Dec 11, 2006

ကိုယ်ချင်းစာတရားနှင့် အင်တာနက်

ကိုယ်ချင်းစာတရားနှင့် အင်တာနက်ကျွန်တော်သည် စာရေးဆရာမဟုတ်ပါ။ သို့သော် ဖြစ်ပေါ်နေသော လက်ရှိအခြေအနေ အရပ်ရပ်အား မကြာခဏဆိုသလို ဆောင်းပါးရေး၍ ပြည်သူလူထုအား အသိပေးနေခြင်းသက်သက်သာဖြစ်ပါသည်။အခုလဲခေတ်မှီတိုးတတ်နေသော အင်တာနက်နှင့် မြန်မာအမျိုးသမီးများ၏ အရှက်နှင့် ဂုဏ်သိက္ခာကို ရှေ့ရှု့၍ထိန်းသိမ်းနိုင်ရန်တင်ပြလိုက်ခြင်း သက်သက်သာဖြစ်ပါသည်။ကျွန်တော်တို့ခေတ်သည် တစ်သားတည်း ပေါင်းစည်းမိသွားသော ကမ္ဘာ၏ခေတ်ဖြစ်သည်။ နည်းပညာများသည်လည်း တစ်နေ့နှင့်တစ်နေ့မတူအောင်ကို တိုးတတ်နေသည်။ အမှန်အတိုင်းပြောမယ်ဆိုလျှင် ကျွန်တော်တို့ထင်မြင်ထားချက်ထက်ကို ပိုပြီးတိုးတတ်နေသော ခေတ်ဖြစ်သည်။ ထို့သို့ဖွံဖြိုးတတ်လာရခြင်းမှာလည်း လူမှုရေး၊စီးပွားရေးသာမက ဆက်သွယ်ရေးနည်းပညာများလည်း အံ့မခန်းနိုင်အောင် တိုးတတ်နေသောခေတ်ဖြစ်ပါသည်။ဤသို့ဆိုလျှင် အင်တာနက်ဆိုသော စကားလုံးကို သတိမထားမိဘဲ မနေနိုင်အောင် နိုင်ငံအသီးသီး ဆက်စပ်ပြောင်းလဲနေသောခေတ်ဖြစ်သည်။ ထို့ကြောင့် အင်တာနက်သည် ကျွန်တော်တို့အား အကောင်းဘက်သို့ ဆွဲခေါ်သလား။ အဆိုဘက်သို့ ဆွဲခေါ်သလား။ ဒါကတော့ အဖြစ်အပျက်တစ်ခုကို ဘက်နှစ်ဘက်နှင့် မြင်ကြည့်သလိုပဲ ဤကိစ္စမှာလည်း အကောင်းဘက်နှင့် အဆိုးမြင်ဘက်ဟု နှစ်မျိုးကြည့်၍ ရပါသည်။
အင်တာနက်၏ ကောင်းကျိုးတော်တော်များများကို လူတိုင်းလိုလိုသိပြီးပြီဖြစ်၍ အထွေအထူးမတင်ပြလိုတော့ပါ။ သို့သော်လူမှုရေးဖောက်ဖျက်မှု တော်တော်များများကိုတော့ ဆိုးကျိုးများအဖြစ်သတ်မှတ်ရမည်ဖြစ်သည်။ အင်တာနက်သည် သုံးတတ်သူကို အကျိုးပြု၍ မသုံးတတ်သူကို ဘေးတွေ့စေတတ်ပါသည်။ ကျွန်တော် လက်ရှိတွေ့မြင်နေရသော စိတ်မကောင်းစရာအဖြစ် အပျက်များကို ဖော်ပြသွားမည်ဖြစ်သည်။ ဤသို့ဖော်ပြရခြင်းမှာလည်း ခေတ်မှီတိုးတတ်နေသောခေတ်သည် ဘာမှယုံကြည်စရာမရှိဘူးဆိုတာ သိစေချင်သည်။ အင်တာနက်ငညအနမညနအ ဃ့အျွေသသာချက်(ခ်) ၏မူလရည်ရွယ်ချက်မှာ တနေရာနှင့်တနေရာ ဆက်သွယ်ရန်ခက်ခဲသော အခြေအနေမျိုးတွင် မိမိ၏မိသားစုကိုသော်လည်းကောင်း ၊ အဖွဲ့အစည်းကိုလည်းကောင်း လွယ်ကူစွာဆက်သွယ်နိုင်ရန်ဖြစ်သည်။ သို့သော် တိုးတတ်လာသော ခေတ်တွင် ငညအနမညနအ ဃ့အျွေသသာအင်တာနက်ချက်(ခ်)ကို ကောင်းကျိုးတွင် အသုံးမချဘဲ လူမှုရေးဖောက်ဖျက်မှုတွင် အသုံးပြုနေခြင်းမှာ အတော်ပင် ၀မ်းနည်းစရာကောင်းလှသည်။ အထူးသဖြင့် နောင်အနာဂတ်ကို အုပ်စိုးကြမည့် ခေတ်လူငယ်များသည် ငညအနမညနအ ဃ့အျွေသသာအင်တာနက်ပေါ်တွင် အသိမသာ ကိုယ်ကျင့်တရားပျက်နေရခြင်းမှာ နောင်အနာဂတ်ကမ္ဘာအတွက် အလွန်ပင်ကြီးမားသော အန္တရာယ်ဖြစ်ပေသည်။ ငညအနမညနအ ဃ့အျွေသသာအင်တာနက်ပေါ်တွင် အလွယ်တကူ လိင်ဆက်ဆံခြင်းနှင့် ပတ်သတ်သောကိစ္စများကို အကျယ်တ၀န့်လှုပ်ဆောင်လာကြသည်။ ငညအနမညနအ ဃ့အျွေသသာအင်တာနက်ကို အသုံးပြုပြီး မိန်းကလေးများ၏ ဂုဏ်သိက္ခာငြိုးနွမ်းစေသော လုပ်ရပ်များကို လုပ်ကိုင်လာကြသည်။
ဒီဂျစ်တယ် ကင်မရာဖြင့် စိတ်ကွယ်ရာဒီနေရာတွင် တကယ်ရှိနေသော ဖြစ်ရပ်များကို ဆင်ခြင်နိုင်ရန် တင်ပြလိုက်ရပါသည်။ အရင် တစ်ပတ်ခန့်ကျွန်တော့် မိတ်ဆွေတစ်ယောက်က ကျွန်တော့်အား ၀က်ဆိုက်(ဒ်)တနဘျငအန တစ်ခု၏ူငညု လင့်ကိုပေးခဲ့သည်။ ပြီးတော့စကားလေး တစ်ခွန်ပြောသွားသေးသည် ‘‘တော်တော်အဖြစ်ဆိုးတဲ့ မိန်းကလေးတွေဘဲကွာ သူတို့၏ ပုံတွေဒီဝက်ဆိုက်(ဒ်) တနဘျငအန မှာ ရှိနေကြတာသူတို့သိမှာ မဟုတ်ဘူးကွာ။ ငါသာသူတို့အကိုသာဆိုရင်တော့ တော်တော်အရှက်ကွဲရမှာဘဲကွာတဲ့။ အဲ့ဒါမင်း ကူညီနိုင်တဲ့ဘက်ကနေ မင်းလက်လှမ်းမှီသလောက်တားဆီပေးပါဦး‘‘တဲ့ကျွန်တော်ကိုမှာသွားသည်။ အစတွင် ကျွန်တော်သူ ဘာကိုဆိုလိုသွားသည်ကို မသိခဲ့ပေ။ နောင်အဲ့ဒီ ၀က်ဆိုက်(ဒ်) တနဘျငအန ထဲဝင်ကြည့်မှ အတော့်ကို စိတ်မကောင်းဖြစ်သွားမိသည်။ မြန်မာအမျိုးသမီးလေးများပါ။ ဒီထက်ပြည့်ပြည့်စုံစုံပြောရမည်ဆိုလျှင် မိကောင်းဖခင် သားသမီးများဖြစ်နိုင်သည်။ သူငယ်ချင်းများဖြင့် လွတ်လွတ်လပ်လပ် ကင်မရာဖြင့်ရိုက်ထားဟန်တူသည်။ ကိုယ်ခန္ဓာတွင် အ၀တ်မပါချေ။ ရေချိုးနေသည့် ပုံများလည်းပါသည်။ သူ မမျှော်လင့်ထားသော အရာများဖြစ်ခဲ့ရသည်။ ခေတ်သည် သူ့ကိုဒဏ်ခတ်လိုက်ပြီးဖြစ်သည်။ လုံခြုံမှုရှိသည်ဟု ထင်ထားသော အရာများသည် သူမ၏ အရှက်ကို ပက်ပက်ဆက်ဆက်ကွဲစေခဲ့ခြင်းပင်ဖြစ်သည်။ ထိုဓါတ်ပုံကို လွတ်လွတ်လပ်လ်ရိုက်ကူးထားသောသူ့တွင် အပြစ်မရှိဘူးထားဦး။ အင်တာနက် ၀က်ဆိုက်(ဒ်) တနဘျငအန ပေါ် နာမည်နှင်တကွရောက်လာသည်ကတော့ တော်တော်စိတ်မကောင်းစရာပင်ဖြစ်သည်။ ကျွန်တော်ထင်သည် သူ၏ဓါတ်ပုံများကို တစ်ဦးကတွေ့သွားမည်။ပြီးသူ၏ခွင့်ပြုချက်မရဘဲ ယူဆောင်သွားမည်။ ပြီးတော့အင်တာနက်ပေါ်တင်လိုက်သည်။ အဲ့သည်လူမှာအင်မတန် လူမဆန်သော အလုပ်ကို လုပ်လိုက်ခြင်းဖြစ်သည်။ ကိုညီမအရွယ် မိန်းကလေး၏ ဘ၀ကို နှမချင်းမစာမနာ လုပ်လိုက်ခြင်းပင်ဖြစ်သည်။ လူလောကတွင်လူလုပ်လို့ မရအောင်ကိုပင်အရှက်ခွဲလိုက်ခြင်းဖြစ်သည်။ ကျွန်တော်စိုးရိမ်သည်မှာ မိန်းကလေးဆိုတာထက် သူ့ပတ်ဝန်းကျင်ကိုပင်ဖြစ်သည်။ သူဘယ်လိုလူဆက်လုက်မလဲ သူ့မိဘတွေဘယ်လိုမျက်နှာပြမလဲ။ သူမှာလက်ထက်ရမဲ့ချစ်သူ ရှိခဲ့မယ်ဆိုရင်ဒီဖြစ်ရပ်အတွက် အဲ့ဒီမိန်းကလေးကို ဘယ်လိုတုန့်ပြန်မလဲ။ မောင်နှမချင်းကိုယ်ချင်းစာစွာဖြင့် ကျွန်တော် စဉ်းစားရခက်သွားသည်။ စိတ်မကောင်းလည်း အတော်ပင်ဖြစ်သွားသည်။ မည်သို့ပင် အရာရာအားလုံသည် အတော်ပင်နောက်ကျခဲ့ပေသည်။ နောင်ထပ်ထက်မဖြစ်အောင် မြန်မာလူမျိုးပီသစွာ ရိုင်းပင်ကူညီအသိပေးရန်လိုအပ်ပါသည်။
ျွှနဘဃောဝက်ကမ်၏ စိတ်ကွယ်ရာတစ်နေရာနောက်ဖြစ်ရပ်လေး တစ်ခုရှိပါသေသည်။ျွှနဘဃောဝက်ကမ်ဖြင့် ကိုယ်ချစ်သူအား ယုံယုံကြည်ကြည်ပြထားသော ဖိုင်များဖြစ်သည်။ လွန်ခဲ့သည့် အပတ်ကဖြစ်မည်ထင်သည် ကျွန်တော် သူငယ်ချင်းတစ်ယောက် ကျောင်းကိုသွားလယ်ရင်း ခက်ပျင်းပျင်းရှိတာနဲ့ သူ့ကွန်ပျူတာအား လျှောက်ဖွင့်ကြည့်ရင် ဖိုင်လေးတစ်ဖိုင်ကိုတွေ့ရသည်။ သူငယ်ချင်းအား ၄င်းဖိုင်အား ကြည့်ခွင့်ပေးရန်တောင်းဆိုခဲ့မိသည်။ ထိုအခါမှ သူငယ်ချင်းသည် စိတ်မကောင်းဖြစ်စွာဖြင့် ဖြစ်စဉ်အား ကျွန်တော့်ကို အားလုံးပြောပြသည်။ ၄င်းဖိုင်သည်လည်း မြန်မာမိန်းကလေးတစ်ယောက်၏ မီဒီယာဖိုင်ပင်ဖြစ်သည်။
ကျွန်တော်သူငယ်ချင်းပြောပြချက်အရဆိုလျှင် ဒီႊၽနဘဃော၀က္ကမ္ဖိုင္မ်ား အင်တာနက် ၀က်ဆိုက်(ဒ်)ပေါ်မှာတင်သွားသည်ကို သူတို့ချစ်သူနှစ်ယောက်စလုံး သိကြဟန်မတူချေ။ ဒီတော့သမီးရည်းစားသဘာဝအရ စကားတွေပြောရင် စိတ်မထိန်းနိုင်ဖြစ်ကြဟန်တူသည်။ နောက် ႊၽနဘဃော ပြ၍ချစ်သူနှစ်ယောက်သာ သိထားအပ်သော ကိစ္စများကိုလုပ်မိဟန်တူသည်။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ႊၽနဘဃော များပြ၍ စိတ်များမထိန်းနိုင်ဘဲ ဃပဘနမျနထ လုပ်ခဲ့ကြသည်ဖြစ်မည်။ အ၀တ်အစားများချွတ်ပြသည့် အခြေအနေရောက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤ ဖိုင်သည် အင်တာနက်ပေါ်ရောက်လာပြီး ကမ္ဘာသိဖြစ်သွားသည်တော့ စိတ်မကောင်းစရာဖြစ်သည်။မောင်နှမချင်း မစာမနာ ဒီ ႊၽနဘဃော ၀က်ကမ်းဖိုင်နဲ့ သူတို့စကားပြောထားတာတွေ၊ဓါတ်ပုံတွေ၊အားလုံးကို အင်တာနက်ျွှနဘျငအန ၀က်ဆိုက်(ဒ်)ပေါ်တင်ထားမှာ အင်မတန် ပက်ဆက်လွန်းလှပါသည်။ သူတို့နှစ်ဦးမည်သူ အပြစ်ရှိသည်ဆိုတာတော့ မပြောလိုပါ။ လူငယ်သဘာဝ ချစ်ကြသည်။ ကြိုက်ကြမည်။ စိတ်မထိန်းနိုင်ဘဲ ကျူးလွန်ခဲ့ကြမည်။ဒါကိုနားလည်ပေးနိုင်သော်လည် အင်တာနင်ပေါ်သို့ တင်ခဲ့သော သူကိုတော့် ကျွန်တော် တော်တော်လေး စိတ်နာမိပါသည်။အတော်ကြောက်စရာကောင်းလှသည်။ခေတ်ကြီးတိုးတတ်လာသည်မှာ လူသားများကို ဒုက္ခပေးနေသလိုပင်ဖြစ်နေသည်။ လူမှုရေးဖောက်ဖျက်မှုတွေ လျှောက်လုပ်နေကြသည်။ မိန်းကလေး ဘယ်လို အသက်ဆက်ရှင်မလဲ စဉ်းစားကြည့်စေချင်သည်။ တကယ်ပြောရလျှင် မိန်းကလေးသည် သိပ်ဟော့ဟော့ရမ်းဖြစ်ပုံမပေါ်ပါ။ ဒီထက်ပိုပြောရမယ်ဆိုလျှင် လင်ကောင်းသားကောင်းရနိုင်သည်။ ခုတော့ ဘ၀ပေးကုသိုလ်ကံစိုးသည်ဘဲဆိုရမလား။ တစ်ဘ၀လုံး လူလုံးမလှသည့် အပြစ်ကြီးဖြစ်ခဲ့သည်။ သူညီအကိုမောင်နှမတွေတွေ့ရင်သူ့ကို ခွင့်လွတ်နိုင်ပါ့မလာ။ သူ၏ မိဘတွေဘယ်လိုမျက်နှာပြကြမည်နည်း။ ကျွန်တော်စဉ်းစားရင် အတော်ပင်စိတ်နာမိသည်။ တကယ်တော့မိန်းကလေးတွင် အဖြစ်မရှိပါ။ သို့သော် မဆင်ပြေဖြစ်ရာကနေ အရှက်တကွဲ အကျိုးနည်းဖြစ်ကုန်သည်။ ထို့ကြောင့် ဤသို့အဖြစ်အပျက်မျိုး မဖြစ်အောင်မိန်းကလေးရော၊ ယောကျာင်္းလေးပါ ချစ်စိတ်ကိုထိန်းသိမ်း၍ နေရမည်ဖြစ်သည်။ မိန်းကလေးများ မိမိချစ်သူကိုအဲ့လောက်အထိ အလိုမလိုက်မိရန်အရေးကြီးပေသည်။
စိတ်ကွယ်ရာနောက်ကွယ်ခေတ်သည်တိုးတတ်လာသည်နှင့် လူသည် ဆန်းဆန်းပြားပြားများလည်လုပ်ချင်ကြသည်။ အပြစ်တော့မပြောလိုပါ။ သို့သော် သိပ်ခေတ်ဆန်ချင်ရင်တော့ ခေတ်ရဲ့ ဒဏ်ခတ်တာကို ခံရမည်သာဖြစ်သည်။ ခုခေတ်တွင် ဗွီဒီယို ကင်မရာနှင့် ချစ်သူစုံတွဲ ၊ လင်မယားနှစ်ဦး လိင်ဆက်ဆံနေကြသည်ကို ရိုင်ကူးဖြန့်ချိနေသာ လူမဆန်သည့် စီပွားရေးသမားများရှိသည်။ အထူးသဖြင့် ချစ်သူသမီးရည်စား ဟန်နီးမွန်းထွက်သော ဟိုတယ်၊ မိုတယ်များတွင် ဒစ်ဂျစ်တယ် ကင်မရာများကို တပ်ဆင်၍ ချစ်သူစုံတွဲ လိင်ဆက်ဆံနေသည်ကို ခိုးယူရိုက်ကူးနေကြသည်။ ဟိုတယ်၊ မိုတယ် ပိုင်ရှင်တွေကဘဲ မသိလို့လား။ သို့မဟုတ် လုံခြုံစိတ်ချမှုဘဲ မရှိတာလား။ ဒီလိုဆိုရင် မည်သို့ကျွန်တော်တို့ ဤလူမှုရေးဖောက်ဖျက်နေသည့်သူကို တားဆီးမည်နည်း။ စဉ်းစားစရာအချက်များပင်ဖြစ်သည်။ သက်ဆိုင်ရာမှလည်း ဤကဲ့သို့လူ့စည်းကမ်းဖောက်ဖျက်နေသူအား ထိရောက်စွာအရေးယူရပေမည်။ ထို့ကြောင့် ချစ်သူစုံတွဲ ဇနီးမောင်နံတို့သည် မိမိတို့၏ လုံခြုံရေးကို သတိရှိစွာဖြင့် စောင့်ထိန်းရမည်သာဖြစ်သည်။ မိမိသာလျှင် မိမိဘ၀၏ ပဲ့ကိုဖြစ်သဖြင့် မည်သို့မည်ပုံဖြစ်ပေါ်လာမည်ကို မိမိဟာဆုံးဖြတ်၍ ကာကွယ်တားဆီးရမည်ဖြစ်သည်။
