Dec 11, 2006

စစ်ပွဲနှင့်သူ၏ နောက်ဆက်တွဲမီးပွားများ

စစ်ပွဲနှင့်သူ၏ နောက်ဆက်တွဲမီးပွားများ
ကျွန်တော်ငယ်ငယ်က ကြားဖူးသောစာပိုဒ်လေးတစ်ခုရှိသည်။ ‘‘ အချစ်နဲ့စစ်မှာတရားမျှတမှုရှိတယ်၊ မရှိဘူးဆိုတာ မရှိဘူး‘‘ ဟူ၍ဖြစ်သည်။သို့သော် ကျွန်တော် ထိုစကားရဲ့ အနက် အဓိပ္ပာယ်ကို အတော်ဘ၀င် မကျဖြစ်ခဲ့သည်။ သူတို့ပြောသလိုဆိုရင် လူသားတွေနေထိုင်တဲ့ ကမ္ဘာမှာ တရားမျှတမှုရှိလာတော့မည် မဟုတ်ပေ။ စစ် သည်ကြောက်စရာကောင်း၏။စစ်ပွဲသည် အနိဌာရုံဖြစ်၏။စစ်ပွဲသည် ချစ်သောသူကို ကွေကွင်းစေ၏။ သားတကွဲ၊မယားတကွဲဖြစ်စေ၏။စစ်ပွဲသည် လူလောကတိုးတတ်ရေးကို ဆုတ်ယုတ်စေ၏။စစ်ပွဲကြောင့် လူတွေ၏ စာရိတ္တတွေကို ပျက်ပြားစေ၏။ စစ်ကြောင့်ခပ်သိမ်းသော အရာရာတို့သည် ပျက်ဆီးရ၏။စစ်သည် နှစ်ဦးနှစ်ဘက်လုံးအား နာကျင်ထိခိုက်စေ၏။ စစ်ဘာကြောင့်ဖြစ်သလဲ။ အကြောင်အရင်းများစွာရှိပါသည်။သို့သော် စစ်ပွဲတော်တော်များများသည် အမုန်းကိုပဲ အခြေခံကြတာဘဲ မဟုတ်လား။ သေချာသည်မှာ စစ်မြေပြင်သည် ဂုဏ်တော်ကိုပါးကို နုတ်တိုက်ရွတ်တတ်အောင်သင်ပေးပြီး ၊မေတ္တာပိုနေမည့်နေရာတစ်ခု မဟုတ်ချေ။
တစ်ချို့က လူမည်းတွေကို မုန်းသည်။လူဖြူတချို့က အသားဝါလူမျိုး အာရှနိုင်ငံသားတွေကိုမုန်းသည်။လူဖြူတချို့နှင့် လူမည်းတချို့က ဂျူးလူမျိုးတွေကို မုန်းသည်။အာရပ်တွေက ဂျူးတွေကိုမုန်းသည်။ ကျွန်တော်ပညာသင်းကြားခဲ့ရသော ရုရှားနိုင်ငံရှိ အကျင့်ပျက်လူငယ်များလည်း အာရှတိုက်သား ဆံပင်နက်များကို သိပ်နှစ်သက်မှုမရှိကြချေ။ ထို့ကြောင့်ပင် နိုင်ငံခြားမှလာရောက် ကျောင်းတက်ကြသော အပြည်ပြည်ဆိုင်ရာ ကျောင်းသားများသည် ထိုအဖြစ်အပျက်များကို မကြာခဏကြုံတွေ့ကြရသည်။ ရန်ငြိုးလည်းမရှိ တစ်ခါမျှပင်မတွေ့ဖူးသူချင်း ပြသနာအလုပ်ခံရသည်။ အခန့်မသင့်က တုတ်ဖြင့်ရိုက်ကြသည်။ ပါလာသမျှ ပိုက်ဆံများအားလုယူတတ်ကြသည်။ တစ်ခါတရံ ဓါးနဲ့ပင်ထိုးတတ်ကြသေးသည်။ ထို့သို့ဖြင်ရခြင်းမှာလည်း အာရှတိုက်သား ဆံပင်နက်များကို မုန်းတီးတတ်သော အကျင့်ပျက် ရုရှားလူငယ်လေးများကြောင့် ဟုဆိုရမည်လား။ ဘယ်သူ့ကို အပြစ်တင်ရမည်လည်း ကျွန်တော်ကိုယ်တိုင်ဝေခွဲမရဖြစ်ခဲ့ဖူးသည်။ ကျွန်တော်ကိုတိုင်ပင် ဤအဖြစ်အပျက်မျိုးကြုံတွေ့ဖူးသည်။ ၂၀၀၆ ခုနှစ်ဖော်ဝါရီလတွင် သူငယ်ချင်းတစ်ယောက် အလယ်လာသဖြင့် စားသောက်ဆိုက်သို့ လိုက်ပို့ဖြစ်ခဲ့သည်။ ကျွန်တော်အပါအ၀င် စုစုပေါင်း၃ယောက်ဖြစ်သည်။ အသွားတွင် ဘာမှထူးခြားမှု မရှိသော်လည်း အပြန်တွင် ဆံပင်နက်ကို မကြိုက်သော လူငယ်တစ်စုနှင့်တွေ့ ၍ ပြသနာအရှာခံရသည်။ နောက်ဆုံး ကျွန်တော့် သူငယ်ချင်းတစ်ယောက်အား ဘီယာပုလင်းခွံဖြင့် ၀ိုင်းရိုက်ကြသည်။ ကံကောင်းစွာဖြင့် အနာတရကွဲရှ၊သွေးထွက်သံယိုမှု မဖြစ်ခဲ့ပေ။ ထို့အတူ အခြားကျောင်းတစ် ကျောင်းသို့အလုပ်ကိစ္စဖြင့် သွားရောက်စဉ် လူငယ်တစ်စု၏ ပြသနာအရှာကိုခံဖူးသေးသည်။ နောက်ဆုံးဘယ်လိုမှဖြေရှင်းမရ၍ မိမိကိုယ်ကို ကိုယ်လွတ်ရုံးခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုလူငယ်လေးမျာ၏ မပြစ်တော့မဟုတ်ပေ။ လူမျိုးခြားကိုမုန်းတီးတတ်သော သူတို့၏စိတ်တွေကြောင့်ပင်ဖြစ်သည်။ ဘာကြောင့်မုန်းသလဲ မေးရင်မည်သူမှ ရေရေရာဖြေနိုင်လိမ့်မည်မဟုတ်ပေ။လူမျိုးရေးအမုန်း၊ ဘာသာရေးအမုန်း၊လိင်ကွဲပြားမှု အမုန်း၊ဆင်းရဲချမ်းသာ အမုန်း ဟူ၍အမည်အမျိုးမျိုသတ်မှတ်ကြလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ အမုန်းကြောင့်ဖြစ်သောရလဒ်သည် ဆိုးကျိုးကိုသာ အစဉ်ပေးသည်တော့ အမှန်ပင်ဖြစ်သည်။အမုန်းကြောင့် လူမျိုးရေး ပဋိပက္ခတွေဖြစ်ကြသည်။ ထို့မှတဆင့် ကျယ်ပြန့်လာလျှင် စစ်ပွဲတစ်ခုဖြစ်လာတော့သည်။အမုန်းမှ အစပြုခဲ့ရသော ပဋိပက္ခများသည် စစ်ပွဲအသွင်သို့ကူးပြောင်းသွားသည်။ စစ်ဖြစ်ရသော အကြောင်းရင်းများစွာရှိသည်။ တစ်ချို့က အမုန်းကိုအခြေခံသည်။ တချို့က ရယူပိုင်ဆိုင်လိုမှုအတွက် စစ်ပွဲဖြစ်သည်။ တချို့က သမီးကညာကို လိုချင်သဖြင့် စစ်ဖြစ်ရသည်။ တခါတရံတွင် သူ့မြေကို မတရားလိုချင်သဖြင့် စစ်ပြုတတ်ကြသေးသည်။ မည်သို့ပင်ဖြစ်စေ စစ်ပွဲသည် တရားမျှတမှု မရှိတာတော့သေချာသည်။
လူမျိုးရေး မုန်းတီးသတ်ဖြတ်မှုများ များစွာရှိသည်။ ၁၈၆၆ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် စတင်ခဲ့သော ကေသုံးလုံး လူမည်းသတ်ဖြတ်မှုသည် လူမျိုးရေးမုန်းတီးမှုကြောင့်ပင်ဖြစ်ခဲ့ရသည်။ ဂျူးလူမျိုး(၆)သန်း ကို ရက်ရက်စက်စက် ပိုဆိုးပက်စက် သတ်ဖြတ်ခဲ့သည်မှာ လူမျိုးရေး အမုန်းကြောင့်ပင်ဖြစ်သည်။အာဖရိက အလယ်ပိုင်းက ဟူတူးလူမျိုး နှင့် တု(တ်)စီ လူမျိုးတွေ သိန်းဂဏန်း နှင့်ချီ အစုလိုက် အပြုံလိုက် သတ်ဖြတ်လက်စားချေသည်မှာ လည်း လူမျိုးရေးမုန်းတီး မှုကြောင့်ပင်ဖြစ်သည်။ဝမ်းနည်းစရာကောင်းသည်မှာ ဗည နပန င်္သမ ဗည နပန ဟူသော အစွန်းရောက်ဥပဒေသည် တကယ်တမ်း ကျူးလွန်သူ အပေါ်ထိသည်ထက် လုံးဝအပြစ်မရှိသော အဆက်အနွယ်များအပေါ်ထိသည်သာ များနေခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အမုန်ကြောင့်အစပျိုးခဲ့သော စစ်ပွဲများ၏။အဆုံးသတ်တွင်တော့ ရှုံးနိမ့်သူသည် လူမဆံစွာပြုမူခံရသည်သာဖြစ်သည်။ဆိုဗီယက်သည် အရှေ့ကပိုင်းပိုလန်ကို ၁၉၃၉ ခုနှစ် ၀င်ရောက်တိုက်ခိုက်တဲ့အခါ ပိုလန် အစိုးရ၏ ၀န်ထမ်း ထောင်ပေါင်းများစွာ သတ်ဖြတ်ခံရသည်။၁၉၄၅ ခုနှစ် စစ်နိုင်ခဲ့သော ရုရှားတပ်နီတော်စစ်သားတို့၏ ကြမ်းတမ်းရက်စက်မှုကို တွေ့နိုင်သည်။ပိုလန် နှင့် ဂျာမဏီတွင် တပ်နီတော်သည် အဆောက်အဦးများကို ဖျက်ဆီးပစ်ရုံးမက အရွယ်မရောင်သေးသော အမျိုးသမီး၊ လင်ရှိမယား၊ အမျိုးကောင်းသမီးများကို ဖခင်၊မောင်၊အကိုရှေ့ မရှောင်စနစ်တကျ မုဒိမ်းကျင့်ခဲ့သည်။ စစ်ပြီးကာလနောက်ပိုင်းတွင် ရုရှားတော်တော်များများက ဟာသလုပ်ပြောကြသည်။ ‘‘ ငါတို့တတွေ ဂျာမဏီမှာ ကလေးပေါင်း ၂ သန်းချန်ပစ်ခဲ့တယ်ကွ ‘‘ ဟူသည်။ဆိုလိုသည်မှာ သူတို့သည် အမျိုးသမီး ၂ သန်းကို မုဒိမ်းကျင့်ခဲ့သောကြောင့်ဖြစ်သည်။ ထို့အတူ အမေရိကန်သည် နိုင်ငံတကားစစ်ဥပဒေကို ချိုးဖောက်၍ ဟီရိုရှီမား နှင့် နာဂါဆာကီမြို့ကို အဏုမြူဗုံး ကြဲချခဲ့သည်။ အပြစ်မဲ့တဲ့ပြည်သူကို လူမျိုးစွဲဖြင့် သတ်ဖြတ်ခဲ့သည်။အမျိုးကောင်း ဂျပန်အမျိုးသမီးမျာကို တပ်စွဲထားတဲ့ အမေရိကန်တပ်များမှ အခွင့်ရေးပေးရင်ပေးသလို ဖျက်ဆီးပစ်ကြသည်။အမေရိကန်နှင့် အာဖဂန်အကြမ်းဖက်စစ်ပွဲ၊ အာရပ်နှင့် အစ္စရေးစစ်ပွဲ၊ အိန္ဒိယနှင့် ပါကစ္စန်၏ ကက်ရှ်မီယားပြဿနာ တင်းမာမှုတွေကြည့်လိုက်ရင် အမုန်းတွေကို အခြေခံနေကြသည်။အဓိကစစ် နှစ်မျိုးရှိသည်ဟုဆိုရပေမည်။ကျူးကျော်စစ်နှင့် ခံစစ်ဖြစ်သည်။ သို့သော် ကျူးကျော်စစ်က မှန်သလား၊ခံစစ်ကမှန်သလားကို မည်သူမှတိတိကျကျမပြောနိုင်ကြပေ။ကမ္ဘာစစ်ပွဲများကိုလေ့လာကြည့်နိုင်သည်။၁၉၁၉ ခုနှစ်တုန်းက ဂျာမနီက ပြင်သစ်ကို စစ်ရှုံးအညံ့ခံတဲ့ နေရာအတိအကျမှာဘဲ ၁၉၄၀ ပြည့်နှစ်မှာ ပြင်သစ်က ဂျာမဏီကို စစ်ရေးအရအညံ့ခံခဲ့ရပြန်သည်။ဘယ်သူကအမှန်လဲ။သေချာသည်က လက်စားချေခြင်း အမုန်းရဲ့ကျေးကျွန်တွေဖြစ်ခဲ့ခြင်းကြောင့် စစ်ဖြစ် ခဲ့ရသည်သာဖြစ်သည်။ အာရပ်နဲ့အစ္စရေးစစ်ပွဲ၊ပါကစ္စတန်နှင့် အိန္ဒိယအကြား ကက်ရှ်မီးယားပြဿနာ၊အမေရိကန်က အီရတ်ကို နျူးလက်နက် အရေးကြောင့်တိုက်ခိုက်ခဲ့တာ၊အာဖဂန်ကို မွစာကြဲအောင်ပတ်ပတ်စက်စက်လုပ်ခဲ့တာတွေမှာ ဘယ်သူကအမှားလဲ။ဘယ်သူကအမှန်လဲ။သေချာသာတစ်ခုဘဲရှိသည်။ အမုန်းကိုမြစ်ဖျားခံ စီးဆင်လာသော လက်စားချေမှုနှင့် လူမျိုးရေးမုန်းတီမှုကြောင့်ပင်ဖြစ်သည်။
စစ်ပွဲများတွင် အဖြစ်အပျက်ကိုမျက်မြင်တွေ့ရသည့် သက်သေမရှိလျှင်တောင် သေပြီးသားအလောင်းတွေကိုကြည့်ပြီး စစ်ပွဲလား စစ်ရာဇ၀တ်မှုလား ဝေးခွဲရခက်လိမ့်မည်။လူသားတို့သည် မယုံနိုင်လောက်အောင် ရက်စက်၏။ တချို့ကမုန်းတီးမှုဖြင့် သတ်သည်။ အာဃာတရန်ညှိုးဖြင့် သတ်သည်။တချို့ကစစ်သွေး<ကလို့ သတ်သည်။ အဆီးရီးယန်းလူမျိုးတို့ရဲ့ ရက်စက်မှုစစ်ပွဲကိုကြည့်က သိနိုင်သည်။ အဆီးရီးယန်းလူမျိုးတို့သည် မေဆိုပိုတေးမီးယား တစ်ပြည်လုံးနှင့် အာရှမိုင်းနားကျွန်းဆွယ်တစ်ဝန်းလုံးကို သိမ်းယူကြသည်။ အဆီးရီးယန်းတို့၏ ရက်စက်မှုသည် ကမ်းကုန်သည်။ မြို့သူမြို့သားများကို အမျိုးမျိုးရက်စက်ပြသည်။ တစ်ခါတစ်ရံ မြို့လုံးကျွတ်သတ်ပစ်ကြသေးသည်။တစ်ခါတစ်ရံ မြို့သားအချို့ကို အရှင်လတ်လတ်အရေခွံခွာသည်။ မသေမရှင် သံတံကျင်နှင့်လျှိုသည်။ ဆင်နက်ကရစ်လက်တွင် ပို၍ပင်ရက်စက်သေးသည်။ သူပုန်များကိုဖမ်းမိလျှင် ထိုသူများ၏ ကိုမှ အရေကိုဆုတ်သည်။ ခြေ၊လက်၊နား၊နှားခေါင်းတို့ကိုဖြတ်ပစ်သည်။ မျက်စိတို့ကို ထိုးဖောက်ပစ်သည်။ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းသည်။ ဤသို့ဆိုလျှင် စစ်သည်တရားမျှတမှုရှိပါ၏လော့။ လွန်ခဲ့သော နှစ်ပေါင်း၅၅၆၀ အတွင်း စစ်ပွဲပေါင်း ၁၄၅၃၁ ပွဲမျှဖြစ်ခဲ့သည်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် စစ်ပွဲနှစ်ပွဲကျော်ဖြစ်ခဲ့သည်။ ၂၀ ရာစုရဲ့ ပထမကမ္ဘာစစ်မှာတော့ ကျဆုံးသော စစ်သား ၁၀သန်း၊ သေပြီဟုယူဆရတဲ့စစ်သား ၃ သန်း၊ အရပ်သား ၁၃သန်း သေခဲ့ကြသည်။ ဒဏ်ရာရသူ သန်း၂၀၊ စစ်သုံ့ပန်း ၃သန်း၊ စစ်ကြောင့် မိဘမဲ့သွားတဲ့ ကလေး ၉သန်း၊ စစ်ကြောင့်မုဆိုးမဖြစ်သွားရသော မိန်းမ ၅သန်းရှိသည်။ ဒုတိယ ကမ္ဘာစစ်၌စစ်သား ၅၅သန်းသေဆုံးခဲ့သည်။ ဤသို့ဆိုလျှင် မြန်မာပြည်ကြီး ထီးကျိုးစည်ပေါက်၊ မီးဟုန်းဟုန်းတောက်ခဲ့တဲ့ နေ့တွေကို ကျွန်ုပ်တို့ မေ့ပစ်လို့မရချေ။ နယ်ချဲ့စနစ်ဆိုးဖြင့် အင်အားကြီးသူက အင်အားနည်းသူကို မတရာုးအနိုင်အထက်ပြု၍ ကျွန်ဖြစ်ခဲ့ရသည်။ အမှန်ကကျွန်ဆိုတာထက်ပင် နိမ့်ကျသော သပေါက်ဘ၀ကိုရောက်ခဲ့ခြင်းဖြစ်သည်။ သီးပေါဘုရင်ကိုပင် ယစ်ထုတ်ကြီး၊လူသတ်ကောင်၊လူပျော့လူညံ့အဖြစ် နိုင်ငံခြားသား စာရေးဆရာ၊ သမိုင်းဆရာတွေက မိုက်မိုက်ရိုင်းရိုင်း မဟုတ်မဟတ်ရေးသားခဲ့ကြသည်။ မိဖုရားကြီး စုဖုရားလတ်ကိုပင် သွေးဆာနေတဲ့သူသတ်သမား ၊အတ္တကြီးသူတစ်ယောက်ဖြစ်အောင် ရေးသားခဲ့ကြသည်။ နယ်ချဲ့ကိုလိုနီသမားတို့သည် စစ်နိုင်သူပီပီ မြန်မာဘုရင်နှင့်မိဖုရား ကမ္ဘာအလယ်တွင် မျက်နှာမပြရဲအောင်ရေးသားခဲ့ကြသည်။၁၈၈၅ နိုင်ဝင်ဘာလ(၂၉)ရက်နေ့တွင် မြန်မာတို့၏နောက်ဆုံးမင်းဆက် ပါတော်မူခဲ့ရသည်။ ကာနယ်စလေဒင်သည် မန္တလေးကို သိမ်းပိုက်ပြီး မြန်မာနန်းစဉ်ရတနာများ နှင့် အသုံးအဆောင်များကို သိမ်းဆည်းခဲ့ကြသည်။ ရွှေတိုက်ဝန်ပေါက်မြိုက်မြို့စားမင်းကြီး မင်းလှမဟာဇေယျနန္ဒသင်္ကြံကိုယ်တိုင် စာရင်းနှင့်တကွ ဗိုလ်မှူးကြီး စလေဒင်လက်သို့ ပေးအပ်ခဲ့ရသည်။ ဗိုလ်မှူးကြီး စလေဒင်သည် ပြည်တန်ပတ္တမြားငမောက်အား သိမ်းပိုက်ခဲ့သည်။ ရတနာပုံနေပြည်တော် ခေတ်တန်ဖိုး ကုဋေငါးထောင်တန်ဖိုးရှိ နန်းစဉ်ပစ္စည်းများနှင့် ရွှေဒင်္ဂါရှစ်သိန်းကျော်နှင့် စိန်၊မြ၊ပတ္တမြားတို့ကို ပေးအပ်လိုက်ရသည်။ သူ့ကျွန်ဘ၀ကို မခံလိုသူသော မြန်မာမျိုးချစ်သူရဲကောင်းများကို အကြောင်း အမျိုးမျိုးပြကာကြိုးမိန့်ပေးသတ်ပစ်ခဲ့ကြသည်။ မြန်မာ့အမျိုးသမီးလေးများကိုပင် အခွင့်အရေးပေးက အဓမ္မပြုကျင့်ခဲ့ကြသည်။ မြန်မာတမျိုးသားလုံးအား နည်းမျိုးစုံအသုံပြု၍ အကြောင်းမရှိအကြောင်းရှာ ရက်စက်ခဲ့ကြသည်။ ဤသို့ဆိုလျှင် စစ်ပွဲသည် တရားမျှတမှုရှိပါသလားဆိုသော မေးခွန်းအတွက် ဖြေစရာ အဖြေပေးစရာလိုတော့မည်ဟုတ်တော့ချေ။ ၂၀၀၃ခုနှစ် ဧပြီလတွင် အီရတ်ကို အမေရိကန်ဦးဆောင်သော မဟာမိတ်တို့ အောင်ပွဲခံခဲ့သည်မှာ ကျွန်ုပ်တို့မျက်မြင်ပင်ဖြစ်သည်။ အီရတ်တွင်နျူလက်နက်များ ပိုင်ဆိုင်ထားသည်ဟူသော စွပ်စွဲချက်ဖြင့် အီရတ်နိုင်ငံအားတိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ တစ်နိုင်ငံလုံးအား စိစိညက်ညက်ကျေအောင် ဗုံးကြဲတိုင်ခိုက်ခဲ့ကြသည်။ သံသရရှိသည်ဟု ယူဆရသော နေရာတိုင်းလိုလိုအား စိတ်မထင်သလို တိုက်ခိုက်ခဲ့ကြသည်။၂၀၀၆ခုနှစ် နိုင်ဝင်ဘာလတွင် အီရတ်ဘုရင်ဆက်ဒန်ဟူစိန်အားကြိုးမိန့်ပေးခဲ့သည်။ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို ရိုးမယ်ဖွဲ့အပြစ်ရှာ သတ်ဖြတ်ခဲ့သည်မှာ စစ်နိုင်သူတို့ ထမင်းစားရေသောက် အလုပ်လိုပင်ဖြစ်နေသည်။ စစ်နိုင်သူတို့၏ ရက်စက်မှုသည် တခါတရံကြောက်မက်ဖွယ်ကောင်းသော အိမ်မက်မက်နေရသလိုပင်ဖြစ်သည်။ ၂၀၀၆ခုနှစ် မတ်လက ဘဂ္ဂဒက်တောင်ဘက် ၃၂ကီလိုမီတာအကွာ မာမွတ်ဒီယာကျေးရွာ၌ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဂျိမ်း(စ်)ဘာကာ က အီရတ်မိန်းကလေးတစ်ဦးအား မုဒိန်းကျင့်၍ သတ်ဖြတ်ခဲ့သည်။ ထို့မျှမက မိန်းကလေး၏ မိသားစုအားအစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ ဤသို့ဆိုလျှင် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်တို့၏ တရားသောစစ်ပွဲဟု ကြွေးကြော်နေသော လုပ်ရပ်မှာ တရားမျှတမှုရှိသည်ဟု ဆိုရမည်လား။ မည်သို့ပင်ဖြစ်စေကာမူစစ်သည် အနိဌာရုံမြင်းကွင်းတစ်ခုကိုသာ အစဉ်တစိုက်ဖန်တီးနေသည်မှာ သေချာသည်။ ထို့ကြောင့် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးသည် အသေချာမရေရာသော အနာဂတ်များဖြင့်သာ ပြည့်ကျပ်နေသည်။ ထို့ကြောင့် ဤစစ်ပွဲများ၏ ဆိုးကျိုးရလဒ်များကို ဥပမာယူ၍ စစ်ပွဲတစ်ပွဲမဖြစ်အောင် ထိန်းသိမ်းနိုင်ခြင်းသည်သာလျှင် အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတော့သည်။
(မှတ်ချက်။ ။ဤဆောင်းပါးသည် ခေတ်အဆက်ဆက်ဖြစ်ပွားခဲ့သော စစ်ပွဲများ၏ဆိုးကျိုးများကို ဖော်ပြထားခြင်းဖြစ်သည်။ တစ်ခါတရံစစ်ပွဲ၏ နောက်ဆက်တွဲတိုးတတ်ပြောင်းလဲမှုများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ စစ်ပွဲတစ်ပွဲ၏ အဆုံသတ်သည် နောက်စစ်ပွဲတစ်ပွဲအား ထပ်မံဖြစ်ပေါ်စေရန် အစပျိုးနေခြင်းသာဖြစ်သည်။ )
အက္ခရာ(နေပြည်တော်)
ကျမ်းကိုးစာရင်း- တ့အေ’ျသ ဘေသကအ့ အေန၊ဘပ ဗညိမနတှကူငလညေ- မြန်မာ့အလင်းသတင်းစာ အတွဲ(၄၆)၊အမှတ်စဉ်(၅၀)- နန္ဒာသိန်းဇံ ခရစ်နှစ်(၂၀၀၀)အလွန်

No comments: