Dec 11, 2006

အယောင်ဆောင် အချစ်နှင့် အချစ်စစ်ဘယ်လိုခွဲခြားမလဲ

အယောင်ဆောင် အချစ်နှင့် အချစ်စစ်ဘယ်လိုခွဲခြားမလဲ


ကျွန်တော်တို့ နေထိုင်ရာကမ္ဘာတွင် ဟန်ဆောင်မှု များပြားလွန်းလှသည်။ မင်းသားခေါင်းဆောင်းထားသော ဘီးလူးများ များပြားလှသည်။အမှားသည်ပင် အမှန်ပုံစံဖြင့် သက်ဝင်လှုပ်ရှားနေကြသည်။ ၄င်းတို့အားသေချာ ခွဲခြားမှုမပြုနိုင်လျှင် မိမိဘ၀တလျှောက်လုံး နောင်တများစွာပိုင်ဆိုင်နေမည်။သာမန်လှုပ်ရှားသွားလာမှုတွင် ဟန်ဆောင်မှုသည် အရေးမပါလှသော်လည်း ဘ၀နှင့်ရင်နှီးလုပ်ကိုင်ရသောအခါ လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို များစွာဒုက္ခရောက်စေနိုင်ပါသည်။ လူသည် စိတ်ကွယ်ရာတွင် မိမိတို့၏ အတွင်းစိတ်တွင်ရှိသော အလုပ်ကိုလုပ်တတ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ကြောင့်လူတစ်ယောက် အရှေ့တွင်မည်မျှဟန်ဆာင် ကောင်းစေကာမူ စိတ်ကွယ်ရာတွင် မိမိ၏ အတွင်းစိတ်အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြသည်က များပြားပေသည်။ ဒီလိုဟန်ဆောင်မှုတွေကတော့ နေရာတိုင်းမှာ ရှိနေသာပါ။ ဒါပေမယ့် လူငယ်တွေအများစု ကြုံတွေ့နေရတဲ့ နှလုံးသားရေးရာ ကိစ္စတစိတ်သဒေသကို ဖော်ပြချင်သည်။
ယောကျာ်းလေးဘဲ ဖြစ်ဖြစ်မိန်းကလေးဘဲဖြစ်ဖြစ် ချစ်သူရှိလာလျှင် ချစ်သူကြိုက်အောင် ဟန်ဆောင်တတ်ကြသည်။ ကားမောင်းသမားက ကားပိုင်ရှင်ဟန်ဆောင်သည်။ အိမ်ဖော်က သူဌေးတူမဟန် ဆောင်သည်။ ပျက်ဆီးနေသော မိန်းကလေးက အပျိုစင်လေးကဲ့သို့ ဟန်ဆောင်သည်။ ပကတိအနေအထားတိုင်းဆိုလျှင် ချစ်သူမချစ်မည်စိုး၍ဖြစ်သည်။ အသိဥာဏ်မရှိတဲ့ လူမိုက်က စာပေးဗဟုသုတပြည့်စုံတဲ့ ပညာရှိယောင် ဆောင်သည်။ ရက်စက်ကြမ်းကြုတ်တတ်တဲ့လူက လူလိမ္မာပုံဟန်ဆောင်သည်။ ပကတိအခြေအနေကို မပြဘဲ၊ ဟန်ဆောင်သည့် အငှားအသွင်ကိုပြ၍ အချစ်ကိုရယူတတ်ကြသည်။ နောင် အခြေအနေတွေလွန်ကုန်မှ သူစရိုက်ကိုယ့်စရိုက်ကို တွေ့ပြီးစိတ်ဒုက္ခရောက်တဲ့ သူများလည်းများသည်။ ချစ်သူမိမိအား ချစ်ကြိုက်လာမည်ဆိုပါက မည်သို့ဟန်ဆောင်ရ ဟန်ဆောင်ရ ဟန်ဆောင်ကြသည်။ ရုပ်ဝတ္ထု ဟန်ဆောင်ခြင်းမှာ အပြစ်မကြီးလှသော်လည်း စိတ်ထားကိုဟန်ဆောင်ခြင်းမှာ အင်မတန် အရုပ်ဆိုးလှပေသည်။ အဆိုးဆုံးမှာ တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်၍ အပျော် ရည်းစားထားခြင်းပင်ဖြစ်သည်။ အချစ်လောကတွင် ဟန်ဆောင်မှုမကင်းသည်မှာ သဘာဝကျပါသည်။ သို့သော် တစ်ဖက်သား နစ်နာလောက်အောင် လိမ်လည် ဟန်ဆောင်ခြင်းမျိုးကိုတော့ ဆင်ခြင်သင့်ပါသည်။ တိတိကျကျပြောဆိုရမည်ဆိုလျှင် ၀ဋ်ဆိုတာလည်တတ်သည် ။
ထို့ကြောင့် မိမိတကယ်မချစ်ဘဲ ဟန်ဆောင်ချစ်ခြင်းသည် သံသရာတွင် ပြန်ခံစားရမည်သာ ဖြစ်သည်။ ဤသို့မဖြစ်အောင်လည်း ကာယကံရှင်များအနေဖြင့် သေချာစိစစ်ပြီး ရွေးချယ်သင့်ပါသည်။ အထူးသဖြင့် မိန်းကလေးများ၏ အရှက်သည် အသက်ဖြစ်သည်။ ထို့ကြောင့်မိမိ၏ ချစ်သူသည် မိမိအား တကယ့်ချစ်မေတ္တာဖြင့် ချစ်နိုင်မှသာလျှင် ဘ၀အတွက်စိတ်ချရမည်ဖြစ်သည်။ သို့မဟုတ်ပါက မေတ္တာအတုဖြင့် ကြုံတွေ့ရပြီး ဘယ်အချိန်ငါ့ကို ပြစ်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်ကိုသာ ပိုင်ဆိုင်ထားရမည်ဖြစ်သည်။ ဒီတော့ ကျွန်တော့်ကိုယ်တွေ့ မဟုတ်သော်လည်း ကျွန်တော့်ပတ်ဝန်းကျင်တွင် တွေ့နေရသော အဖြစ်အပျက်များကို ဥပမာယူနိုင်ရန် ဖော်ပြလိုက်ပါသည်။
လွန်ခဲ့သော် (၂) နှစ်ခန့်မှစ၍ ယနေ့ထိကျွန်တော်ကြုံခဲ့ဖူးသော အဖြစ်အပျက်များကို ဖောက်သည် ချပြရမလို ဖြစ်နေသည်။ ကျွန်တော် ဘွဲ့လွန်သင်တန်း စတတ်တုံးက ကွန်ပျူတာလေးတစ်လုံးကို ၀ယ်ယူသုံးစွဲခဲ့ရပါသည်။ ကွန်ပျူတာဆိုတော့လည်း အင်တာနက်လေး ချိတ်ထားမှ မဟုတ်လား။ နို့မဟုတ်ရင် ကွန်ပျူတာက ကက်ဆက်နားထောင်ဖို့နဲ့ ဗွီစီဒီကြည့်ဖို့သက်သက်လိုပါဘဲ ဖြစ်နေတာလေ။ ကွန်ပျူတာရှိတော့ ဘာဘဲဖြစ်ဖြစ် အဆင်ပြေတယ်မဟုတ်လား။စာလုပ်ချင်ရင် လုပ်ပေါ့။ အပျင်းပြေဂိမ်း ကစားချင်ရင်လည်း ကစားပေါ့။ နောက်ဆုံး တစ်နေရာကနေ တစ်နေရာ ဆက်သွယ်ရာမှာ ဖုန်းအစား ချက် (ခ့အေ) ကိုအသုံးပြုးပြီးအဆက် အသွယ်လုပ်လို့လဲရသေတယ်လေ။ ဒီတော့ ပေါင်းအသင်းလည်း စုံသာပေါ့။သူငယ်ချင်းတွေက ချက် (ခ့အေ)ထဲက