တကယ်လုံခြုံပြီးလားတစ်ချို့ကိုတွေ့ဖူးသည်။ ဇနီးမောင်နှံနှစ်ယောက် အပျော်ရိုက်ကူးထားသည် တိတ်များကို။ သူတို့သူတို့ အတော်လုံခြုံနေပြီထင်လိမ့်မည်။ သို့သော် ခုတော့ တိုင်းသိပြည်သိ အင်တာနပ်ပေါ်သို့ရောက်ခဲ့ပြီ။ အတော်ပင်စိတ်မကောင်းစရာပင်ဖြစ်သည်။ ကိုယ်ချင်းလည်းစာမိသည် မိမိသည် သူတို့နေရာတွင်ဆိုလျှင် မိမိကိုယ်မိမိ အဆုံးစီရင်ချင်သည့်စိတ်များပင်ပေါ်လာနိုင်မည်။ သို့သော် သူတို့၏ ကံကိုကစိုးလွန်းလှပါသည်။ တိုးတတ်နေသော နည်းပညာကို အထင်သေးလိုက်သည်နှင့်တူပါသည်။ ထို့ကြောင့် ဘယ်အရာမဆိုလျှေမတွက်ဘဲ အရာရာမှာသတိထား လုပ်ကိုင်ရန်လိုအပ်ပါသည်။

မည်သို့ကာကွယ်တားဆီးမည်နည်းဤအခန်းကဏ္ဍသည် အလွန်ပင် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ဖြစ်ပေါ်ခဲ့သော အကျိုးဆက်များသည် အထွေထွေဗဟုသုတ အားနည်းမှုကြောင့်ဖြစ်သည်သည်ဟု ယူဆမိပါသည်။ ထို့ကြောင်တားဆီးနည်းကို ကျွန်တော်လက်လှမ်းမီသလောက် တင်ပြသွားပါမည်။• ဒီဂျစ်တယ်ကင်မရာဖြင့် အ၀တ်အစားမပါသော မိမိ၏ ပုံကိုမရိုက်ကူးပါနှင့်။• တကယ်လို့ရိုက်ကူးမိခဲ့သည်ထား ၄င်းအားသေချာထိန်းသိမ်းထားရန်လိုအပ်သည်။ဖြစ်နိုင်လျှင် ရိုက်ကူခြင်းမလုပ်ဖြစ်လျှင်အကောင်းဆုံးဖြစ်သည်။• မည်သူမှမသိဘူးလို့ ဘယ်တော့မှ လျှော့မတွက်ပါနှင့်။ စိတ်၏ကွယ်ရာမရှိဘူးဆိုတာကို သဘောပေါက်ပါ။• မိမိ၏ အရေးကြီးသော ဓါတ်ပုံများပါသော ကွန်ပျူတာအား တပါးသူအား လွတ်လပ်စွာ အသုံးမပြုခိုင်ပါနှင့်။• မိမိ၏ ကွန်ပျူတာအား တပါးသူအလွယ်တကူ အသုံးမပြုနိုင်အောင် ဈျေတသမိ ခံထားပါ။• လိုအပ်ရင်ျနခကမငအပ မြင့်မားသော ဈျေတသမျိသ်အတမေန ကို အသုံးပြုပါ။• ကွန်ပျူတာများပျက်စီးချို့ယွင်းပါက မိမိ၏အရေးကြီးသော အချက်အလက်များပါသော ဟာ့ဒ်(စ်)အား ဆိုင်သို့မပါသွားစေရန်အရေးကြီးသည်။• မိမိ၏စိတ်ကွယ်ရာ အချက်အလက်များအာိးနူနအန လုပ်ပြီးသော်လည်ျးသ်အတမေန ဖြင့်ပြန်လဲ မနခသလနမပ ရှာဖွေနိုင်သည်ဆိုသော အားနည်းချက်ကို အမြဲသတိထားပါ။• မိမိ၏ ကွန်ပျူတာအား တခြားသော ကွန်ပျူတာမှ ၀င်ရောက်၍၀င်ရောက် ကြည်ရှု့ရှာဖွေနိုင်သော နည်းကပညာများရှိသည်ကို အမြဲသတိထားပါ။• ဟိုတယ်၊မိုတယ်များတွင် ကင်မရာငယ်များတပ်ဆင်ထားလိမ့်မည်ဟူသော အသိအမြဲထားထားပါ။•ွှသငူနအ များတွင် ကင်မရာများတပ်ဆင်ထားလိမ့်မည် ဆိုသော အသိကိုသွင်းထားပါ။• မိမိချစ်သူအား အ၀တ်အစားမပါဘဲ ၀က်ကမ်ပြခြင်းကို ဆင်ခြင်ပါ။ မိမိလက်ထက်နိုင်မည့်သူ မိမိအားအမှန်တကယ်လက်ထက်မည့်သူအားပြနိုင်သည်။သို့သော်စိတ်ကွယ်ရာမရှိသဖြင့် ဆင်ခြင်လျှင်အကောင်ဆုံးဖြစ်သည်။• ချက်(ခ်) ခ့အေ မသသာ တွင် ခပဘနမျနထ လုပ်ခြင်းများမတတ်နိုင်ဆုံး ဆင်ခြင်ပါ။• မိမိသည် အမျိုးကောင်းသား၊သမီးဖြစ်ကြောင်း နှလုံးသွင်းထားပါ။• ချစ်သူနှစ်ဦး အပျော်တမ်း ဗွီဒီယိုရိုက်ကူခြင်းဆင်ခြင်ပါ။• အထူးသဖြင်တော့ စိတ်ကွယ်ရာမည်သည့်အရာမဆို မလုပ်လျှင် လုံခြုံမှုရှိသောနည်းလမ်းနှင့် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။
ကိုယ်ချင်စာစိတ်အင်တာနက်ပေါ်သို့တင်သောသူများ၊ ကင်မရာဖြင့်ခိုးယူရိုက်ထားသောသူများ ၊ျွှနဘခောဝက်ကမ်ဖြင့်ဖမ်းယူထားသောသူများ ၊ သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာကိစ္စအား ၀င်ရောစွက်ဖက်သောသူများ အနေဖြင့် အောင်ပါအချက်များကို ကိုယ်ချင်းစာစိတ်ဖြင့် စဉ်းစားပေးစေချင်ပါသည်။အင်တာနက်တွင်လွတ်လပ်စွာ တင်ပြပိုင်ခွင့်ရှိသည်မှာမှန်ပါသည်။ သို့သော် မိမိ၏ လုပ်ရပ်သည် တဖက်မိန်းကလေးတွင် ဘယ်အတိုင်းအတာ အထိဒုက္ခရောက်၊ စိတ်ဆင်းရဲဖြစ်နိုင်သည်ကို ကိုယ်ချင်းစာသင့်ပါသည်။ မိမိ အင်တာနက် ၀က်ဆိုက်(ဒ်)တွင် တင်လိုက်ခြင်းသည် မြန်မာနိုင်ငံတာမက ကမ္ဘာကပါသိနိုင်သည်ဖြစ်သည်။ ထို့ကြောင့် အင်တာနက်တွင် မကောင်းသော ပြည့်တန်ဆာ မိန်းကလေးများ၏ ဓါတ်ပုံဖိုင်များကို တင်ထားခြင်းသည် အပြစ်မရှိသော်လည်း မြန်မာလူမျိုး မိကောင်းဖခင် သားသမီးများ၏ ဘ၀ နောင်ရှေ့ရေးကိုတော့ ကိုယ်ချင်းစာစေချင်ပါသည်။ နှမချင်းကိုယ်ချင်းစာစေချင်ပါသည်။ သားသမီးချင်းကိုယ်ချင်စာစေချင်သည်။ ချစ်သူချင်း ကိုယ်ချင်းစာစေချင်ပါသည်။ မိန်းကလေးတင် မဟုတ်ဘဲ မိန်ကလေးနှင့် ဆက်ဆက်နေသော လူမှုအသိုင်းအ၀ိုင်းအားလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ရသည်ကို ကိုယ်ချင်းစာစေချင်ပါသည်။ မိန်းကလေး၏ မိဘများ၊ ညီအကိုမောင်နှမများ လူ့လောကတွင် ရပ်တည်နိုင်ရေးအတွက်များစွာ အခက်အခဲရှိနိုင်ပါသည်။ မိမိမယူနိုင်ဘဲ အင်တာနက် ခ့အေမသသာချက်(ခ်) တွင် မိန်းကလေး၏ ကာမကိုအကွက်ဆင်သိမ်းသွင်းယူခြင်း ႊၽနဘခော၀က္ကမ္ဖိုင္မ်ား ဖမ်းယူခြင်း စီးပွားဖြစ်ဖြန့်ဖြူးခြင်းကို နှမချင်စာနာစွာဖြင့် ထိန်းသိမ်းရန်လိုအပ်ပါသည်။ အရာရာတိုင်းတွင် ကိုယ်ချင်းစာစိတ်ဖြင့် ဆင်ခြင်စေချင်ပါသည်။ ယောကျာင်္းလေးများ မိမိ၏ချစ်သူအပေါ်သစ္စာရှိစေခြင်ပါသည်။ အဆင်မပြေမှုကို အကြာင်းပြ၍ မိမိနှင့်မိမိ၏ ချစ်သူတို့ စိတ်မထိန်းနိုင်မသိမ်းနိုင် ချစ်နယ်ကျွံခဲ့ကြသော ၀က်ကမ်ဖိုင်များ ၊ ဓါတ်ပုံများကို အင်တာနက်သို့ တင်ပြခြင်းအား ဆင်ခြင်သင့်ပါသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ချင်းစာစိတ်ဖြင့် မိမိလုပ်ခဲ့သော အပြုမူအား ကောင်း၊မကောင်း။အကျိုးရှိ၊ မရှိကိုဝေဖန်း၍ လိမ္မာယဉ်ကျေး၍ ကိုယ်ချင်းစာတတ်သော မြန်မာလူမျိုးများဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။
(မှတ်ချက်။ ။တကယ့်ဖြစ်ရပ်မှန်ဖြစ်ပါသည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကိုတင်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် တနဘျငအနူငညု မေးမြန်းခြင်းအား သီးခံပါ။ မိန်းကလေး၏ အရှက်နှင့်သိက္ခာကို ကာကွယ်သောအားဖြင့် မဖော်ပြခြင်းဖြစ်သည်။ ထို့အတူ ဒီဆောင်းပါးအား ဖတ်ရှု့ပြီးပါကလည်း မိမိ၏မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအသင်းများအား အကျိုးအကြောင်းကို ဝေငှစေချင်သည်။ ခုဖော်ပြထားသော အဖြစ်စိုးမျိုးနှင့် မိမိ၏ မောင်နှမသားချင်း၊ ချစ်သူ ၊သားသမီး၊ဇနီးမယား ၊မိတ်ဆွေတို့အား မကြုံတွေ့အောင် တားဆီးအသိပေးစေချင်သည်။ မြန်မာလူမျိုးပီသစွာ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာမိန်းကလေးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်စေလိုပါသည်။)
အက္ခရာ(နေပြည်တော်)

No comments: