည်။ တချို့ဆို ကိုယ့်ညီအကို၊ မောင်နှမလိုဘဲ တော်တော်ကို ရင်နှီးကြတယ်လေ။ ဒီတော့သူတို့ ကြုံတွေ့နေတဲ့ ဘ၀အခက်အခဲတွေကိုလည်း ကျွန်တော်ကိုတိုင်ပင်ကြသလို ဘာဆက်လုပ်သင့်သလဲ ဆိုတာကိုလည်း မေးလေ့ရှိပါသည်။ ဒီတော့ ကျွန်တော့်ဖြတ်သန်းလာခဲ့ရတဲ့ဘ၀က ရလာတဲ့ အတွေ့အကြုံလေးတွေကို ကိုးကားပြီး ဘာလုပ်ရင်တော့ အဆင်ပြေလိမ့်မယ်ဆိုပြီး အကြံဥာဏ်ပေးဖြစ်ပါသည်။ ဒီတော့ သူတို့ ပြဿနာတွေထဲက အများဆုံး အဖြစ်များတဲ့ နှလုံးသားရေးရာလေးဘဲ ထုတ်နုတ်တင်ပြလိုက်ရပါသည်။
အပျော်တမ်း ရီးစားထားတယ်ဆိုတာကြာဖူးသလား။‘‘ရီးစားတစ်ထောင်၊လင်ကောင်းတစ်ယောက် ‘‘ ဆိုတဲ့စကားပုံကိုပင် မိန်းကလေးများက တစ်မျိုးတွေးကြသည်။ ရီးစား အယောက်တစ်ထောင်ထား၊ပြီးရင်လင်းကောင်းတစ်ယောက်ရမယ် ဆိုတဲ့လွဲမှားတဲ့ အတွေးတွေ ရှိနေကြသည်။ အမှန်မှာ ရီးစားအယောက် တစ်ထောင်ထားဦးတော့ လင်ကောင်းတစ်ယောက်ရဖို့ မလွယ်ဘူးဆိုတာကို သိသင့်ပါသည်။ တကယ်တမ်း စဉ်းစားကြည့်ရင်တော့ အပျော်ရီးစားထားတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ မိန်းကလေးတွေ အတွက်ဆိုပိုလို့တောင် မဖြစ်သင့်တဲ့ကိစ္စပါ။ ဘာဘဲဖြစ်ဖြစ် မိန်းမဆိုတာ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှ တော်ရာကြမယ်မဟုတ်လား။ အခုတော့ အွန်လိုင်း (သညူငညန)မှာ အပျင်းပြေ ရီးစားထားနေတဲ့ မိန်းကလေး တော်တော်များများကို တွေ့နေရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ရှေးရှေးတုန်းက မြန်မာအမျိုးသမီးဆိုတာ လမ်းလျှောက်ရင်တောင် ဆင်မယဉ်သာ လျှောက်ကြတာလေ။ မိန်းမတို့ ဘုန်းဆံထုံဆိုတာလဲ ဒီလိုပါဘဲ။ ဒါပေမယ့် ခေတ်ကာလတွေ ပြောင်းလဲသွားတာကြောင့် ဆင်မယဉ်သာ လမ်းမလျှောက်နိုင်တော့ဘူး။ ဆံထုံကို ရှည်ရှည်မထားနိုင်တော့ဘူး။ ဒါတွေကို နားလည်ပေးလို့ ရပေမယ့် အပျော်တမ်း ရီးစားထားတယ်ဆိုတာတော့ ဘယ်လိုမှကို နာလည်းပေးလို့ မရဘူးလေ။ မိန်းမ ဣနြေ္ဒလေးကိုတော့ ထိန်းသိမ်းသင့်ပါသည်။ရီးစားအပျော်တမ်းထားတဲ့ မိန်းကလေးတွေနဲ့ ကျွန်တော်စကားပြောဖူးပါတယ်။ ကျွန်တော် အဲ့ဒီမိန်းကလေးကို ဘာလို့ ရီးစားတွေ အများကြီးထားတာလည်းဆိုပြီး မေးတော့‘‘နားငြီးလို့တဲ့။ ‘‘ ‘‘ချစ်တယ်ချစ်တယ်ဘဲ လာလာပြောနေတော့ နားငြီးလာတာနဲ့ ချစ်တယ်လို့ပြန်ဖြေလိုက်တယ်တဲ့။‘‘ကျွန်တော့်က ချစ်သူထားတယ်ဆိုတာ အားလုံးကို ချိန်ကိုက်ရတယ်ဆိုတဲ့ အကြောင်းရယ်။ ပြီတော့ နောက်မှ အဆင်မပြေဖြစ်ရင် ဘာဘဲဖြစ်ဖြစ် နာမည် ပျက်မည်လို့ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူပြောပုံလေးက ရှင်းရှင်းလေးပါ။‘‘ကောင်းလေးက ခက်မိုက်မိုက်လေး မဆိုးပါဘူးတဲ့။ ပျက်သွားတော့လည်း ဘာဖြစ်လဲ အပျင်းပြေထားသာဘဲတဲ့။‘‘ကဲစဉ်းစားကြည့်ပါဦး မြန်မာအမျိုးသမီးလေး ချစ်သူရွေးချယ်ပုံက ဒေါင့်စေ့တယ်နော်။ ကိုယ့်ဘ၀ နဲ့ ကိုယ့်သိက္ခာကို သူတို့မလို့ တန်ဖိုးမထားတတ်တယ်။ ဘ၀မှာ အမဲစက်ကြီး ကျန်ခဲ့မယ်ဆိုတာ သူတို့တကယ်မသိလို့လား။ ဒါမှမဟုတ် သိသိကြီးနဲ့ဘဲ ဆက်မိုက်နေတာလား စဉ်းတော့စဉ်းစား စရာတွေကြီးပါဘဲ။ နောင်တချိန် သူတကယ် နှစ်သက်တဲ့ ယောကျာင်္းလေးနဲ့တွေ့ရင် အဲ့ဒီလူက ဒီမိန်းကလေး ရီးစားဒီလောက် အများကြီးထားခဲ့တယ်ဆိုတာ ခွင့်လွတ်နိုင်မလား။ ကျွန်တော် တော်တော်လေးစဉ်းစားမိသည်။
တချို့လည်း ရှိပါသေးသည်။ အပြင်တွင် လက်ရှိချစ်သူ ရှိနေပါလျှက်နှင့် သစ္စာမဲ့စွာ ချစ်သူ ထားတတ်ကြခြင်းဖြစ်သည်။ တချို့ဆိုလျှင် အပြင်ကချစ်သူကိုပင် အကြောင်း အမျိုးမျိုးပြ၍ စွန့်ခွာကြသည်။ တချို့ဆိုလျှင် အပြင်တွင်မိဘများ သဘောတူထားပြီဖြစ်သည်။ ဘာကြောင့် အဲ့လိုလုပ်တာလဲ မေးတော့ အခုသူချစ်သူက အရင်ချစ်သူထက် အစစအရာရာသာတယ်တဲ့။ ကဲစဉ်းစားကြည့်ပါဦး။ တော်တော် ကြောက်စရာ ကောင်းပေသည်။ တစ်ခါတစ်လေ စဉ်းစားမိသည် သစ္စာတရားဆိုတာ အစစ အရာပြည့်စုံတဲ့လူတွေ အတွက်ဘဲလာလို့ပေါ့နော်။ ဘာလို့လဲဆိုတော့ ယောင်္ကျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ကိုယ်ရဲ့ချစ်သူအဖြစ် ရွေးချယ်ကြတော့မယ်ဆိုရင် လူမှာရှိတဲ့ အရည်အချင်းတွေကို မကြည့်တတ်ကြတော့ဘူး။ ရုပ်ရည်လှပရဲ့လား။ မိဘတွေကကော ချမ်းသာရဲ့လား။ စသည့် အရေးမပါတဲ့ ရုပ်ဝတ္တု ဥစ္စာတွေကို ကြည့်ပြီး ရွေးချယ်မှုတွေလုပ်ကြတယ်။ နောက်ဆုံးတော့ စိတ်မချမ်းသာစရာတွေဘဲ ကြုံတွေ့ရတာဘဲလေ။
နောက် ဖြစ်စဉ်လေးတစ်ခု ရှိပါသေးတယ်။ မိန်းကလေးက စင်္ကာပုကပါ။ သူ့ဘယ်လို လုပ်သင့်သလဲလို့ ကျွန်တော့်ကို မေးဘူးပါသေးတယ်။ ဖြစ်ပုံကဒီလိုပါ။ ကောင်းလေးနဲ့ ကောင်းမလေး အင်တာနက်ချက်ထဲမှာတွေ့ကြတယ်။ ကောင်းလေးရဲ့ ဓါတ်ပုံကိုတော့ ကောင်းမလေးကာ မြင်ဖူးတယ်။ ကောင်းမလေးရဲ့ ဓါတ်ပုံကိုတော့ ကောင်းလေးကမမြင်ဖူးဘူး။ ဒီတော့ အချိန်တွေကြာလာတော့ သံယောဇဉ်တွေဖြစ်လာတယ်။ ကောင်လေးက ကောင်းမလေး ဖြူသမားမဲသလားဆိုတာ မသိဘဲနဲ့ ချစ်ရေးဆိုတယ်။ တကယ်ချစ်ခဲ့တာပေါ့။ ဘာကြီးဖြစ်ဖြစ် ချစ်မယ်ဆိုပြီ။ နောက်တော့ ကောင်မလေးကလည်း သူ့ကိုတကယ်ချစ်သာဘဲနေမှာပါဆိုပြီး လက်ခံခဲ့တယ်။ နောင်ဆုံး ကောင်းမလေးရဲ့ ဓါတ်ပုံလည်းမြင်ရော ကောင်းလေးက ကောင်းမလေးကို အဆက်အသွယ်မလုပ်တော့ဘူး။ ကျွန်တော်လည်း အသက်နိုင်ဆုံးကူညီပြီး ကောင်လေးဆီဖုန်းဆက်ပေးပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှကိုကြိုးစားပေးလို့ မရခဲ့ဘူး။ စဉ်းစားကြည့်ပါဦးနော်။ လူတွေဘယ်လောက် အပေါ်ယံတွေကို မက်မောလဲဆိုတာ။ ကောင်းမလေးရဲ့ အတွင်းစိတ်ထား ကောင်းသာလေးတွေကို သူမကြည့်ဘဲ။ ဘ၀ပေးကုသိုလ်ကံနည်းခဲ့တဲ့ အပေါ်မှာ ဒီကောင်လေး ဒီလိုအနိုင်ယူသွားတာတော့ ကျွန်တော် တော်တော်လေး စိတ်နာမိတယ်။ အစထဲက မချစ်နိုင်ဘူးဆိုရင်ဘာလို့ ချစ်တယ်လို့ ပြောခဲ့ရတာလဲ။ နောက် မိန်းကလေးက ရိုးသားစွာနဲ့ သူအခြေအနေမှန်ကို ဖော်ပြတော့မှ အဆက်အသွယ်မလုပ်ဘဲ ဘာလို့နေရတာလဲ။ စဉ်းစားကြည့်ပါ ကိုယ်ချင်းစာကြည့်ပါ။ ဒါမျိုးတွေက မလုပ်သင့်တဲ့ ကိစ္စတွေပါ။ ဒီတော့ မိမိကိုယ်ကို တန်ဖိုးထားတတ်သလို သူများကိုလည်း တန်ဖိုးထားတတ်ဖို့လိုသည်။
ဒီလို အပေါ်ယံတွေကို နှစ်သက်ပြီး ချစ်သူအဖြစ်ရွေးချယ်နေကြတဲ့ထဲမှာ တစ်ဦးကတော့ ထူးထူးခြားခြား စိတ်ထားကိုကြည့်ပြီး မှန်ကန်သောရွေးချယ်မှုကိုလုပ်ခဲ့သည်။ အဲ့ဒီလူကတော့ တခြားသူမဟုတ်ပါဘူး။ ကျွန်တော့်ကို အကိုအရင်း တစ်ယောက်လိုခင်တဲ့ အင်တာနက်ထဲက ညီမလေးပါ။ ကျွန်တော်သူပြောသော စကားလုံးတွေကို ကြားယောင်မိတိုင်း ကျက်သီးထမိသည်။ ပြီတော့ လေးစားမိသည်။ အထင်ကြီးမိသည်။ ဘာကြောင့်လည်းဆိုတော့ သူရဲ့ ဖြူစင်ရိုးဖြောင့်တဲ့ စိတ်ထားကြောင့်ဖြစ်သည်။ သူက သူနဲ့သူ့ချစ်သူ အကြောင်းကို ခဏခဏပြောပြတတ်တယ်။ သူက အမေရိကမှာနေသည်။ သူ့ ချစ်သူ ကောင်လေးက အင်္ဂလန်မှာ ဆန်းတော့ ဆန်းသည်။ သမုဒ္ဒရာတွေ ခြားနေတာ ချစ်သူဖြစ်ရတယ်လို့ ဆိုရင် ယုံတောင် မယုံကြည်စရာပါဘဲ။ ဒါပေမယ့် အခုကျွန်တော်ပြောခဲ့တာတွေက တကယ်ဖြစ်ရပ်တွေပါ။ သူမြန်မာနိုင်ငံမှာရှိစဉ်ထဲက သူချစ်သူနှင့် သူသိခဲ့သည်။ နောက်သူ အမေရိကရောက်တော့ သူ့ ချစ်သူက သူ့ကိုချစ်ခွင့်တောင်သည်။ နောက်ဆုံး သူ့ကိုတကယ်ချစ်ခဲ့တာသေချာမှ အဖြေပေးခဲ့သည်ဟုဆိုသည်။ တကယ်တမ်းက ဒါတွေကအရေးအကြီးပါဘူး။ အရေးကြီးပြီး အတုယူချင်စရာလေး တစ်ခုကိုပြောပြပါမည်။ သူက အမှန်တိုင်းဝန်ခံသည်။ သူ့ချစ်သူက သိပ်အချောအလှထဲကမဟုတ်ဟုဆိုသည်။ အစကတော့ စိတ်ညစ်တယ် သူ့ ချစ်သူကိုချစ်ရမှာကိုပေါ့နော်။ ဒါပေမယ့်သူ အရမ်းချစ်တယ်တဲ့။ သူချစ်သူလောက် သူ့အပေါ်ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာ မရှိနိုင်တော့ဘူးတဲ့။ ဒီတော့သူက ဘာပြောတယ်ထင်လဲ။ ညီမကတဲ့ ညီမချစ်သူဓါတ်ပုံလေးဆိုရင် နံနက်ထရင် တစ်ခါကြည့်တယ်။ ကျောင်းကပြန်လာရင် တစ်ခါကြည့်တယ်။ အိပ်ယာဝင်ခါနီးရင် တစ်ခါကြည့်တယ်တဲ့။ ပြီတော့ဒါငါ့ချစ်သူလေးပါလားဆိုပြီး ပီတိလဲဖြစ်တယ်တဲ့။ နောက်ကြာလာတော့ သူချစ်သူလေးကို အလှဆုံးလို့တောင်ထင်လာတယ်တဲ့။ ပြီးတော့ သူချစ်သူထက် အစ၁၀၀ လှတဲ့သူ သူ့ကို ချစ်ခွင့်တောင်ခဲ့မယ်ဆိုရင်တောင် သူစိတ်မယိုင်သွားဘူးတဲ့။ ကဲ စဉ်းစားကြည့်နော်။ ဘယ်လောက် သစ္စာရှိတဲ့မိန်းကလေးလဲ။ ဖြူစင်တဲ့မိန်းကလေး တစ်ယောက်လဲ။ ခုထိသူတို့ အစဉ်ပြေနေကြတုန်းပါဘဲ။ သူတို့နှစ်ယောက် လက်ထက်ဖို့ပြင်ဆင်နေကြပြီလေ။ ဒီတော့စဉ်စားစေချင်ပါသည်။ အချစ်သည် ရုပ်ပိုင်းဆိုင်ရာနှင့် ဓနဥစ္စာပေါ်မှာ အခြေခံမှာလား။ စိတ်ချမ်းသာမှုနဲ့ သစ္စာတရားပေါ်မှာ အခြေခံမှာလာဆိုတာ သေချာခွဲခြားသိစေချင်ပါသည်။ ထို့ကြောင့် စိတ်ချမ်းသာမှု လိုချင်ရင်တော့ သစ္စာတရားနဲ့ အခြေခံတည်ဆောက်မှဖြစ်ပါမည်။
ချစ်သူတို့ ဘ၀တသက်တာမှာ အချစ်ခိုင်မြဲဖို့ သစ္စာရှိဖို့လိုအပ်ပါသည်။ အချစ်ကိစ္စတွင် အခုချစ်လိုက် အခုမုန်းလိုက်။ တစ်ယောက်နှင့် အဆင်မပြေလို့ နောင်တစ်ယောက်ပြောင်ချစ်ဖို့ မလုပ်သင့်ပေ။ တစ်ခါချစ်မိလျှင် တသက်တာ ချစ်မိဖို့ ရည်ရွယ်ရမည်။ အချစ်ကို ပျော်ပါးစရာ ကာလအခိုက်အတန့်အားဖြင့် စိတ်သာယာမှုရရန် မလုပ်သင့်ပေ။ မိန်းကလေးများ အတွက်ဆို ပို၍ပင် အရေးကြီးပါသည်။ မိန်းကလေးတွေ၏ ချစ်သူအပေါ်ယုံကြည်မှု ကိုယ်စားမှုသည် တစ်ခါတစ်ခါ အဆိပ်ဖြစ်တတ်သည်။ ထို့ကြောင့် သမီးရည်းစားဘ၀တွင် မိန်းကလေး၏ စိတ်လွင့်မှု နှင့် ယောကျာင်္လေး၏ စိတ်လိုကြောင့် အမှောက်အမှားများဖြစ်တတ်သည်။ ထိုအခါနစ်နာရမည်သူမှာ မိန်းကလေးပါ။ လူယုတ်မာ သစ္စာမဲ့သူတစ်ဦးကြောင့် အချစ်ကိုယုံစားမိသော မိန်းကလေးသည် ဘ၀ပျက်နိုင်ပါသည်။အွန်လိုင်း (သညူငညန)တွင်လည်း ချစ်သူများ စိတ်မထိန်းနိုင် ၀ပ်ကမ်ပြ၍ အလွန်အကျွံဖြစ်ခဲ့သည်များလည်းရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ အင်တာနက် နှင့် အပြင်လက်တွေ့ ဘ၀သည် အတူတူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူစိတ်ဓါတ်ကို မျက်ဝါးထင်ထင်တွေ့နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အင်တာနက် (သညူငညန)အွန်လိုင်းတွင်ရော အပြင်လောကတွင်ရော တတ်နိုင်သမျှ စိတ်ထိန်းရန် လိုအပ်ပါသည်။
ဒီနေရာမှာ‘‘ယောကျာင်္းကောင်းမောင်းမတစ်ထောင်‘‘ဆိုသည့်စကားပုံလေးကို ရှင်းပြချင်ပါသည်။ ယောင်္ကျားကောင်းဟာ မိန်းမတစ်ထောင်ယူရမှာ မဟုတ်ပါဘူး။ အမှန်က ယောင်္ကျားကောင်း ယောကျာင်္းမြတ်ဟာ အလုပ်လုပ်ရင် မိန်းမတွေအယောက်တစ်ထောင် အလုပ်လုပ်သည်နှင့်ညီသည်။ တနည်းဆိုရလျှင် ယောကျာင်္းကောင်း၊ ယောကျာင်္မြတ်သည် မိန်းမအယောက်တစ်ထောင်အား ရှာဖွေကျွေးမွေနိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုနိုင်သည်။ယောကျာင်္းကောင်းဟာ မိန်းမတစ်ထောင်ယူလို့ ရသည်ဟူသော လွဲမှားသည့် အတွေးအခေါ်မျိုး မ၀င်သင့်ပေ။ ထို့ကြောင့် မိန်းကလေးတွေ အနေဖြင့် မိမိရွေးချယ်ကြိုက်နှစ်သက်ရမည့်သူသည် ယောကျာင်္ကောင်း မောင်းမတစ်ထောင် ယောကျာင်္းမျိုး မဟုတ်ခဲ့ရင်တောင်မှ မိမိအပေါ်သစ္စာရှိရှိချစ်နေမည့် ချစ်သူဖြစ်သင့်သည်။မိမိချစ်သူသည် စာရိတ္တကောင်းမကောင်းသူ၊ ယုတ်မာရက်စက်သူ၊ ရာဇ၀တ်မကင်းသူ၊ နောက်ကြောင်းမရှင်းသူ၊ မလွတ်မလပ်သူ မဖြစ်ရန်လိုအပ်သည်။ ထို့ကြောင့် ချစ်သူဖြစ်ထိုက်၊ ရွေးထိုက်သော ချစ်သူ၏ ပဓာနဂုဏ်ရည်သည် မည်သည့် အရာဖြစ်သည်ကို စဉ်းစားသင့်သည်။ ရုပ်ရည်ရူပကာ၊ စည်စိမ်ဥစ္စာက အဓိကလား။စာရိတ္တကောင်းပြီး အရည်အချင်းရှိရမှာ အဓိကလားဆိုတာ စာဖတ်သူတို့ကိုယ်တိုင် ခွဲခြားစေချင်ပါသည်။
ထို့ကြောင့် စာဖတ်သူများ အနေဖြင့် အယောင်ဆောင် ချစ်သူကို ချစ်နေမည့် အစား တကယ့်အရည်အချင်းရှိသော သစ္စာရှိသော ချစ်သူများ ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

(မှတ်ချက်။ ။ ကျွန်တော့် ဘ၀အတွေ့အကြုံများထဲမှ အကျိုးရှိလိမ့်မည်ဟု ယူဆရသော ဖြစ်ရပ်များကို ထုတ်နုတ်ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။မိမိတတ်နိုင်သမျှ အကိုးအကားများကို ထည့်သွင်းရေးသားထားပါသည်။ ထို့ကြောင့် အရေးအသားထဲတွင် စာဖတ်သူတို့ မနှစ်သက်စရာ အကြောင်းအရာများလည်း ပါနိုင်သည်။ ထို့ကြောင့် အမှားပါကလည်း စေတနာ အမှားသာဖြစ်ကြောင်း နားလည်ခွင့်လွတ်စေချင်ပါသည်။)


အက္ခရာ(နေပြည်တော်)

စစ်ပွဲနှင့်သူ၏ နောက်ဆက်တွဲမီးပွားများ

စစ်ပွဲနှင့်သူ၏ နောက်ဆက်တွဲမီးပွားများ
ကျွန်တော်ငယ်ငယ်က ကြားဖူးသောစာပိုဒ်လေးတစ်ခုရှိသည်။ ‘‘ အချစ်နဲ့စစ်မှာတရားမျှတမှုရှိတယ်၊ မရှိဘူးဆိုတာ မရှိဘူး‘‘ ဟူ၍ဖြစ်သည်။သို့သော် ကျွန်တော် ထိုစကားရဲ့ အနက် အဓိပ္ပာယ်ကို အတော်ဘ၀င် မကျဖြစ်ခဲ့သည်။ သူတို့ပြောသလိုဆိုရင် လူသားတွေနေထိုင်တဲ့ ကမ္ဘာမှာ တရားမျှတမှုရှိလာတော့မည် မဟုတ်ပေ။ စစ် သည်ကြောက်စရာကောင်း၏။စစ်ပွဲသည် အနိဌာရုံဖြစ်၏။စစ်ပွဲသည် ချစ်သောသူကို ကွေကွင်းစေ၏။ သားတကွဲ၊မယားတကွဲဖြစ်စေ၏။စစ်ပွဲသည် လူလောကတိုးတတ်ရေးကို ဆုတ်ယုတ်စေ၏။စစ်ပွဲကြောင့် လူတွေ၏ စာရိတ္တတွေကို ပျက်ပြားစေ၏။ စစ်ကြောင့်ခပ်သိမ်းသော အရာရာတို့သည် ပျက်ဆီးရ၏။စစ်သည် နှစ်ဦးနှစ်ဘက်လုံးအား နာကျင်ထိခိုက်စေ၏။ စစ်ဘာကြောင့်ဖြစ်သလဲ။ အကြောင်အရင်းများစွာရှိပါသည်။သို့သော် စစ်ပွဲတော်တော်များများသည် အမုန်းကိုပဲ အခြေခံကြတာဘဲ မဟုတ်လား။ သေချာသည်မှာ စစ်မြေပြင်သည် ဂုဏ်တော်ကိုပါးကို နုတ်တိုက်ရွတ်တတ်အောင်သင်ပေးပြီး ၊မေတ္တာပိုနေမည့်နေရာတစ်ခု မဟုတ်ချေ။
တစ်ချို့က လူမည်းတွေကို မုန်းသည်။လူဖြူတချို့က အသားဝါလူမျိုး အာရှနိုင်ငံသားတွေကိုမုန်းသည်။လူဖြူတချို့နှင့် လူမည်းတချို့က ဂျူးလူမျိုးတွေကို မုန်းသည်။အာရပ်တွေက ဂျူးတွေကိုမုန်းသည်။ ကျွန်တော်ပညာသင်းကြားခဲ့ရသော ရုရှားနိုင်ငံရှိ အကျင့်ပျက်လူငယ်များလည်း အာရှတိုက်သား ဆံပင်နက်များကို သိပ်နှစ်သက်မှုမရှိကြချေ။ ထို့ကြောင့်ပင် နိုင်ငံခြားမှလာရောက် ကျောင်းတက်ကြသော အပြည်ပြည်ဆိုင်ရာ ကျောင်းသားများသည် ထိုအဖြစ်အပျက်များကို မကြာခဏကြုံတွေ့ကြရသည်။ ရန်ငြိုးလည်းမရှိ တစ်ခါမျှပင်မတွေ့ဖူးသူချင်း ပြသနာအလုပ်ခံရသည်။ အခန့်မသင့်က တုတ်ဖြင့်ရိုက်ကြသည်။ ပါလာသမျှ ပိုက်ဆံများအားလုယူတတ်ကြသည်။ တစ်ခါတရံ ဓါးနဲ့ပင်ထိုးတတ်ကြသေးသည်။ ထို့သို့ဖြင်ရခြင်းမှာလည်း အာရှတိုက်သား ဆံပင်နက်များကို မုန်းတီးတတ်သော အကျင့်ပျက် ရုရှားလူငယ်လေးများကြောင့် ဟုဆိုရမည်လား။ ဘယ်သူ့ကို အပြစ်တင်ရမည်လည်း ကျွန်တော်ကိုယ်တိုင်ဝေခွဲမရဖြစ်ခဲ့ဖူးသည်။ ကျွန်တော်ကိုတိုင်ပင် ဤအဖြစ်အပျက်မျိုးကြုံတွေ့ဖူးသည်။ ၂၀၀၆ ခုနှစ်ဖော်ဝါရီလတွင် သူငယ်ချင်းတစ်ယောက် အလယ်လာသဖြင့် စားသောက်ဆိုက်သို့ လိုက်ပို့ဖြစ်ခဲ့သည်။ ကျွန်တော်အပါအ၀င် စုစုပေါင်း၃ယောက်ဖြစ်သည်။ အသွားတွင် ဘာမှထူးခြားမှု မရှိသော်လည်း အပြန်တွင် ဆံပင်နက်ကို မကြိုက်သော လူငယ်တစ်စုနှင့်တွေ့ ၍ ပြသနာအရှာခံရသည်။ နောက်ဆုံး ကျွန်တော့် သူငယ်ချင်းတစ်ယောက်အား ဘီယာပုလင်းခွံဖြင့် ၀ိုင်းရိုက်ကြသည်။ ကံကောင်းစွာဖြင့် အနာတရကွဲရှ၊သွေးထွက်သံယိုမှု မဖြစ်ခဲ့ပေ။ ထို့အတူ အခြားကျောင်းတစ် ကျောင်းသို့အလုပ်ကိစ္စဖြင့် သွားရောက်စဉ် လူငယ်တစ်စု၏ ပြသနာအရှာကိုခံဖူးသေးသည်။ နောက်ဆုံးဘယ်လိုမှဖြေရှင်းမရ၍ မိမိကိုယ်ကို ကိုယ်လွတ်ရုံးခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုလူငယ်လေးမျာ၏ မပြစ်တော့မဟုတ်ပေ။ လူမျိုးခြားကိုမုန်းတီးတတ်သော သူတို့၏စိတ်တွေကြောင့်ပင်ဖြစ်သည်။ ဘာကြောင့်မုန်းသလဲ မေးရင်မည်သူမှ ရေရေရာဖြေနိုင်လိမ့်မည်မဟုတ်ပေ။လူမျိုးရေးအမုန်း၊ ဘာသာရေးအမုန်း၊လိင်ကွဲပြားမှု အမုန်း၊ဆင်းရဲချမ်းသာ အမုန်း ဟူ၍အမည်အမျိုးမျိုသတ်မှတ်ကြလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ အမုန်းကြောင့်ဖြစ်သောရလဒ်သည် ဆိုးကျိုးကိုသာ အစဉ်ပေးသည်တော့ အမှန်ပင်ဖြစ်သည်။အမုန်းကြောင့် လူမျိုးရေး ပဋိပက္ခတွေဖြစ်ကြသည်။ ထို့မှတဆင့် ကျယ်ပြန့်လာလျှင် စစ်ပွဲတစ်ခုဖြစ်လာတော့သည်။အမုန်းမှ အစပြုခဲ့ရသော ပဋိပက္ခများသည် စစ်ပွဲအသွင်သို့ကူးပြောင်းသွားသည်။ စစ်ဖြစ်ရသော အကြောင်းရင်းများစွာရှိသည်။ တစ်ချို့က အမုန်းကိုအခြေခံသည်။ တချို့က ရယူပိုင်ဆိုင်လိုမှုအတွက် စစ်ပွဲဖြစ်သည်။ တချို့က သမီးကညာကို လိုချင်သဖြင့် စစ်ဖြစ်ရသည်။ တခါတရံတွင် သူ့မြေကို မတရားလိုချင်သဖြင့် စစ်ပြုတတ်ကြသေးသည်။ မည်သို့ပင်ဖြစ်စေ စစ်ပွဲသည် တရားမျှတမှု မရှိတာတော့သေချာသည်။
လူမျိုးရေး မုန်းတီးသတ်ဖြတ်မှုများ များစွာရှိသည်။ ၁၈၆၆ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် စတင်ခဲ့သော ကေသုံးလုံး လူမည်းသတ်ဖြတ်မှုသည် လူမျိုးရေးမုန်းတီးမှုကြောင့်ပင်ဖြစ်ခဲ့ရသည်။ ဂျူးလူမျိုး(၆)သန်း ကို ရက်ရက်စက်စက် ပိုဆိုးပက်စက် သတ်ဖြတ်ခဲ့သည်မှာ လူမျိုးရေး အမုန်းကြောင့်ပင်ဖြစ်သည်။အာဖရိက အလယ်ပိုင်းက ဟူတူးလူမျိုး နှင့် တု(တ်)စီ လူမျိုးတွေ သိန်းဂဏန်း နှင့်ချီ အစုလိုက် အပြုံလိုက် သတ်ဖြတ်လက်စားချေသည်မှာ လည်း လူမျိုးရေးမုန်းတီး မှုကြောင့်ပင်ဖြစ်သည်။ဝမ်းနည်းစရာကောင်းသည်မှာ ဗည နပန င်္သမ ဗည နပန ဟူသော အစွန်းရောက်ဥပဒေသည် တကယ်တမ်း ကျူးလွန်သူ အပေါ်ထိသည်ထက် လုံးဝအပြစ်မရှိသော အဆက်အနွယ်များအပေါ်ထိသည်သာ များနေခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အမုန်ကြောင့်အစပျိုးခဲ့သော စစ်ပွဲများ၏။အဆုံးသတ်တွင်တော့ ရှုံးနိမ့်သူသည် လူမဆံစွာပြုမူခံရသည်သာဖြစ်သည်။ဆိုဗီယက်သည် အရှေ့ကပိုင်းပိုလန်ကို ၁၉၃၉ ခုနှစ် ၀င်ရောက်တိုက်ခိုက်တဲ့အခါ ပိုလန် အစိုးရ၏ ၀န်ထမ်း ထောင်ပေါင်းများစွာ သတ်ဖြတ်ခံရသည်။၁၉၄၅ ခုနှစ် စစ်နိုင်ခဲ့သော ရုရှားတပ်နီတော်စစ်သားတို့၏ ကြမ်းတမ်းရက်စက်မှုကို တွေ့နိုင်သည်။ပိုလန် နှင့် ဂျာမဏီတွင် တပ်နီတော်သည် အဆောက်အဦးများကို ဖျက်ဆီးပစ်ရုံးမက အရွယ်မရောင်သေးသော အမျိုးသမီး၊ လင်ရှိမယား၊ အမျိုးကောင်းသမီးများကို ဖခင်၊မောင်၊အကိုရှေ့ မရှောင်စနစ်တကျ မုဒိမ်းကျင့်ခဲ့သည်။ စစ်ပြီးကာလနောက်ပိုင်းတွင် ရုရှားတော်တော်များများက ဟာသလုပ်ပြောကြသည်။ ‘‘ ငါတို့တတွေ ဂျာမဏီမှာ ကလေးပေါင်း ၂ သန်းချန်ပစ်ခဲ့တယ်ကွ ‘‘ ဟူသည်။ဆိုလိုသည်မှာ သူတို့သည် အမျိုးသမီး ၂ သန်းကို မုဒိမ်းကျင့်ခဲ့သောကြောင့်ဖြစ်သည်။ ထို့အတူ အမေရိကန်သည် နိုင်ငံတကားစစ်ဥပဒေကို ချိုးဖောက်၍ ဟီရိုရှီမား နှင့် နာဂါဆာကီမြို့ကို အဏုမြူဗုံး ကြဲချခဲ့သည်။ အပြစ်မဲ့တဲ့ပြည်သူကို လူမျိုးစွဲဖြင့် သတ်ဖြတ်ခဲ့သည်။အမျိုးကောင်း ဂျပန်အမျိုးသမီးမျာကို တပ်စွဲထားတဲ့ အမေရိကန်တပ်များမှ အခွင့်ရေးပေးရင်ပေးသလို ဖျက်ဆီးပစ်ကြသည်။အမေရိကန်နှင့် အာဖဂန်အကြမ်းဖက်စစ်ပွဲ၊ အာရပ်နှင့် အစ္စရေးစစ်ပွဲ၊ အိန္ဒိယနှင့် ပါကစ္စန်၏ ကက်ရှ်မီယားပြဿနာ တင်းမာမှုတွေကြည့်လိုက်ရင် အမုန်းတွေကို အခြေခံနေကြသည်။အဓိကစစ် နှစ်မျိုးရှိသည်ဟုဆိုရပေမည်။ကျူးကျော်စစ်နှင့် ခံစစ်ဖြစ်သည်။ သို့သော် ကျူးကျော်စစ်က မှန်သလား၊ခံစစ်ကမှန်သလားကို မည်သူမှတိတိကျကျမပြောနိုင်ကြပေ။ကမ္ဘာစစ်ပွဲများကိုလေ့လာကြည့်နိုင်သည်။၁၉၁၉ ခုနှစ်တုန်းက ဂျာမနီက ပြင်သစ်ကို စစ်ရှုံးအညံ့ခံတဲ့ နေရာအတိအကျမှာဘဲ ၁၉၄၀ ပြည့်နှစ်မှာ ပြင်သစ်က ဂျာမဏီကို စစ်ရေးအရအညံ့ခံခဲ့ရပြန်သည်။ဘယ်သူကအမှန်လဲ။သေချာသည်က လက်စားချေခြင်း အမုန်းရဲ့ကျေးကျွန်တွေဖြစ်ခဲ့ခြင်းကြောင့် စစ်ဖြစ် ခဲ့ရသည်သာဖြစ်သည်။ အာရပ်နဲ့အစ္စရေးစစ်ပွဲ၊ပါကစ္စတန်နှင့် အိန္ဒိယအကြား ကက်ရှ်မီးယားပြဿနာ၊အမေရိကန်က အီရတ်ကို နျူးလက်နက် အရေးကြောင့်တိုက်ခိုက်ခဲ့တာ၊အာဖဂန်ကို မွစာကြဲအောင်ပတ်ပတ်စက်စက်လုပ်ခဲ့တာတွေမှာ ဘယ်သူကအမှားလဲ။ဘယ်သူကအမှန်လဲ။သေချာသာတစ်ခုဘဲရှိသည်။ အမုန်းကိုမြစ်ဖျားခံ စီးဆင်လာသော လက်စားချေမှုနှင့် လူမျိုးရေးမုန်းတီမှုကြောင့်ပင်ဖြစ်သည်။
စစ်ပွဲများတွင် အဖြစ်အပျက်ကိုမျက်မြင်တွေ့ရသည့် သက်သေမရှိလျှင်တောင် သေပြီးသားအလောင်းတွေကိုကြည့်ပြီး စစ်ပွဲလား စစ်ရာဇ၀တ်မှုလား ဝေးခွဲရခက်လိမ့်မည်။လူသားတို့သည် မယုံနိုင်လောက်အောင် ရက်စက်၏။ တချို့ကမုန်းတီးမှုဖြင့် သတ်သည်။ အာဃာတရန်ညှိုးဖြင့် သတ်သည်။တချို့ကစစ်သွေး<ကလို့ သတ်သည်။ အဆီးရီးယန်းလူမျိုးတို့ရဲ့ ရက်စက်မှုစစ်ပွဲကိုကြည့်က သိနိုင်သည်။ အဆီးရီးယန်းလူမျိုးတို့သည် မေဆိုပိုတေးမီးယား တစ်ပြည်လုံးနှင့် အာရှမိုင်းနားကျွန်းဆွယ်တစ်ဝန်းလုံးကို သိမ်းယူကြသည်။ အဆီးရီးယန်းတို့၏ ရက်စက်မှုသည် ကမ်းကုန်သည်။ မြို့သူမြို့သားများကို အမျိုးမျိုးရက်စက်ပြသည်။ တစ်ခါတစ်ရံ မြို့လုံးကျွတ်သတ်ပစ်ကြသေးသည်။တစ်ခါတစ်ရံ မြို့သားအချို့ကို အရှင်လတ်လတ်အရေခွံခွာသည်။ မသေမရှင် သံတံကျင်နှင့်လျှိုသည်။ ဆင်နက်ကရစ်လက်တွင် ပို၍ပင်ရက်စက်သေးသည်။ သူပုန်များကိုဖမ်းမိလျှင် ထိုသူများ၏ ကိုမှ အရေကိုဆုတ်သည်။ ခြေ၊လက်၊နား၊နှားခေါင်းတို့ကိုဖြတ်ပစ်သည်။ မျက်စိတို့ကို ထိုးဖောက်ပစ်သည်။ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းသည်။ ဤသို့ဆိုလျှင် စစ်သည်တရားမျှတမှုရှိပါ၏လော့။ လွန်ခဲ့သော နှစ်ပေါင်း၅၅၆၀ အတွင်း စစ်ပွဲပေါင်း ၁၄၅၃၁ ပွဲမျှဖြစ်ခဲ့သည်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် စစ်ပွဲနှစ်ပွဲကျော်ဖြစ်ခဲ့သည်။ ၂၀ ရာစုရဲ့ ပထမကမ္ဘာစစ်မှာတော့ ကျဆုံးသော စစ်သား ၁၀သန်း၊ သေပြီဟုယူဆရတဲ့စစ်သား ၃ သန်း၊ အရပ်သား ၁၃သန်း သေခဲ့ကြသည်။ ဒဏ်ရာရသူ သန်း၂၀၊ စစ်သုံ့ပန်း ၃သန်း၊ စစ်ကြောင့် မိဘမဲ့သွားတဲ့ ကလေး ၉သန်း၊ စစ်ကြောင့်မုဆိုးမဖြစ်သွားရသော မိန်းမ ၅သန်းရှိသည်။ ဒုတိယ ကမ္ဘာစစ်၌စစ်သား ၅၅သန်းသေဆုံးခဲ့သည်။ ဤသို့ဆိုလျှင် မြန်မာပြည်ကြီး ထီးကျိုးစည်ပေါက်၊ မီးဟုန်းဟုန်းတောက်ခဲ့တဲ့ နေ့တွေကို ကျွန်ုပ်တို့ မေ့ပစ်လို့မရချေ။ နယ်ချဲ့စနစ်ဆိုးဖြင့် အင်အားကြီးသူက အင်အားနည်းသူကို မတရာုးအနိုင်အထက်ပြု၍ ကျွန်ဖြစ်ခဲ့ရသည်။ အမှန်ကကျွန်ဆိုတာထက်ပင် နိမ့်ကျသော သပေါက်ဘ၀ကိုရောက်ခဲ့ခြင်းဖြစ်သည်။ သီးပေါဘုရင်ကိုပင် ယစ်ထုတ်ကြီး၊လူသတ်ကောင်၊လူပျော့လူညံ့အဖြစ် နိုင်ငံခြားသား စာရေးဆရာ၊ သမိုင်းဆရာတွေက မိုက်မိုက်ရိုင်းရိုင်း မဟုတ်မဟတ်ရေးသားခဲ့ကြသည်။ မိဖုရားကြီး စုဖုရားလတ်ကိုပင် သွေးဆာနေတဲ့သူသတ်သမား ၊အတ္တကြီးသူတစ်ယောက်ဖြစ်အောင် ရေးသားခဲ့ကြသည်။ နယ်ချဲ့ကိုလိုနီသမားတို့သည် စစ်နိုင်သူပီပီ မြန်မာဘုရင်နှင့်မိဖုရား ကမ္ဘာအလယ်တွင် မျက်နှာမပြရဲအောင်ရေးသားခဲ့ကြသည်။၁၈၈၅ နိုင်ဝင်ဘာလ(၂၉)ရက်နေ့တွင် မြန်မာတို့၏နောက်ဆုံးမင်းဆက် ပါတော်မူခဲ့ရသည်။ ကာနယ်စလေဒင်သည် မန္တလေးကို သိမ်းပိုက်ပြီး မြန်မာနန်းစဉ်ရတနာများ နှင့် အသုံးအဆောင်များကို သိမ်းဆည်းခဲ့ကြသည်။ ရွှေတိုက်ဝန်ပေါက်မြိုက်မြို့စားမင်းကြီး မင်းလှမဟာဇေယျနန္ဒသင်္ကြံကိုယ်တိုင် စာရင်းနှင့်တကွ ဗိုလ်မှူးကြီး စလေဒင်လက်သို့ ပေးအပ်ခဲ့ရသည်။ ဗိုလ်မှူးကြီး စလေဒင်သည် ပြည်တန်ပတ္တမြားငမောက်အား သိမ်းပိုက်ခဲ့သည်။ ရတနာပုံနေပြည်တော် ခေတ်တန်ဖိုး ကုဋေငါးထောင်တန်ဖိုးရှိ နန်းစဉ်ပစ္စည်းများနှင့် ရွှေဒင်္ဂါရှစ်သိန်းကျော်နှင့် စိန်၊မြ၊ပတ္တမြားတို့ကို ပေးအပ်လိုက်ရသည်။ သူ့ကျွန်ဘ၀ကို မခံလိုသူသော မြန်မာမျိုးချစ်သူရဲကောင်းများကို အကြောင်း အမျိုးမျိုးပြကာကြိုးမိန့်ပေးသတ်ပစ်ခဲ့ကြသည်။ မြန်မာ့အမျိုးသမီးလေးများကိုပင် အခွင့်အရေးပေးက အဓမ္မပြုကျင့်ခဲ့ကြသည်။ မြန်မာတမျိုးသားလုံးအား နည်းမျိုးစုံအသုံပြု၍ အကြောင်းမရှိအကြောင်းရှာ ရက်စက်ခဲ့ကြသည်။ ဤသို့ဆိုလျှင် စစ်ပွဲသည် တရားမျှတမှုရှိပါသလားဆိုသော မေးခွန်းအတွက် ဖြေစရာ အဖြေပေးစရာလိုတော့မည်ဟုတ်တော့ချေ။ ၂၀၀၃ခုနှစ် ဧပြီလတွင် အီရတ်ကို အမေရိကန်ဦးဆောင်သော မဟာမိတ်တို့ အောင်ပွဲခံခဲ့သည်မှာ ကျွန်ုပ်တို့မျက်မြင်ပင်ဖြစ်သည်။ အီရတ်တွင်နျူလက်နက်များ ပိုင်ဆိုင်ထားသည်ဟူသော စွပ်စွဲချက်ဖြင့် အီရတ်နိုင်ငံအားတိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ တစ်နိုင်ငံလုံးအား စိစိညက်ညက်ကျေအောင် ဗုံးကြဲတိုင်ခိုက်ခဲ့ကြသည်။ သံသရရှိသည်ဟု ယူဆရသော နေရာတိုင်းလိုလိုအား စိတ်မထင်သလို တိုက်ခိုက်ခဲ့ကြသည်။၂၀၀၆ခုနှစ် နိုင်ဝင်ဘာလတွင် အီရတ်ဘုရင်ဆက်ဒန်ဟူစိန်အားကြိုးမိန့်ပေးခဲ့သည်။ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို ရိုးမယ်ဖွဲ့အပြစ်ရှာ သတ်ဖြတ်ခဲ့သည်မှာ စစ်နိုင်သူတို့ ထမင်းစားရေသောက် အလုပ်လိုပင်ဖြစ်နေသည်။ စစ်နိုင်သူတို့၏ ရက်စက်မှုသည် တခါတရံကြောက်မက်ဖွယ်ကောင်းသော အိမ်မက်မက်နေရသလိုပင်ဖြစ်သည်။ ၂၀၀၆ခုနှစ် မတ်လက ဘဂ္ဂဒက်တောင်ဘက် ၃၂ကီလိုမီတာအကွာ မာမွတ်ဒီယာကျေးရွာ၌ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဂျိမ်း(စ်)ဘာကာ က အီရတ်မိန်းကလေးတစ်ဦးအား မုဒိန်းကျင့်၍ သတ်ဖြတ်ခဲ့သည်။ ထို့မျှမက မိန်းကလေး၏ မိသားစုအားအစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ ဤသို့ဆိုလျှင် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်တို့၏ တရားသောစစ်ပွဲဟု ကြွေးကြော်နေသော လုပ်ရပ်မှာ တရားမျှတမှုရှိသည်ဟု ဆိုရမည်လား။ မည်သို့ပင်ဖြစ်စေကာမူစစ်သည် အနိဌာရုံမြင်းကွင်းတစ်ခုကိုသာ အစဉ်တစိုက်ဖန်တီးနေသည်မှာ သေချာသည်။ ထို့ကြောင့် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးသည် အသေချာမရေရာသော အနာဂတ်များဖြင့်သာ ပြည့်ကျပ်နေသည်။ ထို့ကြောင့် ဤစစ်ပွဲများ၏ ဆိုးကျိုးရလဒ်များကို ဥပမာယူ၍ စစ်ပွဲတစ်ပွဲမဖြစ်အောင် ထိန်းသိမ်းနိုင်ခြင်းသည်သာလျှင် အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတော့သည်။
(မှတ်ချက်။ ။ဤဆောင်းပါးသည် ခေတ်အဆက်ဆက်ဖြစ်ပွားခဲ့သော စစ်ပွဲများ၏ဆိုးကျိုးများကို ဖော်ပြထားခြင်းဖြစ်သည်။ တစ်ခါတရံစစ်ပွဲ၏ နောက်ဆက်တွဲတိုးတတ်ပြောင်းလဲမှုများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ စစ်ပွဲတစ်ပွဲ၏ အဆုံသတ်သည် နောက်စစ်ပွဲတစ်ပွဲအား ထပ်မံဖြစ်ပေါ်စေရန် အစပျိုးနေခြင်းသာဖြစ်သည်။ )
အက္ခရာ(နေပြည်တော်)
ကျမ်းကိုးစာရင်း- တ့အေ’ျသ ဘေသကအ့ အေန၊ဘပ ဗညိမနတှကူငလညေ- မြန်မာ့အလင်းသတင်းစာ အတွဲ(၄၆)၊အမှတ်စဉ်(၅၀)- နန္ဒာသိန်းဇံ ခရစ်နှစ်(၂၀၀၀)အလွန်

ကိုယ်ချင်းစာတရားနှင့် အင်တာနက်

ကိုယ်ချင်းစာတရားနှင့် အင်တာနက်ကျွန်တော်သည် စာရေးဆရာမဟုတ်ပါ။ သို့သော် ဖြစ်ပေါ်နေသော လက်ရှိအခြေအနေ အရပ်ရပ်အား မကြာခဏဆိုသလို ဆောင်းပါးရေး၍ ပြည်သူလူထုအား အသိပေးနေခြင်းသက်သက်သာဖြစ်ပါသည်။အခုလဲခေတ်မှီတိုးတတ်နေသော အင်တာနက်နှင့် မြန်မာအမျိုးသမီးများ၏ အရှက်နှင့် ဂုဏ်သိက္ခာကို ရှေ့ရှု့၍ထိန်းသိမ်းနိုင်ရန်တင်ပြလိုက်ခြင်း သက်သက်သာဖြစ်ပါသည်။ကျွန်တော်တို့ခေတ်သည် တစ်သားတည်း ပေါင်းစည်းမိသွားသော ကမ္ဘာ၏ခေတ်ဖြစ်သည်။ နည်းပညာများသည်လည်း တစ်နေ့နှင့်တစ်နေ့မတူအောင်ကို တိုးတတ်နေသည်။ အမှန်အတိုင်းပြောမယ်ဆိုလျှင် ကျွန်တော်တို့ထင်မြင်ထားချက်ထက်ကို ပိုပြီးတိုးတတ်နေသော ခေတ်ဖြစ်သည်။ ထို့သို့ဖွံဖြိုးတတ်လာရခြင်းမှာလည်း လူမှုရေး၊စီးပွားရေးသာမက ဆက်သွယ်ရေးနည်းပညာများလည်း အံ့မခန်းနိုင်အောင် တိုးတတ်နေသောခေတ်ဖြစ်ပါသည်။ဤသို့ဆိုလျှင် အင်တာနက်ဆိုသော စကားလုံးကို သတိမထားမိဘဲ မနေနိုင်အောင် နိုင်ငံအသီးသီး ဆက်စပ်ပြောင်းလဲနေသောခေတ်ဖြစ်သည်။ ထို့ကြောင့် အင်တာနက်သည် ကျွန်တော်တို့အား အကောင်းဘက်သို့ ဆွဲခေါ်သလား။ အဆိုဘက်သို့ ဆွဲခေါ်သလား။ ဒါကတော့ အဖြစ်အပျက်တစ်ခုကို ဘက်နှစ်ဘက်နှင့် မြင်ကြည့်သလိုပဲ ဤကိစ္စမှာလည်း အကောင်းဘက်နှင့် အဆိုးမြင်ဘက်ဟု နှစ်မျိုးကြည့်၍ ရပါသည်။
အင်တာနက်၏ ကောင်းကျိုးတော်တော်များများကို လူတိုင်းလိုလိုသိပြီးပြီဖြစ်၍ အထွေအထူးမတင်ပြလိုတော့ပါ။ သို့သော်လူမှုရေးဖောက်ဖျက်မှု တော်တော်များများကိုတော့ ဆိုးကျိုးများအဖြစ်သတ်မှတ်ရမည်ဖြစ်သည်။ အင်တာနက်သည် သုံးတတ်သူကို အကျိုးပြု၍ မသုံးတတ်သူကို ဘေးတွေ့စေတတ်ပါသည်။ ကျွန်တော် လက်ရှိတွေ့မြင်နေရသော စိတ်မကောင်းစရာအဖြစ် အပျက်များကို ဖော်ပြသွားမည်ဖြစ်သည်။ ဤသို့ဖော်ပြရခြင်းမှာလည်း ခေတ်မှီတိုးတတ်နေသောခေတ်သည် ဘာမှယုံကြည်စရာမရှိဘူးဆိုတာ သိစေချင်သည်။ အင်တာနက်ငညအနမညနအ ဃ့အျွေသသာချက်(ခ်) ၏မူလရည်ရွယ်ချက်မှာ တနေရာနှင့်တနေရာ ဆက်သွယ်ရန်ခက်ခဲသော အခြေအနေမျိုးတွင် မိမိ၏မိသားစုကိုသော်လည်းကောင်း ၊ အဖွဲ့အစည်းကိုလည်းကောင်း လွယ်ကူစွာဆက်သွယ်နိုင်ရန်ဖြစ်သည်။ သို့သော် တိုးတတ်လာသော ခေတ်တွင် ငညအနမညနအ ဃ့အျွေသသာအင်တာနက်ချက်(ခ်)ကို ကောင်းကျိုးတွင် အသုံးမချဘဲ လူမှုရေးဖောက်ဖျက်မှုတွင် အသုံးပြုနေခြင်းမှာ အတော်ပင် ၀မ်းနည်းစရာကောင်းလှသည်။ အထူးသဖြင့် နောင်အနာဂတ်ကို အုပ်စိုးကြမည့် ခေတ်လူငယ်များသည် ငညအနမညနအ ဃ့အျွေသသာအင်တာနက်ပေါ်တွင် အသိမသာ ကိုယ်ကျင့်တရားပျက်နေရခြင်းမှာ နောင်အနာဂတ်ကမ္ဘာအတွက် အလွန်ပင်ကြီးမားသော အန္တရာယ်ဖြစ်ပေသည်။ ငညအနမညနအ ဃ့အျွေသသာအင်တာနက်ပေါ်တွင် အလွယ်တကူ လိင်ဆက်ဆံခြင်းနှင့် ပတ်သတ်သောကိစ္စများကို အကျယ်တ၀န့်လှုပ်ဆောင်လာကြသည်။ ငညအနမညနအ ဃ့အျွေသသာအင်တာနက်ကို အသုံးပြုပြီး မိန်းကလေးများ၏ ဂုဏ်သိက္ခာငြိုးနွမ်းစေသော လုပ်ရပ်များကို လုပ်ကိုင်လာကြသည်။
ဒီဂျစ်တယ် ကင်မရာဖြင့် စိတ်ကွယ်ရာဒီနေရာတွင် တကယ်ရှိနေသော ဖြစ်ရပ်များကို ဆင်ခြင်နိုင်ရန် တင်ပြလိုက်ရပါသည်။ အရင် တစ်ပတ်ခန့်ကျွန်တော့် မိတ်ဆွေတစ်ယောက်က ကျွန်တော့်အား ၀က်ဆိုက်(ဒ်)တနဘျငအန တစ်ခု၏ူငညု လင့်ကိုပေးခဲ့သည်။ ပြီးတော့စကားလေး တစ်ခွန်ပြောသွားသေးသည် ‘‘တော်တော်အဖြစ်ဆိုးတဲ့ မိန်းကလေးတွေဘဲကွာ သူတို့၏ ပုံတွေဒီဝက်ဆိုက်(ဒ်) တနဘျငအန မှာ ရှိနေကြတာသူတို့သိမှာ မဟုတ်ဘူးကွာ။ ငါသာသူတို့အကိုသာဆိုရင်တော့ တော်တော်အရှက်ကွဲရမှာဘဲကွာတဲ့။ အဲ့ဒါမင်း ကူညီနိုင်တဲ့ဘက်ကနေ မင်းလက်လှမ်းမှီသလောက်တားဆီပေးပါဦး‘‘တဲ့ကျွန်တော်ကိုမှာသွားသည်။ အစတွင် ကျွန်တော်သူ ဘာကိုဆိုလိုသွားသည်ကို မသိခဲ့ပေ။ နောင်အဲ့ဒီ ၀က်ဆိုက်(ဒ်) တနဘျငအန ထဲဝင်ကြည့်မှ အတော့်ကို စိတ်မကောင်းဖြစ်သွားမိသည်။ မြန်မာအမျိုးသမီးလေးများပါ။ ဒီထက်ပြည့်ပြည့်စုံစုံပြောရမည်ဆိုလျှင် မိကောင်းဖခင် သားသမီးများဖြစ်နိုင်သည်။ သူငယ်ချင်းများဖြင့် လွတ်လွတ်လပ်လပ် ကင်မရာဖြင့်ရိုက်ထားဟန်တူသည်။ ကိုယ်ခန္ဓာတွင် အ၀တ်မပါချေ။ ရေချိုးနေသည့် ပုံများလည်းပါသည်။ သူ မမျှော်လင့်ထားသော အရာများဖြစ်ခဲ့ရသည်။ ခေတ်သည် သူ့ကိုဒဏ်ခတ်လိုက်ပြီးဖြစ်သည်။ လုံခြုံမှုရှိသည်ဟု ထင်ထားသော အရာများသည် သူမ၏ အရှက်ကို ပက်ပက်ဆက်ဆက်ကွဲစေခဲ့ခြင်းပင်ဖြစ်သည်။ ထိုဓါတ်ပုံကို လွတ်လွတ်လပ်လ်ရိုက်ကူးထားသောသူ့တွင် အပြစ်မရှိဘူးထားဦး။ အင်တာနက် ၀က်ဆိုက်(ဒ်) တနဘျငအန ပေါ် နာမည်နှင်တကွရောက်လာသည်ကတော့ တော်တော်စိတ်မကောင်းစရာပင်ဖြစ်သည်။ ကျွန်တော်ထင်သည် သူ၏ဓါတ်ပုံများကို တစ်ဦးကတွေ့သွားမည်။ပြီးသူ၏ခွင့်ပြုချက်မရဘဲ ယူဆောင်သွားမည်။ ပြီးတော့အင်တာနက်ပေါ်တင်လိုက်သည်။ အဲ့သည်လူမှာအင်မတန် လူမဆန်သော အလုပ်ကို လုပ်လိုက်ခြင်းဖြစ်သည်။ ကိုညီမအရွယ် မိန်းကလေး၏ ဘ၀ကို နှမချင်းမစာမနာ လုပ်လိုက်ခြင်းပင်ဖြစ်သည်။ လူလောကတွင်လူလုပ်လို့ မရအောင်ကိုပင်အရှက်ခွဲလိုက်ခြင်းဖြစ်သည်။ ကျွန်တော်စိုးရိမ်သည်မှာ မိန်းကလေးဆိုတာထက် သူ့ပတ်ဝန်းကျင်ကိုပင်ဖြစ်သည်။ သူဘယ်လိုလူဆက်လုက်မလဲ သူ့မိဘတွေဘယ်လိုမျက်နှာပြမလဲ။ သူမှာလက်ထက်ရမဲ့ချစ်သူ ရှိခဲ့မယ်ဆိုရင်ဒီဖြစ်ရပ်အတွက် အဲ့ဒီမိန်းကလေးကို ဘယ်လိုတုန့်ပြန်မလဲ။ မောင်နှမချင်းကိုယ်ချင်းစာစွာဖြင့် ကျွန်တော် စဉ်းစားရခက်သွားသည်။ စိတ်မကောင်းလည်း အတော်ပင်ဖြစ်သွားသည်။ မည်သို့ပင် အရာရာအားလုံသည် အတော်ပင်နောက်ကျခဲ့ပေသည်။ နောင်ထပ်ထက်မဖြစ်အောင် မြန်မာလူမျိုးပီသစွာ ရိုင်းပင်ကူညီအသိပေးရန်လိုအပ်ပါသည်။
ျွှနဘဃောဝက်ကမ်၏ စိတ်ကွယ်ရာတစ်နေရာနောက်ဖြစ်ရပ်လေး တစ်ခုရှိပါသေသည်။ျွှနဘဃောဝက်ကမ်ဖြင့် ကိုယ်ချစ်သူအား ယုံယုံကြည်ကြည်ပြထားသော ဖိုင်များဖြစ်သည်။ လွန်ခဲ့သည့် အပတ်ကဖြစ်မည်ထင်သည် ကျွန်တော် သူငယ်ချင်းတစ်ယောက် ကျောင်းကိုသွားလယ်ရင်း ခက်ပျင်းပျင်းရှိတာနဲ့ သူ့ကွန်ပျူတာအား လျှောက်ဖွင့်ကြည့်ရင် ဖိုင်လေးတစ်ဖိုင်ကိုတွေ့ရသည်။ သူငယ်ချင်းအား ၄င်းဖိုင်အား ကြည့်ခွင့်ပေးရန်တောင်းဆိုခဲ့မိသည်။ ထိုအခါမှ သူငယ်ချင်းသည် စိတ်မကောင်းဖြစ်စွာဖြင့် ဖြစ်စဉ်အား ကျွန်တော့်ကို အားလုံးပြောပြသည်။ ၄င်းဖိုင်သည်လည်း မြန်မာမိန်းကလေးတစ်ယောက်၏ မီဒီယာဖိုင်ပင်ဖြစ်သည်။
ကျွန်တော်သူငယ်ချင်းပြောပြချက်အရဆိုလျှင် ဒီႊၽနဘဃော၀က္ကမ္ဖိုင္မ်ား အင်တာနက် ၀က်ဆိုက်(ဒ်)ပေါ်မှာတင်သွားသည်ကို သူတို့ချစ်သူနှစ်ယောက်စလုံး သိကြဟန်မတူချေ။ ဒီတော့သမီးရည်းစားသဘာဝအရ စကားတွေပြောရင် စိတ်မထိန်းနိုင်ဖြစ်ကြဟန်တူသည်။ နောက် ႊၽနဘဃော ပြ၍ချစ်သူနှစ်ယောက်သာ သိထားအပ်သော ကိစ္စများကိုလုပ်မိဟန်တူသည်။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ႊၽနဘဃော များပြ၍ စိတ်များမထိန်းနိုင်ဘဲ ဃပဘနမျနထ လုပ်ခဲ့ကြသည်ဖြစ်မည်။ အ၀တ်အစားများချွတ်ပြသည့် အခြေအနေရောက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤ ဖိုင်သည် အင်တာနက်ပေါ်ရောက်လာပြီး ကမ္ဘာသိဖြစ်သွားသည်တော့ စိတ်မကောင်းစရာဖြစ်သည်။မောင်နှမချင်း မစာမနာ ဒီ ႊၽနဘဃော ၀က်ကမ်းဖိုင်နဲ့ သူတို့စကားပြောထားတာတွေ၊ဓါတ်ပုံတွေ၊အားလုံးကို အင်တာနက်ျွှနဘျငအန ၀က်ဆိုက်(ဒ်)ပေါ်တင်ထားမှာ အင်မတန် ပက်ဆက်လွန်းလှပါသည်။ သူတို့နှစ်ဦးမည်သူ အပြစ်ရှိသည်ဆိုတာတော့ မပြောလိုပါ။ လူငယ်သဘာဝ ချစ်ကြသည်။ ကြိုက်ကြမည်။ စိတ်မထိန်းနိုင်ဘဲ ကျူးလွန်ခဲ့ကြမည်။ဒါကိုနားလည်ပေးနိုင်သော်လည် အင်တာနင်ပေါ်သို့ တင်ခဲ့သော သူကိုတော့် ကျွန်တော် တော်တော်လေး စိတ်နာမိပါသည်။အတော်ကြောက်စရာကောင်းလှသည်။ခေတ်ကြီးတိုးတတ်လာသည်မှာ လူသားများကို ဒုက္ခပေးနေသလိုပင်ဖြစ်နေသည်။ လူမှုရေးဖောက်ဖျက်မှုတွေ လျှောက်လုပ်နေကြသည်။ မိန်းကလေး ဘယ်လို အသက်ဆက်ရှင်မလဲ စဉ်းစားကြည့်စေချင်သည်။ တကယ်ပြောရလျှင် မိန်းကလေးသည် သိပ်ဟော့ဟော့ရမ်းဖြစ်ပုံမပေါ်ပါ။ ဒီထက်ပိုပြောရမယ်ဆိုလျှင် လင်ကောင်းသားကောင်းရနိုင်သည်။ ခုတော့ ဘ၀ပေးကုသိုလ်ကံစိုးသည်ဘဲဆိုရမလား။ တစ်ဘ၀လုံး လူလုံးမလှသည့် အပြစ်ကြီးဖြစ်ခဲ့သည်။ သူညီအကိုမောင်နှမတွေတွေ့ရင်သူ့ကို ခွင့်လွတ်နိုင်ပါ့မလာ။ သူ၏ မိဘတွေဘယ်လိုမျက်နှာပြကြမည်နည်း။ ကျွန်တော်စဉ်းစားရင် အတော်ပင်စိတ်နာမိသည်။ တကယ်တော့မိန်းကလေးတွင် အဖြစ်မရှိပါ။ သို့သော် မဆင်ပြေဖြစ်ရာကနေ အရှက်တကွဲ အကျိုးနည်းဖြစ်ကုန်သည်။ ထို့ကြောင့် ဤသို့အဖြစ်အပျက်မျိုး မဖြစ်အောင်မိန်းကလေးရော၊ ယောကျာင်္းလေးပါ ချစ်စိတ်ကိုထိန်းသိမ်း၍ နေရမည်ဖြစ်သည်။ မိန်းကလေးများ မိမိချစ်သူကိုအဲ့လောက်အထိ အလိုမလိုက်မိရန်အရေးကြီးပေသည်။
စိတ်ကွယ်ရာနောက်ကွယ်ခေတ်သည်တိုးတတ်လာသည်နှင့် လူသည် ဆန်းဆန်းပြားပြားများလည်လုပ်ချင်ကြသည်။ အပြစ်တော့မပြောလိုပါ။ သို့သော် သိပ်ခေတ်ဆန်ချင်ရင်တော့ ခေတ်ရဲ့ ဒဏ်ခတ်တာကို ခံရမည်သာဖြစ်သည်။ ခုခေတ်တွင် ဗွီဒီယို ကင်မရာနှင့် ချစ်သူစုံတွဲ ၊ လင်မယားနှစ်ဦး လိင်ဆက်ဆံနေကြသည်ကို ရိုင်ကူးဖြန့်ချိနေသာ လူမဆန်သည့် စီပွားရေးသမားများရှိသည်။ အထူးသဖြင့် ချစ်သူသမီးရည်စား ဟန်နီးမွန်းထွက်သော ဟိုတယ်၊ မိုတယ်များတွင် ဒစ်ဂျစ်တယ် ကင်မရာများကို တပ်ဆင်၍ ချစ်သူစုံတွဲ လိင်ဆက်ဆံနေသည်ကို ခိုးယူရိုက်ကူးနေကြသည်။ ဟိုတယ်၊ မိုတယ် ပိုင်ရှင်တွေကဘဲ မသိလို့လား။ သို့မဟုတ် လုံခြုံစိတ်ချမှုဘဲ မရှိတာလား။ ဒီလိုဆိုရင် မည်သို့ကျွန်တော်တို့ ဤလူမှုရေးဖောက်ဖျက်နေသည့်သူကို တားဆီးမည်နည်း။ စဉ်းစားစရာအချက်များပင်ဖြစ်သည်။ သက်ဆိုင်ရာမှလည်း ဤကဲ့သို့လူ့စည်းကမ်းဖောက်ဖျက်နေသူအား ထိရောက်စွာအရေးယူရပေမည်။ ထို့ကြောင့် ချစ်သူစုံတွဲ ဇနီးမောင်နံတို့သည် မိမိတို့၏ လုံခြုံရေးကို သတိရှိစွာဖြင့် စောင့်ထိန်းရမည်သာဖြစ်သည်။ မိမိသာလျှင် မိမိဘ၀၏ ပဲ့ကိုဖြစ်သဖြင့် မည်သို့မည်ပုံဖြစ်ပေါ်လာမည်ကို မိမိဟာဆုံးဖြတ်၍ ကာကွယ်တားဆီးရမည်ဖြစ်သည်။
တကယ်လုံခြုံပြီးလားတစ်ချို့ကိုတွေ့ဖူးသည်။ ဇနီးမောင်နှံနှစ်ယောက် အပျော်ရိုက်ကူးထားသည် တိတ်များကို။ သူတို့သူတို့ အတော်လုံခြုံနေပြီထင်လိမ့်မည်။ သို့သော် ခုတော့ တိုင်းသိပြည်သိ အင်တာနပ်ပေါ်သို့ရောက်ခဲ့ပြီ။ အတော်ပင်စိတ်မကောင်းစရာပင်ဖြစ်သည်။ ကိုယ်ချင်းလည်းစာမိသည် မိမိသည် သူတို့နေရာတွင်ဆိုလျှင် မိမိကိုယ်မိမိ အဆုံးစီရင်ချင်သည့်စိတ်များပင်ပေါ်လာနိုင်မည်။ သို့သော် သူတို့၏ ကံကိုကစိုးလွန်းလှပါသည်။ တိုးတတ်နေသော နည်းပညာကို အထင်သေးလိုက်သည်နှင့်တူပါသည်။ ထို့ကြောင့် ဘယ်အရာမဆိုလျှေမတွက်ဘဲ အရာရာမှာသတိထား လုပ်ကိုင်ရန်လိုအပ်ပါသည်။

မည်သို့ကာကွယ်တားဆီးမည်နည်းဤအခန်းကဏ္ဍသည် အလွန်ပင် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ဖြစ်ပေါ်ခဲ့သော အကျိုးဆက်များသည် အထွေထွေဗဟုသုတ အားနည်းမှုကြောင့်ဖြစ်သည်သည်ဟု ယူဆမိပါသည်။ ထို့ကြောင်တားဆီးနည်းကို ကျွန်တော်လက်လှမ်းမီသလောက် တင်ပြသွားပါမည်။• ဒီဂျစ်တယ်ကင်မရာဖြင့် အ၀တ်အစားမပါသော မိမိ၏ ပုံကိုမရိုက်ကူးပါနှင့်။• တကယ်လို့ရိုက်ကူးမိခဲ့သည်ထား ၄င်းအားသေချာထိန်းသိမ်းထားရန်လိုအပ်သည်။ဖြစ်နိုင်လျှင် ရိုက်ကူခြင်းမလုပ်ဖြစ်လျှင်အကောင်းဆုံးဖြစ်သည်။• မည်သူမှမသိဘူးလို့ ဘယ်တော့မှ လျှော့မတွက်ပါနှင့်။ စိတ်၏ကွယ်ရာမရှိဘူးဆိုတာကို သဘောပေါက်ပါ။• မိမိ၏ အရေးကြီးသော ဓါတ်ပုံများပါသော ကွန်ပျူတာအား တပါးသူအား လွတ်လပ်စွာ အသုံးမပြုခိုင်ပါနှင့်။• မိမိ၏ ကွန်ပျူတာအား တပါးသူအလွယ်တကူ အသုံးမပြုနိုင်အောင် ဈျေတသမိ ခံထားပါ။• လိုအပ်ရင်ျနခကမငအပ မြင့်မားသော ဈျေတသမျိသ်အတမေန ကို အသုံးပြုပါ။• ကွန်ပျူတာများပျက်စီးချို့ယွင်းပါက မိမိ၏အရေးကြီးသော အချက်အလက်များပါသော ဟာ့ဒ်(စ်)အား ဆိုင်သို့မပါသွားစေရန်အရေးကြီးသည်။• မိမိ၏စိတ်ကွယ်ရာ အချက်အလက်များအာိးနူနအန လုပ်ပြီးသော်လည်ျးသ်အတမေန ဖြင့်ပြန်လဲ မနခသလနမပ ရှာဖွေနိုင်သည်ဆိုသော အားနည်းချက်ကို အမြဲသတိထားပါ။• မိမိ၏ ကွန်ပျူတာအား တခြားသော ကွန်ပျူတာမှ ၀င်ရောက်၍၀င်ရောက် ကြည်ရှု့ရှာဖွေနိုင်သော နည်းကပညာများရှိသည်ကို အမြဲသတိထားပါ။• ဟိုတယ်၊မိုတယ်များတွင် ကင်မရာငယ်များတပ်ဆင်ထားလိမ့်မည်ဟူသော အသိအမြဲထားထားပါ။•ွှသငူနအ များတွင် ကင်မရာများတပ်ဆင်ထားလိမ့်မည် ဆိုသော အသိကိုသွင်းထားပါ။• မိမိချစ်သူအား အ၀တ်အစားမပါဘဲ ၀က်ကမ်ပြခြင်းကို ဆင်ခြင်ပါ။ မိမိလက်ထက်နိုင်မည့်သူ မိမိအားအမှန်တကယ်လက်ထက်မည့်သူအားပြနိုင်သည်။သို့သော်စိတ်ကွယ်ရာမရှိသဖြင့် ဆင်ခြင်လျှင်အကောင်ဆုံးဖြစ်သည်။• ချက်(ခ်) ခ့အေ မသသာ တွင် ခပဘနမျနထ လုပ်ခြင်းများမတတ်နိုင်ဆုံး ဆင်ခြင်ပါ။• မိမိသည် အမျိုးကောင်းသား၊သမီးဖြစ်ကြောင်း နှလုံးသွင်းထားပါ။• ချစ်သူနှစ်ဦး အပျော်တမ်း ဗွီဒီယိုရိုက်ကူခြင်းဆင်ခြင်ပါ။• အထူးသဖြင်တော့ စိတ်ကွယ်ရာမည်သည့်အရာမဆို မလုပ်လျှင် လုံခြုံမှုရှိသောနည်းလမ်းနှင့် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။
ကိုယ်ချင်စာစိတ်အင်တာနက်ပေါ်သို့တင်သောသူများ၊ ကင်မရာဖြင့်ခိုးယူရိုက်ထားသောသူများ ၊ျွှနဘခောဝက်ကမ်ဖြင့်ဖမ်းယူထားသောသူများ ၊ သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာကိစ္စအား ၀င်ရောစွက်ဖက်သောသူများ အနေဖြင့် အောင်ပါအချက်များကို ကိုယ်ချင်းစာစိတ်ဖြင့် စဉ်းစားပေးစေချင်ပါသည်။အင်တာနက်တွင်လွတ်လပ်စွာ တင်ပြပိုင်ခွင့်ရှိသည်မှာမှန်ပါသည်။ သို့သော် မိမိ၏ လုပ်ရပ်သည် တဖက်မိန်းကလေးတွင် ဘယ်အတိုင်းအတာ အထိဒုက္ခရောက်၊ စိတ်ဆင်းရဲဖြစ်နိုင်သည်ကို ကိုယ်ချင်းစာသင့်ပါသည်။ မိမိ အင်တာနက် ၀က်ဆိုက်(ဒ်)တွင် တင်လိုက်ခြင်းသည် မြန်မာနိုင်ငံတာမက ကမ္ဘာကပါသိနိုင်သည်ဖြစ်သည်။ ထို့ကြောင့် အင်တာနက်တွင် မကောင်းသော ပြည့်တန်ဆာ မိန်းကလေးများ၏ ဓါတ်ပုံဖိုင်များကို တင်ထားခြင်းသည် အပြစ်မရှိသော်လည်း မြန်မာလူမျိုး မိကောင်းဖခင် သားသမီးများ၏ ဘ၀ နောင်ရှေ့ရေးကိုတော့ ကိုယ်ချင်းစာစေချင်ပါသည်။ နှမချင်းကိုယ်ချင်းစာစေချင်ပါသည်။ သားသမီးချင်းကိုယ်ချင်စာစေချင်သည်။ ချစ်သူချင်း ကိုယ်ချင်းစာစေချင်ပါသည်။ မိန်းကလေးတင် မဟုတ်ဘဲ မိန်ကလေးနှင့် ဆက်ဆက်နေသော လူမှုအသိုင်းအ၀ိုင်းအားလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ရသည်ကို ကိုယ်ချင်းစာစေချင်ပါသည်။ မိန်းကလေး၏ မိဘများ၊ ညီအကိုမောင်နှမများ လူ့လောကတွင် ရပ်တည်နိုင်ရေးအတွက်များစွာ အခက်အခဲရှိနိုင်ပါသည်။ မိမိမယူနိုင်ဘဲ အင်တာနက် ခ့အေမသသာချက်(ခ်) တွင် မိန်းကလေး၏ ကာမကိုအကွက်ဆင်သိမ်းသွင်းယူခြင်း ႊၽနဘခော၀က္ကမ္ဖိုင္မ်ား ဖမ်းယူခြင်း စီးပွားဖြစ်ဖြန့်ဖြူးခြင်းကို နှမချင်စာနာစွာဖြင့် ထိန်းသိမ်းရန်လိုအပ်ပါသည်။ အရာရာတိုင်းတွင် ကိုယ်ချင်းစာစိတ်ဖြင့် ဆင်ခြင်စေချင်ပါသည်။ ယောကျာင်္းလေးများ မိမိ၏ချစ်သူအပေါ်သစ္စာရှိစေခြင်ပါသည်။ အဆင်မပြေမှုကို အကြာင်းပြ၍ မိမိနှင့်မိမိ၏ ချစ်သူတို့ စိတ်မထိန်းနိုင်မသိမ်းနိုင် ချစ်နယ်ကျွံခဲ့ကြသော ၀က်ကမ်ဖိုင်များ ၊ ဓါတ်ပုံများကို အင်တာနက်သို့ တင်ပြခြင်းအား ဆင်ခြင်သင့်ပါသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ချင်းစာစိတ်ဖြင့် မိမိလုပ်ခဲ့သော အပြုမူအား ကောင်း၊မကောင်း။အကျိုးရှိ၊ မရှိကိုဝေဖန်း၍ လိမ္မာယဉ်ကျေး၍ ကိုယ်ချင်းစာတတ်သော မြန်မာလူမျိုးများဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။
(မှတ်ချက်။ ။တကယ့်ဖြစ်ရပ်မှန်ဖြစ်ပါသည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကိုတင်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် တနဘျငအနူငညု မေးမြန်းခြင်းအား သီးခံပါ။ မိန်းကလေး၏ အရှက်နှင့်သိက္ခာကို ကာကွယ်သောအားဖြင့် မဖော်ပြခြင်းဖြစ်သည်။ ထို့အတူ ဒီဆောင်းပါးအား ဖတ်ရှု့ပြီးပါကလည်း မိမိ၏မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအသင်းများအား အကျိုးအကြောင်းကို ဝေငှစေချင်သည်။ ခုဖော်ပြထားသော အဖြစ်စိုးမျိုးနှင့် မိမိ၏ မောင်နှမသားချင်း၊ ချစ်သူ ၊သားသမီး၊ဇနီးမယား ၊မိတ်ဆွေတို့အား မကြုံတွေ့အောင် တားဆီးအသိပေးစေချင်သည်။ မြန်မာလူမျိုးပီသစွာ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာမိန်းကလေးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်စေလိုပါသည်။)
အက္ခရာ(နေပြည်တော်)

အကြံသမားတို့၏ ဆိုဒ်ဝါးဖန်တီးမှု

အကြံသမားတို့၏ ဆိုဒ်ဝါးဖန်တီးမှု
အပိုချဲ့ကား သိမ်းသွင်းစကားသည် လူကိုသေစေနိုင်၏။ လူ့လောကကို ဖျက်ဆီးတတ်၏။ လူတစ်ဦးနှင့် တစ်ဦးအကြား အမုန်းကိုဖြစ်ပေါ်စေ၏။ နိုင်ငံရေးကို မွန်းကျပ်အသက်ငင်စေ၏။ အပိုချဲ့ကား သွမ်းသွင်းခြင်းသည် လူ့လောကတွင် မုသားကို အခြေခံ၍ တည်ရှိနေ၏။နိုင်ငံရေးလောကတွင်ဆိုလျှင် အပိုချဲ့ကား သိမ်းသွင်းစကား၏ အန္တာရာယ်သည် နိုင်ငံတစ်ခုလုံး ပျက်ဆီးရလောက်အောင် ဆူပူအုံ<ကမှုကိုဖြစ်စေသည်။ ၀ါဒဖြန့်မှုဖြင့် လူအများကို စည်းရုံးလိုက်၏။ ဒီနေရာတွင် ဖြစ်ပေါ်နေသောလက်ရှိ မြန်မာ့နိုင်ငံရေး နှင့် ကမ္ကာ့နိုင်ငံအဖြစ်အပျက်များကို နှိုင်းယှဉ်ဖော်ပြရမည်ဖြစ်သည်။ ကျွန်တော်သင်ကြားခဲ့ဖူးသော ဏ်ပႊၽေမ(စ်ပခ့သူသါပ တေမ) ဆိုဒ်ဝါး အကြောင်းကိုနည်းနည်းရှင်းပြချင်ပါသည်။ မြန်မာလို စိတ်ဓါတ်စစ်ဆင်းရေး ဖြစ်သည်။ယခုအခါ ခေတ်မှီဖွံ့ဖြိုးတတ်နေသော လူ့လောကကြီးတွင် ဆိုဒ်ဝါးကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးချနေကြသည်။ တနည်းပြောရလျှင် ပုံကြီးချဲ့ကာပြောခြင်းပင်ဖြစ်သည်။ ဤနည်းဖြင့်လူထုကို စည်းရုံ၍ဆူပူအုံ<ကမှုဖြစ်အောင်လှုံဆော်ခြင်းဖြစ်သည်။ဆိုဒ်ဝါးစကားပုံလေး တစ်ခုရှိသည်။ ‘‘ ကိုယ်တိုင်မီးရှို့ရန်မလို ၊မီရှို့ရမည့်နေရာနှင့် မီးရှို့မည့်သူသာတွေ့ရန်လိုသည်။‘‘ ဟုဆိုသည်။ ဆိုလိုသည်မှာ မိမိမကျေနပ်မှုများကို မိမိကိုယ်တိုင်မလုပ်ဘဲ မိမိလိုမကျေမနပ်ဖြစ်နေသော တခြားလူတစ်ယောက်ကို နားကျည်းမှုများဖြစ်လာအောင် ပုံကြီးချဲ့ဆိုဒ်ဝါးထည့် စည်းရှုံး၍ မိမိမကျေနပ်သူအား တိုက်ခိုက်ခြင်းဖြစ်သည်။၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးအမြတ်ထုတ်သူများက ဤနည်းကိုအသုံးပြု၍ နိုင်ငံတော် အချုပ်အခြာအာဏာ ပျက်ဆီးအောင်ကြံစည်းခဲ့ကြသည်။ ဒုတိယကမ္ကာစစ် အတွင်းက နာဇီဂျာမန်သည် ၀ါဒဖြန့်သူတို့၏စိတ်ဓါတ်စစ်ဆင်းရေးကို ခံလိုက်ရသည်။ အဖြူကို အနက်ဖြစ်အောင်အလုပ်ခံခဲ့ရသည်။ အစွန်းရောက်လူသတ်ဖြတ်တတ်သော လူညံ့ဂိုဏ်းသားများအဖြစ် ပုံစံပြောင်းခံခဲ့ရသည်။ အကြံသမားတို့၏ ၀ါဒဖြန့်မှုကြောင့် ဂျာမန်ပြည်သူများသည် ဂျူးတို့အား ရွံရှာစက်ဆုတ်ဖွယ် အမြင်ရောက်ခဲ့သည်။ ဤနည်းဖြင့် နာဇီတို့ပြည်သူ လူထုကိုအလွယ်တကူစည်းရုံးလိုက်သည်။ မြန်မာနိုင်ငံ ၁၉၈၈ ခုနှစ်အရေးအခင်းသည် လည်း ဤသို့ပင်ဖြစ်ခဲ့ရသည်။ အမှားအမှန်ကို သေချာမခွဲခြားတတ်သေးသော နုနယ်သော ကျောင်းသားများ ၊ တဇွတ်ထိုးလုပ်တတ်သောလူငယ်လေးများ နှင့် ပြည်သူလူထုကို ချဲ့ကားပုံသွင်းစည်းရှုံးကာ အထွေထွေမကျေနပ်မှုများ ဖြစ်အောင်ဖန်တီးယူလိုက်ကြသည်။ မြန်မာပြည်သူလူထု၏ ဗဟုသုတအားနည်းချက်ကို အခွင့်ကောင်းယူ၍ စနစ်တံကို မီးရှို့ပေးလိုက်သည်။ မြန်မာတစ်နိုင်ငံလုံး အနှံ့ ဆူပူးလှုပ်ရှားမှုဖြစ်ခဲ့ရသည်။ ချဲ့ကားသိမ်းသွင်းနည်းပညာဖြင့် မိမိလိုအပ်သော အခြေမနေရောက်အောင်ဖန်းတီးယူ လိုက်ကြသည်။ အမှန်ကိုအမှားဖြစ် အောင်လုပ်လိုက်ကြသည်။ တစ်ခါတစ်ခါအမှန်ကိုပင်အလဲထိုး အနိုင်ယူတတ်သေသည်။ အကယ်၍ ကျွန်တော်တို့ စိတ်ကူးယဉ်ဝါဒဖြန့်မှုနှင့် တကယ်အစစ် အမှန်ကို သေခြာမသိဘဲ သေချာစုံစမ်းမှု မပြုဘူးဆိုလျှင် ကောင်းနှင့်အဆိုးအမှန်နှင့် အမှားကိုခွဲခြားနိုင်တော့မည် မဟုတ်ပေ။ထို့ကြောင့်ပင် ရှူးရူးမူးမူ တဇွတ်ထိုးလုပ်တတ်သော လူငယ်များသည် နိုင်ငံရေးသမားများ အတွက်ဈေးကွက်ကောင်း တစ်ခု ရထားသလိုပင်ဖြစ်နေခဲ့ရသည်။ လူငယ်များအား အကျွမ်းတ၀င် မရှိသောနိုင်ငံရေး လောကသို့ဆွဲသွင်၍ ပုံဖော်ပစ်လိုက်သည်။ ထို့ကြောင့်ပင် အကြောင်းပြချက်မခိုင်လုံသော ဆန္ဒပြပွဲကိုဖန်းတီယူခံခဲ့ရသည်။ နိုင်ငံဆူပူမှုဖြစ်၍ အချုပ်အခြာအာဏာ ပျောက်ပျက်မည့် အခြေအနေသို့ဆိုက်ရောင်ခဲ့သည်။ တပ်မတော်မှ တာဝန်ယူထိန်းသိမ်းရသည့် အဆင့်ရောက်ခဲ့သည်။ ဗြိတိန်နိုင်ငံ၏ မာဂရက်သက်ချာ မဲဆန္ဒခံယူပွဲ ဟောပြောချက်များကိုလေ့လာကြည့်နိုင်ပါသည်။ မာဂရက်သက်ချာသည်ဗြိတိန်နိုင်ငံတွင် အကြီးအကျယ်ပါဒဖြန့် သိမ်းသွင်ခြင်းဦးစီးရှေ့ဆောင်တစ်ယောက်ဖြစ်ခဲ့သည်။ သူ့နောက်မှ ဂျွန်မေဂျာ သူ့အတိုင်းပင်ဖြစ်သည်။ လေဘာပါတီ၏ အမြတ်ခွန်တိုးမြှင့်မှု ပုံပြင်များကိုပြော၍ ပြည်သူလူထုကိုယုံအောင် စည်းရုံးခဲ့သည်။ဗြိတိန်ဝန်ကြီးချုပ်တိုနီဘလဲ ဒိုင်ယာနာမင်းသမီးသေးဆုံးသည့် ၀မ်းနည်းမိန့်ခွန်းပြောဟန်ဖြင့် ၀ါဒဖြန့်မှုကလည်း ပိရိလှသည်။ တစ်ခါတစ်ခါမုသားသည် ထိရောက်လှသည်။ လူအများ၏စိတ်ကို သိမ်းကြုံး စည်းရုံးနိုင်သည်။ ဗြိတိန်နိုင်ငံကတိုနီဘလဲ။အမေရိကန်နီုင်ငံမှ ဂျော့ဘုရှ် ၄င်းတို့ကိုကြည့်၍ ဥပမာပြနိုင်ပါသည်။ ကားထဲမှထွက်လာသောတိုနီဘလဲသည် ပျက်ဆီးနေသော ဂစ်တာအိုကို တစ်ဘက်ကကိုင်၊ တစ်ဘက်က ယိုယွင်းနေသော သေတ္တာနီကိုကိုင်၍ ဖြူဖျော့ဖျော့ ဂျင်းဘောင်းဘီကျပ်ကျပ်နှင့် သရုပ်ဆောင်ခဲ့သည်။ ဂျော့ဘုရှ် သည်လည်းအမေရိက ကျောင်းသာများအား ဗီယက်နမ်စစ်မြေသို့ မပို့ဟုတထစ်ချ အာမခံ၍ လူထုကိုအိမ်မက်ပေးစည်းရုံးခဲ့သည်။ ဟန်မဟုတ်ဘဲ အလိုအလျောက်ပြုမူသော ဟန်ပြခဲ့သည်။ နောင်ဆုံးတော့ ပုံကြီးချဲ့ကားဝါဒဖြန့်မှုတွေ၏ အဆုံးသတ်သည် ယုံကြည်မှုကိုသတ်ဖြတ်ပစ်လိုက်သည်။ တစ်ဆက်တည်းပင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို သတ်သည်။ ဤနည်းဖြင့် လူ့အဖွဲ့အစည်းကို အသက်ရှူပေါက်ပိတ်ကာ မွန်းကြပ်စေခဲ့သည်။ မဟုတ်မဟပ်သတင်းမီဒီယာများကို ချပြပြီးလူထု ဆန္ဒပြပွဲဖြစ်အောင်လုပ်လိုက်ကြသည်။ ၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးအခင်းကို ကြည့်ရင် သိနိုင်ပါသည်။ နိုင်ငံဆူပူမှုကို အခွင့်ကောင်းယူ၍ ၁၄.၉.၈၈ ဗကပ တပ်တွေ မိုင်းယန်းမြို့ကို ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ ၄င်းတိုင်ပွဲအား ‘‘မိုင်းယန်းတိုက်ပွဲဟာ ပေါ့သေးသေးတိုက်ပွဲတော့မဟုတ်ဘူး။ တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်ဟု‘‘ ဗိုလ်ချုပ်ချူပ်ကြီးစောမောင် ၏ မှတ်ချက်ပေးခဲ့သည် ကိုတွေ့နိုင်သည်။ဘယ်လောက်ကြောက်စရာကောင်းလဲ တိုင်ပြည်မငြိမ်သပ်မှုကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာပျောက်ပျက်မည့် အခြေအနေသို့ရောက်ခဲ့ရသည်။ ထို့အတူ ၁၂.၉.၈၈တွင် ‘‘ မြန်မာ့ရေပိုင်နက်၊ ရန်ကုန်မြို့တော် တောင်ဘက် ရေမိုင် ၁၉၀ အကွာ မြောက်လတ္တီတွဒ် ၁၄.၅ရ ဒီဂရီ နှင့် အရှေ့လောင်ဂျီတွဒ် ၉၆.၃၃ ဒီဂရီ ဆုံရာတွင် အမေရိကန်ရေတပ်သည် လေယာဉ်တင်သင်္ဘော အပါအ၀င် စစ်သင်္ဘော၅စင်း၊ နေရာယူထားပြီး ကမ်းတတ်ယာဉ်များ ရေထဲချထားသည်‘‘ကို မြန်မာ့ကြယ်ငါးပွင့် ‘‘ အင်းဝ‘‘ သင်္ဘောမှတွေ့ခဲ့ရသည်။အင်မတန် ကြောက်မက်ဖွယ်ကောင်းလှသည။်ပြည်းတွင်ရေး မငြိမ်းမသက်မှုကို အခွင့်ကောင်းယူ မြန်မာပြည်ကိုဝင်သိမ်းဖို့ကြံစည်းခဲ့ကြသည်။ထိုအခြေအနေအရပ်ရပ်ကြောင့်ပင် ၁၈.၉.၈၈ တွင်နိုင်ငံတော်ပျက်ဆီး ချို့ယွင်းနေသော အခြေအနေအရပ်ရပ်မား တပ်မတော်မှ တာဝန်ယူထိမ်းသိမ်းခဲ့ရသည်။ဤသို့ဖြစ်ရခြင်းမှာ အကြံသမားတို့၏ ပက်ပက်စက်စက် အလွန်အကျွံဝါဒဖြန့်မှုတွေကြောင့်ဆိုတာ အထင်အရှားတွေ့နိုင်ပါသည်။ ဤကဲ့သို့သော် အလွန်အကျွံဝါဒဖြန့်မှုတွေတာ တွေ့နေရသည့်အခါ ကျွန်တော်သည် ကိုယ့်ကိုသာ ယုံကြည်နိုင်တော့၏။အလွန်အကျွန်ဝါဒဖြန့်မှုများ လွှမ်းမိုးကြီးစိုးလာသဖြင့် ယုံကြည်မှုသည် ဝေးကွာလှသောရှေးဟောင်း သမိုင်းအရာ တစ်ခုအဖြစ်သာကျန်ရစ်ခဲ့ရတော့သည်။ မည်သို့ပင်ဖြစ်စေ နုနယ်ငယ်ရွယ်သော လူငယ်ကျောင်းသားများ၊ ပြည်သူလူထုသည် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို သေချာလေ့လာစမ်းစစ်ကြည့် ရမည်ဖြစ်သည်။ အမှန်လား အမှားလာ ဆိုတာ မိမိကိုယ်တိုင် သိရှိအောင်လုပ်ရမည်။ ဤသို့ မဟုတ်ပါလျှင်အကြံသမားတို့၏ အလွန်အကျွံဝါဒဖြန့်မှုဖြင့် မုသားစကားများကိုသာ အမှန်တရားဟု ယုံကြည်လက်ခံနေရမည်ဖြစ်သည်။ ကလောင်လက်ဖြင့်လူသတ်နေသော ၀ါဒဖြန့်သမားများ၏ ရန်မှကင်းဝေးစေရန်ဆုတောင်းပေးလိုက်ပါသည်။
(မှတ်ချက်။ ။ဤဆောင်းပါးသည် ကျွန်ုပ်၏ထင်မြင်ယူဆချက်အား ဖော်ပြရေးသားခြင်း သက်သက်သာဖြစ်ပါသည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတစ်ခုအား ထိခိုက်စေရန် ရည်ရွယ်ရေးသားခြင်းမျိုး မဟုတ်ပါ။ လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံအတွင်း ၀ါဒဖြန့်မှိုင်းတိုက်ခိုက်ခံနေရသော ကျောင်းသားလူငယ်နှင့် ပြည်သူလူထုကို မိမိကိုယ်ပိုင်အသိဥာဏ်ဖြင့် အမှန်နှင့် အမှားကိုခွဲခြားတတ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ထို့အတူ ကျွန်ုပ်၏ ယူဆချက်အား မှန်သည်၊မှားသည်ကို မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ဝေဖန်ခွဲခြားရန်ဖြစ်သည်။)
အက္ခရာ
(နေပြည်တော်)