တွေလိုပါဘဲ တော်တော်များတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ယောကျာင်္းလေးတွေရှိကြသလို မိန်ကလေးတွေလဲ ရှိကြပါသည်။ ဒီလိုပါဘဲ မြန်မာနိုင်ငံက သူငယ်ချင်းတွေရှိကြသလို အမေရိကာ၊ အင်္ဂလန်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ အော်စတြေးလျ စတဲ့နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေနဲ့လည်း ပြောဖြစ်တယ်လေ။ နောင်ဆုံး ဆော်ဒီအာရေဗျမှာတောင် သူငယ်ချင်းရှိသေးတယ်။ မည်သို့ပင်ဖြစ်စေကာမူ အပြင်မှာ မမြင်ဘူးပေမဲ့ အင်တာနက်ပေါ်တွင် တော်တော်ကို ရင်နှီးခဲ့ကြသည်။ တချို့ဆို ကိုယ့်ညီအကို၊ မောင်နှမလိုဘဲ တော်တော်ကို ရင်နှီးကြတယ်လေ။ ဒီတော့သူတို့ ကြုံတွေ့နေတဲ့ ဘ၀အခက်အခဲတွေကိုလည်း ကျွန်တော်ကိုတိုင်ပင်ကြသလို ဘာဆက်လုပ်သင့်သလဲ ဆိုတာကိုလည်း မေးလေ့ရှိပါသည်။ ဒီတော့ ကျွန်တော့်ဖြတ်သန်းလာခဲ့ရတဲ့ဘ၀က ရလာတဲ့ အတွေ့အကြုံလေးတွေကို ကိုးကားပြီး ဘာလုပ်ရင်တော့ အဆင်ပြေလိမ့်မယ်ဆိုပြီး အကြံဥာဏ်ပေးဖြစ်ပါသည်။ ဒီတော့ သူတို့ ပြဿနာတွေထဲက အများဆုံး အဖြစ်များတဲ့ နှလုံးသားရေးရာလေးဘဲ ထုတ်နုတ်တင်ပြလိုက်ရပါသည်။
အပျော်တမ်း ရီးစားထားတယ်ဆိုတာကြာဖူးသလား။‘‘ရီးစားတစ်ထောင်၊လင်ကောင်းတစ်ယောက် ‘‘ ဆိုတဲ့စကားပုံကိုပင် မိန်းကလေးများက တစ်မျိုးတွေးကြသည်။ ရီးစား အယောက်တစ်ထောင်ထား၊ပြီးရင်လင်းကောင်းတစ်ယောက်ရမယ် ဆိုတဲ့လွဲမှားတဲ့ အတွေးတွေ ရှိနေကြသည်။ အမှန်မှာ ရီးစားအယောက် တစ်ထောင်ထားဦးတော့ လင်ကောင်းတစ်ယောက်ရဖို့ မလွယ်ဘူးဆိုတာကို သိသင့်ပါသည်။ တကယ်တမ်း စဉ်းစားကြည့်ရင်တော့ အပျော်ရီးစားထားတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။ မိန်းကလေးတွေ အတွက်ဆိုပိုလို့တောင် မဖြစ်သင့်တဲ့ကိစ္စပါ။ ဘာဘဲဖြစ်ဖြစ် မိန်းမဆိုတာ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှ တော်ရာကြမယ်မဟုတ်လား။ အခုတော့ အွန်လိုင်း (သညူငညန)မှာ အပျင်းပြေ ရီးစားထားနေတဲ့ မိန်းကလေး တော်တော်များများကို တွေ့နေရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ရှေးရှေးတုန်းက