အလှပျောက်ဆုံခြင်းနှင့် မေတ္တာ အကြင်နာတို့ပြယ်လွင့်ခြင်း

လောကမှာ လူတွေဟာ အပေါ်ယံအလှကိုသာ တဏှာရာဂနဲ့ မူးမူးယစ်ယစ် တရှိုက်မက်မက် စွဲလမ်းချစ်ခင်နေတတ်တဲ့ သဘေားရှိသည်။အလှတွေ ပျောက်ကွယ်သွားချိန်မှာ မေတ္တာအကြင်နာတို့စွန့်ခွာသွားတတ်သည်။
ပြင်သစ် မြင်းတပ်ဖွဲ့က ရုပ်ချော စစ်ဗိုလ် အေပီဗွန် နဲ့ ကုမ္ပဏီက စာရေးမလေး အီရာမာ တို့ ချစ်ကြိုက်ကြသည်။သူတို့အတွဲကို လူတိုင်းငေးကြည့်ကြရတယ်။
တစ်နေ့မှာ ပြင်သစ်နဲ့ ပရပ်ရှား စစ်ကြေညာတော့ စစ်ဗိုလ်လေး စစ်ထွက်သွားရ။ရွပ်ရွပ်ချွန်ချွန်တိုက်။ စစ်ပြီးလို့ ပြန်လာတဲ့အခါ အီရာမာ ကို စုံစမ်းမရ။နောက်မှစာရ။ ဆေးရုံတတ်နေကြောင်းသိ၊လိုက်သွား။ ဆမ်ဖလစ်စခန်းမှာဖြစ်နေလို့တွန့်သွား၊ အီရာမာက ပရပ်ရှားတွေ အနိုင်ကျင့်ခံရရာမှ ရောဂါရပြီး သူတို့ကိုလည်းရောဂါရစေခဲ့ကြောင်းပြောပြ။
အီရာမာမှာ ယခင်အလှတွေ လုံးဝပျောက်ကွယ်သွားပြီး ရောဂါရနေလို့ စစ်ဗိုလ်လေး အလွန်စိတ်ပျက်သွားတယ်။ဆေးရုံကိုတောင် သူမလာချင်တော့ဘူး။နောက် အကြောင်းကြားမှ ရောက်လာတယ်။
သူတို့နှစ်ဦးရဲ့ ခံစားချက်တွေ အသီးသီးပေါက်ကွဲကြာလာတယ်။ ဘယ်သူပို ချစ်သလဲ။ဘယ်သူပိုသစ္စာရှိသလဲ။
အလှတွေ ဝေဖြိုးနေချိန်မှာ အရေးကြုံရင် အသက်တောင်စွန့်ပြီးချစ်မယ်လို့ သစ္စာပြုခဲ့တာတွေ အလှ ဆင်းရဲခြင်းနဲ့အတူ ချုပ်ငြိမ်း ကွယ်ပျောက်သွားတယ်။ သိပ်ကို ချစ်မြတ်နိုးတဲ့ အဖြစ်ကနေ သိပ်ကို ရွံရှာသွားတဲ့ အဖြစ်ကိုရောက်သွားတယ်။
သူရဲကောင်းမလေးကို အလှမရှိတော့ မြတ်နိုင်းရကောင်းမှန်မသိတော့ဘူး။ချစ်ချင်းမေတ္တာကို ဘယ်အရာနဲ့တိုင်းတာကြမလဲ ရုပ်ရည်ရူပကာ၊ရာထူးဌာနန္တရတွေ၊ကျော်စောမှုတွေ နဲ့ အချစ်ကို ရွေးချယ်နေသမျှခုလို အဖြစ်အပျက်မျိုးတွေ ကြုံတွေ့နေရဦးမှာဖြစ်ပါသည်။ဒီဖြစ်ရပ်လေးက တကယ်ဖြစ်ရပ်လေးတစ်ခုပါဘဲ။ဒီတော့ ဒီဖြစ်ရပ်လေးကို သာဓကပြုပြီး မိမိရဲ့ရဲ့ အလှတရားတွေရှိနေချိန်မှာ မိတ်ဆွေကောင်းကို မသိနိုင်၊ မေတ္တာ အကြင်နာနဲ့ မြတ်နိုးနေခြင်းလားမသိနိုင်ပါဘူး။ ဒီတော့မိမိရွေချယ်မဲ့မိတ်ဆွေ ၊ချစ်သူကို အရွေချယ်မမှားဖို့လိုအပ်ပါသည်။ ဒီဖြစ်ရပ်လေးကို နှလုံးသွင်းပြီး ပြောင်းလဲတတ်တဲ့လူတို့ရဲ့ သဘောထားကိုနားလည်နိုင်ပါစေ။

No comments:
Post a Comment