မြန်မာအမျိုးသမီးဆိုတာ လမ်းလျှောက်ရင်တောင် ဆင်မယဉ်သာ လျှောက်ကြတာလေ။ မိန်းမတို့ ဘုန်းဆံထုံဆိုတာလဲ ဒီလိုပါဘဲ။ ဒါပေမယ့် ခေတ်ကာလတွေ ပြောင်းလဲသွားတာကြောင့် ဆင်မယဉ်သာ လမ်းမလျှောက်နိုင်တော့ဘူး။ ဆံထုံကို ရှည်ရှည်မထားနိုင်တော့ဘူး။ ဒါတွေကို နားလည်ပေးလို့ ရပေမယ့် အပျော်တမ်း ရီးစားထားတယ်ဆိုတာတော့ ဘယ်လိုမှကို နာလည်းပေးလို့ မရဘူးလေ။ မိန်းမ ဣနြေ္ဒလေးကိုတော့ ထိန်းသိမ်းသင့်ပါသည်။ရီးစားအပျော်တမ်းထားတဲ့ မိန်းကလေးတွေနဲ့ ကျွန်တော်စကားပြောဖူးပါတယ်။ ကျွန်တော် အဲ့ဒီမိန်းကလေးကို ဘာလို့ ရီးစားတွေ အများကြီးထားတာလည်းဆိုပြီး မေးတော့‘‘နားငြီးလို့တဲ့။ ‘‘ ‘‘ချစ်တယ်ချစ်တယ်ဘဲ လာလာပြောနေတော့ နားငြီးလာတာနဲ့ ချစ်တယ်လို့ပြန်ဖြေလိုက်တယ်တဲ့။‘‘ကျွန်တော့်က ချစ်သူထားတယ်ဆိုတာ အားလုံးကို ချိန်ကိုက်ရတယ်ဆိုတဲ့ အကြောင်းရယ်။ ပြီတော့ နောက်မှ အဆင်မပြေဖြစ်ရင် ဘာဘဲဖြစ်ဖြစ် နာမည် ပျက်မည်လို့ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူပြောပုံလေးက ရှင်းရှင်းလေးပါ။‘‘ကောင်းလေးက ခက်မိုက်မိုက်လေး မဆိုးပါဘူးတဲ့။ ပျက်သွားတော့လည်း ဘာဖြစ်လဲ အပျင်းပြေထားသာဘဲတဲ့။‘‘ကဲစဉ်းစားကြည့်ပါဦး မြန်မာအမျိုးသမီးလေး ချစ်သူရွေးချယ်ပုံက ဒေါင့်စေ့တယ်နော်။ ကိုယ့်ဘ၀ နဲ့ ကိုယ့်သိက္ခာကို သူတို့မလို့ တန်ဖိုးမထားတတ်တယ်။ ဘ၀မှာ အမဲစက်ကြီး ကျန်ခဲ့မယ်ဆိုတာ သူတို့တကယ်မသိလို့လား။ ဒါမှမဟုတ် သိသိကြီးနဲ့ဘဲ ဆက်မိုက်နေတာလား စဉ်းတော့စဉ်းစား စရာတွေကြီးပါဘဲ။ နောင်တချိန် သူတကယ် နှစ်သက်တဲ့ ယောကျာင်္းလေးနဲ့တွေ့ရင် အဲ့ဒီလူက ဒီမိန်းကလေး ရီးစားဒီလောက် အများကြီးထားခဲ့တယ်ဆိုတာ ခွင့်လွတ်နိုင်မလား။ ကျွန်တော် တော်တော်လေးစဉ်းစားမိသည်။
တချို့လည်း ရှိပါသေးသည်။ အပြင်တွင် လက်ရှိချစ်သူ ရှိနေပါလျှက်နှင့် သစ္စာမဲ့စွာ ချစ်သူ ထားတတ်ကြခြင်းဖြစ်သည်။ တချို့ဆိုလျှင် အပြင်ကချစ်သူကိုပင် အကြောင်း အမျိုးမျိုးပြ၍ စွန့်ခွာကြသည်။ တချို့ဆိုလျှင် အပြင်တွင်မိဘများ သဘောတူထားပြီဖြစ်သည်။ ဘာကြောင့် အဲ့လိုလုပ်တာလဲ မေးတော့ အခုသူချစ်သူက အရင်ချစ်သူထက် အစစအရာရာသာတယ်တဲ့။ ကဲစဉ်းစားကြည့်ပါဦး။ တော်တော် ကြောက်စရာ ကောင်းပေသည်။ တစ်ခါတစ်လေ စဉ်းစားမိသည် သစ္စာတရားဆိုတာ အစစ အရာပြည့်စုံတဲ့လူတွေ အတွက်ဘဲလာလို့ပေါ့နော်။ ဘာလို့လဲဆိုတော့ ယောင်္ကျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ကိုယ်ရဲ့ချစ်သူအဖြစ် ရွေးချယ်ကြတော့မယ်ဆိုရင် လူမှာရှိတဲ့ အရည်အချင်းတွေကို မကြည့်တတ်ကြတော့ဘူး။ ရုပ်ရည်လှပရဲ့လား။ မိဘတွေကကော ချမ်းသာရဲ့လား။ စသည့် အရေးမပါတဲ့ ရုပ်ဝတ္တု ဥစ္စာတွေကို ကြည့်ပြီး ရွေးချယ်မှုတွေလုပ်ကြတယ်။ နောက်ဆုံးတော့ စိတ်မချမ်းသာစရာတွေဘဲ ကြုံတွေ့ရတာဘဲလေ။
နောက် ဖြစ်စဉ်လေးတစ်ခု ရှိပါသေးတယ်။ မိန်းကလေးက စင်္ကာပုကပါ။ သူ့ဘယ်လို လုပ်သင့်သလဲလို့ ကျွန်တော့်ကို မေးဘူးပါသေးတယ်။ ဖြစ်ပုံကဒီလိုပါ။ ကောင်းလေးနဲ့ ကောင်းမလေး အင်တာနက်ချက်ထဲမှာတွေ့ကြတယ်။ ကောင်းလေးရဲ့ ဓါတ်ပုံကိုတော့ ကောင်းမလေးကာ မြင်ဖူးတယ်။ ကောင်းမလေးရဲ့ ဓါတ်ပုံကိုတော့ ကောင်းလေးကမမြင်ဖူးဘူး။ ဒီတော့ အချိန်တွေကြာလာတော့ သံယောဇဉ်တွေဖြစ်လာတယ်။ ကောင်လေးက ကောင်းမလေး ဖြူသမားမဲသလားဆိုတာ မသိဘဲနဲ့ ချစ်ရေးဆိုတယ်။ တကယ်ချစ်ခဲ့တာပေါ့။ ဘာကြီးဖြစ်ဖြစ် ချစ်မယ်ဆိုပြီ။ နောက်တော့ ကောင်မလေးကလည်း သူ့ကိုတကယ်ချစ်သာဘဲနေမှာပါဆိုပြီး လက်ခံခဲ့တယ်။ နောင်ဆုံး ကောင်းမလေးရဲ့ ဓါတ်ပုံလည်းမြင်ရော ကောင်းလေးက ကောင်းမလေးကို အဆက်အသွယ်မလုပ်တော့ဘူး။ ကျွန်တော်လည်း အသက်နိုင်ဆုံးကူညီပြီး ကောင်လေးဆီဖုန်းဆက်ပေးပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှကိုကြိုးစားပေးလို့ မရခဲ့ဘူး။ စဉ်းစားကြည့်ပါဦးနော်။ လူတွေဘယ်လောက် အပေါ်ယံတွေကို မက်မောလဲဆိုတာ။ ကောင်းမလေးရဲ့ အတွင်းစိတ်ထား ကောင်းသာလေးတွေကို သူမကြည့်ဘဲ။ ဘ၀ပေးကုသိုလ်ကံနည်းခဲ့တဲ့ အပေါ်မှာ ဒီကောင်လေး ဒီလိုအနိုင်ယူသွားတာတော့ ကျွန်တော် တော်တော်လေး စိတ်နာမိတယ်။ အစထဲက မချစ်နိုင်ဘူးဆိုရင်ဘာလို့ ချစ်တယ်လို့ ပြောခဲ့ရတာလဲ။ နောက် မိန်းကလေးက ရိုးသားစွာနဲ့ သူအခြေအနေမှန်ကို ဖော်ပြတော့မှ အဆက်အသွယ်မလုပ်ဘဲ ဘာလို့နေရတာလဲ။ စဉ်းစားကြည့်ပါ ကိုယ်ချင်းစာကြည့်ပါ။ ဒါမျိုးတွေက မလုပ်သင့်တဲ့ ကိစ္စတွေပါ။ ဒီတော့ မိမိကိုယ်ကို တန်ဖိုးထားတတ်သလို သူများကိုလည်း တန်ဖိုးထားတတ်ဖို့လိုသည်။
ဒီလို အပေါ်ယံတွေကို နှစ်သက်ပြီး ချစ်သူအဖြစ်ရွေးချယ်နေကြတဲ့ထဲမှာ တစ်ဦးကတော့ ထူးထူးခြားခြား စိတ်ထားကိုကြည့်ပြီး မှန်ကန်သောရွေးချယ်မှုကိုလုပ်ခဲ့သည်။ အဲ့ဒီလူကတော့ တခြားသူမဟုတ်ပါဘူး။ ကျွန်တော့်ကို အကိုအရင်း တစ်ယောက်လိုခင်တဲ့ အင်တာနက်ထဲက ညီမလေးပါ။ ကျွန်တော်သူပြောသော စကားလုံးတွေကို ကြားယောင်မိတိုင်း ကျက်သီးထမိသည်။ ပြီတော့ လေးစားမိသည်။ အထင်ကြီးမိသည်။ ဘာကြောင့်လည်းဆိုတော့ သူရဲ့ ဖြူစင်ရိုးဖြောင့်တဲ့ စိတ်ထားကြောင့်ဖြစ်သည်။ သူက သူနဲ့သူ့ချစ်သူ အကြောင်းကို ခဏခဏပြောပြတတ်တယ်။ သူက အမေရိကမှာနေသည်။ သူ့ ချစ်သူ ကောင်လေးက အင်္ဂလန်မှာ ဆန်းတော့ ဆန်းသည်။ သမုဒ္ဒရာတွေ ခြားနေတာ ချစ်သူဖြစ်ရတယ်လို့ ဆိုရင် ယုံတောင် မယုံကြည်စရာပါဘဲ။ ဒါပေမယ့် အခုကျွန်တော်ပြောခဲ့တာတွေက တကယ်ဖြစ်ရပ်တွေပါ။ သူမြန်မာနိုင်ငံမှာရှိစဉ်ထဲက သူချစ်သူနှင့် သူသိခဲ့သည်။ နောက်သူ အမေရိကရောက်တော့ သူ့ ချစ်သူက သူ့ကိုချစ်ခွင့်တောင်သည်။ နောက်ဆုံး သူ့ကိုတကယ်ချစ်ခဲ့တာသေချာမှ အဖြေပေးခဲ့သည်ဟုဆိုသည်။ တကယ်တမ်းက ဒါတွေကအရေးအကြီးပါဘူး။ အရေးကြီးပြီး အတုယူချင်စရာလေး တစ်ခုကိုပြောပြပါမည်။ သူက အမှန်တိုင်းဝန်ခံသည်။ သူ့ချစ်သူက သိပ်အချောအလှထဲကမဟုတ်ဟုဆိုသည်။ အစကတော့ စိတ်ညစ်တယ် သူ့ ချစ်သူကိုချစ်ရမှာကိုပေါ့နော်။ ဒါပေမယ့်သူ အရမ်းချစ်တယ်တဲ့။ သူချစ်သူလောက် သူ့အပေါ်ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာ မရှိနိုင်တော့ဘူးတဲ့။ ဒီတော့သူက ဘာပြောတယ်ထင်လဲ။ ညီမကတဲ့ ညီမချစ်သူဓါတ်ပုံလေးဆိုရင် နံနက်ထရင် တစ်ခါကြည့်တယ်။ ကျောင်းကပြန်လာရင် တစ်ခါကြည့်တယ်။ အိပ်ယာဝင်ခါနီးရင် တစ်ခါကြည့်တယ်တဲ့။ ပြီတော့ဒါငါ့ချစ်သူလေးပါလားဆိုပြီး ပီတိလဲဖြစ်တယ်တဲ့။ နောက်ကြာလာတော့ သူချစ်သူလေးကို အလှဆုံးလို့တောင်ထင်လာတယ်တဲ့။ ပြီးတော့ သူချစ်သူထက် အစ၁၀၀ လှတဲ့သူ သူ့ကို ချစ်ခွင့်တောင်ခဲ့မယ်ဆိုရင်တောင် သူစိတ်မယိုင်သွားဘူးတဲ့။ ကဲ စဉ်းစားကြည့်နော်။ ဘယ်လောက် သစ္စာရှိတဲ့မိန်းကလေးလဲ။ ဖြူစင်တဲ့မိန်းကလေး တစ်ယောက်လဲ။ ခုထိသူတို့ အစဉ်ပြေနေကြတုန်းပါဘဲ။ သူတို့နှစ်ယောက် လက်ထက်ဖို့ပြင်ဆင်နေကြပြီလေ။ ဒီတော့စဉ်စားစေချင်ပါသည်။ အချစ်သည် ရုပ်ပိုင်းဆိုင်ရာနှင့် ဓနဥစ္စာပေါ်မှာ အခြေခံမှာလား။ စိတ်ချမ်းသာမှုနဲ့ သစ္စာတရားပေါ်မှာ အခြေခံမှာလာဆိုတာ သေချာခွဲခြားသိစေချင်ပါသည်။ ထို့ကြောင့် စိတ်ချမ်းသာမှု လိုချင်ရင်တော့ သစ္စာတရားနဲ့ အခြေခံတည်ဆောက်မှဖြစ်ပါမည်။
ချစ်သူတို့ ဘ၀တသက်တာမှာ အချစ်ခိုင်မြဲဖို့ သစ္စာရှိဖို့လိုအပ်ပါသည်။ အချစ်ကိစ္စတွင် အခုချစ်လိုက် အခုမုန်းလိုက်။ တစ်ယောက်နှင့် အဆင်မပြေလို့ နောင်တစ်ယောက်ပြောင်ချစ်ဖို့ မလုပ်သင့်ပေ။ တစ်ခါချစ်မိလျှင် တသက်တာ ချစ်မိဖို့ ရည်ရွယ်ရမည်။ အချစ်ကို ပျော်ပါးစရာ ကာလအခိုက်အတန့်အားဖြင့် စိတ်သာယာမှုရရန် မလုပ်သင့်ပေ။ မိန်းကလေးများ အတွက်ဆို ပို၍ပင် အရေးကြီးပါသည်။ မိန်းကလေးတွေ၏ ချစ်သူအပေါ်ယုံကြည်မှု ကိုယ်စားမှုသည် တစ်ခါတစ်ခါ အဆိပ်ဖြစ်တတ်သည်။ ထို့ကြောင့် သမီးရည်းစားဘ၀တွင် မိန်းကလေး၏ စိတ်လွင့်မှု နှင့် ယောကျာင်္လေး၏ စိတ်လိုကြောင့် အမှောက်အမှားများဖြစ်တတ်သည်။ ထိုအခါနစ်နာရမည်သူမှာ မိန်းကလေးပါ။ လူယုတ်မာ သစ္စာမဲ့သူတစ်ဦးကြောင့် အချစ်ကိုယုံစားမိသော မိန်းကလေးသည် ဘ၀ပျက်နိုင်ပါသည်။အွန်လိုင်း (သညူငညန)တွင်လည်း ချစ်သူများ စိတ်မထိန်းနိုင် ၀ပ်ကမ်ပြ၍ အလွန်အကျွံဖြစ်ခဲ့သည်များလည်းရှိသည်။ မည်သို့ပင်ဖြစ်စေကာမူ အင်တာနက် နှင့် အပြင်လက်တွေ့ ဘ၀သည် အတူတူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူစိတ်ဓါတ်ကို မျက်ဝါးထင်ထင်တွေ့နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အင်တာနက် (သညူငညန)အွန်လိုင်းတွင်ရော အပြင်လောကတွင်ရော တတ်နိုင်သမျှ စိတ်ထိန်းရန် လိုအပ်ပါသည်။
ဒီနေရာမှာ‘‘ယောကျာင်္းကောင်းမောင်းမတစ်ထောင်‘‘ဆိုသည့်စကားပုံလေးကို ရှင်းပြချင်ပါသည်။ ယောင်္ကျားကောင်းဟာ မိန်းမတစ်ထောင်ယူရမှာ မဟုတ်ပါဘူး။ အမှန်က ယောင်္ကျားကောင်း ယောကျာင်္းမြတ်ဟာ အလုပ်လုပ်ရင် မိန်းမတွေအယောက်တစ်ထောင် အလုပ်လုပ်သည်နှင့်ညီသည်။ တနည်းဆိုရလျှင် ယောကျာင်္းကောင်း၊ ယောကျာင်္မြတ်သည် မိန်းမအယောက်တစ်ထောင်အား ရှာဖွေကျွေးမွေနိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုနိုင်သည်။ယောကျာင်္းကောင်းဟာ မိန်းမတစ်ထောင်ယူလို့ ရသည်ဟူသော လွဲမှားသည့် အတွေးအခေါ်မျိုး မ၀င်သင့်ပေ။ ထို့ကြောင့် မိန်းကလေးတွေ အနေဖြင့် မိမိရွေးချယ်ကြိုက်နှစ်သက်ရမည့်သူသည် ယောကျာင်္ကောင်း မောင်းမတစ်ထောင် ယောကျာင်္းမျိုး မဟုတ်ခဲ့ရင်တောင်မှ မိမိအပေါ်သစ္စာရှိရှိချစ်နေမည့် ချစ်သူဖြစ်သင့်သည်။မိမိချစ်သူသည် စာရိတ္တကောင်းမကောင်းသူ၊ ယုတ်မာရက်စက်သူ၊ ရာဇ၀တ်မကင်းသူ၊ နောက်ကြောင်းမရှင်းသူ၊ မလွတ်မလပ်သူ မဖြစ်ရန်လိုအပ်သည်။ ထို့ကြောင့် ချစ်သူဖြစ်ထိုက်၊ ရွေးထိုက်သော ချစ်သူ၏ ပဓာနဂုဏ်ရည်သည် မည်သည့် အရာဖြစ်သည်ကို စဉ်းစားသင့်သည်။ ရုပ်ရည်ရူပကာ၊ စည်စိမ်ဥစ္စာက အဓိကလား။စာရိတ္တကောင်းပြီး အရည်အချင်းရှိရမှာ အဓိကလားဆိုတာ စာဖတ်သူတို့ကိုယ်တိုင် ခွဲခြားစေချင်ပါသည်။
ထို့ကြောင့် စာဖတ်သူများ အနေဖြင့် အယောင်ဆောင် ချစ်သူကို ချစ်နေမည့် အစား တကယ့်အရည်အချင်းရှိသော သစ္စာရှိသော ချစ်သူများ ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

(မှတ်ချက်။ ။ ကျွန်တော့် ဘ၀အတွေ့အကြုံများထဲမှ အကျိုးရှိလိမ့်မည်ဟု ယူဆရသော ဖြစ်ရပ်များကို ထုတ်နုတ်ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။မိမိတတ်နိုင်သမျှ အကိုးအကားများကို ထည့်သွင်းရေးသားထားပါသည်။ ထို့ကြောင့် အရေးအသားထဲတွင် စာဖတ်သူတို့ မနှစ်သက်စရာ အကြောင်းအရာများလည်း ပါနိုင်သည်။ ထို့ကြောင့် အမှားပါကလည်း စေတနာ အမှားသာဖြစ်ကြောင်း နားလည်ခွင့်လွတ်စေချင်ပါသည်။)


အက္ခရာ(နေပြည်တော်)

No comments: